ရလဒ်ဆိုးခဲ့လည်း ပရိသတ်တွေအတွက် သူလုပ်ရမယ့်အလုပ်ကို ဆက်လုပ်ပေးခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ကတော့ လီဗာပူးလ် အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့လို့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေရှိနေခဲ့ပေမယ့် ပရိသတ်တွေကို လတ်မှတ်ထိုးပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Sportbilbe က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲပဲ ကစားရသေးပေမယ့် ထိပ်ဆုံးက ချယ်လ်ဆီး အသင်းနဲ့ (၈)မှတ်ကွာဟနေခဲ့ပြီး အဆင့်(၇)နေရာမှာ ရပ်တည်နေတာပါ။

ဆိုးလ်ရှား အနေနဲ့လည်း ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခြင်းခံရတဲ့ အထိ ဖိအားတွေရှိနေခဲ့တာဖြစ်ပြီး သူ့ရဲ့နည်းပြအရည်အသွေးတွေ အပေါ်မှာ မေးခွန်းထုတ်ခံနေရတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား ဟာ ကွင်းထဲမှာ ရလဒ်ဆိုးတွေကြုံတွေ့ခဲ့ရပေမယ့် ကွင်းပြင်ကို ရောက်တဲ့ အချိန်မှာတော့ စိတ်နေသဘောထားကောင်းတဲ့ ပုံစံပြသခဲ့ပြီး ပရိသတ်တွေနဲ့ လတ်မှတ်ထိုး၊ဓါတ်ပုံရိုက်ဖို့ အချိန်ပေးခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား ကတော့ အသင်းရလဒ်ဆိုးခဲ့ပေမယ့် အရှုံးပေးမှာ မဟုတ်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်”ဒီကစားသမားတွေကို ဦးဆောင်ခဲ့သမျှမှာ ဒီနေ့က အမှောင်မိုက်ဆုံးနေ့ပါပဲ၊ ဒီပွဲအတွက် ကျွန်တော်က တာ၀န်အရှိဆုံးပါ၊ ပွဲကိုချဉ်းကပ်မယ့် နည်းလမ်းကို ကျွန်တော်ရွေးချယ်ခဲ့တာပါ၊ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ အားနည်းခဲ့ပြီး နေရာလွတ်တွေပေးခဲ့ရပါတယ်”

“ဒီလိုကစားသမားတွေနဲ့အတွေ့မှာတော့ ဒါက အသုံးချခံခဲ့ရတာပါပဲ။ အားလုံးစိတ်ပျက်နေမယ်ဆိုတာသိပေမယ့် ကျွန်တော်ကတော့ အရှုံးမပေးဘဲ ဆက်သွားမှာပါ၊ မနက်ဖြန်မှာ ဘာလုပ်ရမလဲဆိုတာတောင်မှ ကျွန်တော်တွေးနေပါပြီ”လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရလဒ်တွေပြန်ကောင်းနိုင်ဖို့ လိုအပ်နေပြီး အခုအပတ်မှာ စပါး အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အတ္တလန်တာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွား ကေတာ့ လီဗာပူးလ္ အသင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့လို႔ နည္းျပရာထူးကေန ထုတ္ပယ္ခံရဖို႔ ဖိအားေတြရွိေနခဲ့ေပမယ့္ ပရိသတ္ေတြကို လတ္မွတ္ထိုးေပးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ Sportbilbe က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လီဗာပူးလ္ အသင္းကို (၅)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္(၉)ပြဲပဲ ကစားရေသးေပမယ့္ ထိပ္ဆုံးက ခ်ယ္လ္ဆီး အသင္းနဲ႔ (၈)မွတ္ကြာဟေနခဲ့ၿပီး အဆင့္(၇)ေနရာမွာ ရပ္တည္ေနတာပါ။

ဆိုးလ္ရွား အေနနဲ႔လည္း ဒီလိုရလဒ္ဆိုးေတြေၾကာင့္ နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုျခင္းခံရတဲ့ အထိ ဖိအားေတြရွိေနခဲ့တာျဖစ္ၿပီး သူ႔ရဲ့နည္းျပအရည္အေသြးေတြ အေပၚမွာ ေမးခြန္းထုတ္ခံေနရတာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား ဟာ ကြင္းထဲမွာ ရလဒ္ဆိုးေတြၾကဳံေတြ႕ခဲ့ရေပမယ့္ ကြင္းျပင္ကို ေရာက္တဲ့ အခ်ိန္မွာေတာ့ စိတ္ေနသေဘာထားေကာင္းတဲ့ ပုံစံျပသခဲ့ၿပီး ပရိသတ္ေတြနဲ႔ လတ္မွတ္ထိုး၊ဓါတ္ပုံရိုက္ဖို႔ အခ်ိန္ေပးခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွား ကေတာ့ အသင္းရလဒ္ဆိုးခဲ့ေပမယ့္ အရႈံးေပးမွာ မဟုတ္ဘူးလို႔ ဆိုခဲ့တာျဖစ္ပါတယ္”ဒီကစားသမားေတြကို ဦးေဆာင္ခဲ့သမၽွမွာ ဒီေန႔က အေမွာင္မိုက္ဆုံးေန႔ပါပဲ၊ ဒီပြဲအတြက္ ကၽြန္ေတာ္က တာ၀န္အရွိဆုံးပါ၊ ပြဲကိုခ်ဥ္းကပ္မယ့္ နည္းလမ္းကို ကၽြန္ေတာ္ေရြးခ်ယ္ခဲ့တာပါ၊ တစ္ဦးခ်င္းေရာ၊ အသင္းလိုက္ပါ အားနည္းခဲ့ၿပီး ေနရာလြတ္ေတြေပးခဲ့ရပါတယ္”

“ဒီလိုကစားသမားေတြနဲ႔အေတြ႕မွာေတာ့ ဒါက အသုံးခ်ခံခဲ့ရတာပါပဲ။ အားလုံးစိတ္ပ်က္ေနမယ္ဆိုတာသိေပမယ့္ ကၽြန္ေတာ္ကေတာ့ အရႈံးမေပးဘဲ ဆက္သြားမွာပါ၊ မနက္ျဖန္မွာ ဘာလုပ္ရမလဲဆိုတာေတာင္မွ ကၽြန္ေတာ္ေတြးေနပါၿပီ”လို႔ ဆိုထားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းအေနနဲ႔ ရလဒ္ေတြျပန္ေကာင္းနိုင္ဖို႔ လိုအပ္ေနၿပီး အခုအပတ္မွာ စပါး အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ရမွာပါ။ဒီပြဲၿပီးရင္ေတာ့ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အတၱလန္တာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။