သူပိတ်ကန်ခဲ့တဲ့ ကာတစ်ဂျုံးစ်ထက်တောင် ဂိုးကန်သွင်းခွင့်နည်းပါးခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ မနေ့က ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက လီဗာပူးလ် အသင်းကို (၅)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အပြင် လူကြီးလူကောင်းမဆန်တဲ့ လုပ်ရပ်ကြောင့် ဝေဖန်မှုတွေလည်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆုဖလားတွေ နောက်ထပ်တကြိမ်ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်ဒို ကတော့ အသင်းနဲ့ အတူ ရလဒ်ဆိုးတွေကို ဖြတ်သန်းနေရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ရောက်ရောက်ချင်းအစမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်တွေကောင်းခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ အသင်းဟာ ရလဒ်တွေဆိုးရွားလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပါ ပျောက်ဆုံးလာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် နဲ့ အတူ ပရီးမီးယားလိဂ်မှာ ဗီလာ၊လက်စတာ၊လီဗာပူးလ် အသင်းတွေကို ရှုံးပွဲကြုံတွေ့ထားတာပါ။

ရော်နယ်ဒို ဟာ လီဗာပူးလ် အသင်းနဲ့ ပွဲမှာဆိုရင် ပြိုင်ဘက်ကစားသမား ကာတစ်ဂျုံးစ် ဆီကနေ ဘောလုံးလုမရခဲ့လို့ လှဲကျနေတဲ့ ကစားသမားဆီကနေ ဘောလုံးကို ပိတ်ကန်တဲ့ အထိ အရှက်ရဖွယ်လုပ်ရပ်ကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ရော်နယ်ဒို ဟာ ပြင်းပြင်း ထန်ထန်ဝေဖန်ခံနေရပြီး ကံကောင်းလို့ တိုက်ရိုက်အနီကတ်ပြသခြင်းမခံရဘဲ အဝါကတ်သာ ပြသခံခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ရော်နယ်ဒို ရဲ့ဒီအပြုအမူဟာ အနီကတ်ပြသခံရသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ရော်နယ်‌ဒို ဟာ ဒီပွဲမှာ တဂိုးသွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ရော်နယ်ဒို ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်သာရှိခဲ့တာဖြစ်ပြီး သူပိတ်ကန်ခဲ့တဲ့ ကာတစ်ဂျုံးစ် ကတောင် သူ့ထက် ဂိုးကန်သွင်းမှုပိုမိုများပြားခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် နည်းပြ ဆိုးလ်ရှား ရဲ့အနာဂတ်ကလည်း အသင်းမှာ မသေချာတော့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက ချယ်လ်ဆီး အသင်းနဲ့ (၈)မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ မေန႔က ကစားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းက လီဗာပူးလ္ အသင္းကို (၅)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ေျခစြမ္းျပနိုင္ဖို႔ ႐ုန္းကန္ခဲ့ရတဲ့ အျပင္ လူႀကီးလူေကာင္းမဆန္တဲ့ လုပ္ရပ္ေၾကာင့္ ေဝဖန္မႈေတြလည္းခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ ဂ်ဳဗင္တပ္စ္ ကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး ဆုဖလားေတြ ေနာက္ထပ္တႀကိမ္ျပန္လည္ရယူနိုင္ဖို႔ ပစ္မွတ္ထားေနတဲ့ ေရာ္နယ္ဒို ကေတာ့ အသင္းနဲ႔ အတူ ရလဒ္ဆိုးေတြကို ျဖတ္သန္းေနရတာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ေရာက္ေရာက္ခ်င္းအစမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ရလဒ္ေတြေကာင္းခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ အသင္းဟာ ရလဒ္ေတြဆိုးရြားလာခဲ့ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ နိုင္ပြဲပါ ေပ်ာက္ဆုံးလာခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ နဲ႔ အတူ ပရီးမီးယားလိဂ္မွာ ဗီလာ၊လက္စတာ၊လီဗာပူးလ္ အသင္းေတြကို ရႈံးပြဲၾကဳံေတြ႕ထားတာပါ။

ေရာ္နယ္ဒို ဟာ လီဗာပူးလ္ အသင္းနဲ႔ ပြဲမွာဆိုရင္ ၿပိဳင္ဘက္ကစားသမား ကာတစ္ဂ်ဳံးစ္ ဆီကေန ေဘာလုံးလုမရခဲ့လို႔ လွဲက်ေနတဲ့ ကစားသမားဆီကေန ေဘာလုံးကို ပိတ္ကန္တဲ့ အထိ အရွက္ရဖြယ္လုပ္ရပ္ကို ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီလုပ္ရပ္ေၾကာင့္ ေရာ္နယ္ဒို ဟာ ျပင္းျပင္း ထန္ထန္ေဝဖန္ခံေနရၿပီး ကံေကာင္းလို႔ တိုက္ရိုက္အနီကတ္ျပသျခင္းမခံရဘဲ အဝါကတ္သာ ျပသခံခဲ့ရတာျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ ေရာ္နယ္ဒို ရဲ့ဒီအျပဳအမူဟာ အနီကတ္ျပသခံရသင့္တယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္။

ေရာ္နယ္‌ဒို ဟာ ဒီပြဲမွာ တဂိုးသြင္းယူခဲ့ေပမယ့္ လူကၽြံေဘာအျဖစ္ သတ္မွတ္ခံခဲ့ရလို႔ နစ္နာခဲ့ရပါတယ္။ေရာ္နယ္ဒို ဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ(၁)ႀကိမ္သာရွိခဲ့တာျဖစ္ၿပီး သူပိတ္ကန္ခဲ့တဲ့ ကာတစ္ဂ်ဳံးစ္ ကေတာင္ သူ႔ထက္ ဂိုးကန္သြင္းမႈပိုမိုမ်ားျပားခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ နည္းၿပ ဆိုးလ္ရွား ရဲ့အနာဂတ္ကလည္း အသင္းမွာ မေသခ်ာေတာ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ အဆင့္(၇)ေနရာမွာ ရပ္တည္ေနၿပီး ထိပ္ဆုံးေနရာက ခ်ယ္လ္ဆီး အသင္းနဲ႔ (၈)မွတ္ကြာဟေနတာလည္းျဖစ္ပါတယ္။