ဆိုးလ်ရှား အပေါ်မှာ အယုံအကြည်လုံးဝမရှိတော့တဲ့ ယူနိုက်တက်ကစားသမားများ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကစားသမားအချို့ဟာ အသင်းရဲ့ရလဒ်ပိုင်းတွေ ဆက်တိုက်ဆိုသလို ဆိုးရွားနေတာကြောင့် ကလပ်ရဲ့စီမံခန့်ခွဲမှုနဲ့ နည်းပြအဖွဲ့ဝင်တွေ အပေါ်မှာ ယုံကြည်မှုလျော့နည်းနေတယ်လို့ ဂိုးလ်ကွန်းက ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အိမ်ကွင်းမှာ လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆိုးလ်ရှားဟာ ဖိအားတွေအများအပြားနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားထားတဲ့ လိဂ်ပွဲ(၄)ပွဲမှာ (၁)မှတ်သာ ရရှိခဲ့တာပါ။

အဲ့ဒါကြောင့် အသင်းဟာ ထိပ်ဆုံးနေရာက ချယ်လ်ဆီး အသင်းနဲ့ (၈)မှတ်အကွာ အမှတ်ပေးဇယား အဆင့်(၇)နေရာကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဆိုးလ်ရှားကတော့ အသင်းရဲ့နှစ်သက်မှုကို ဆက်လက်ရရှိနေဆဲဖြစ်ပေမယ့် ကစားသမားတွေကတော့ အသင်းကို အမှတ်ပေးဇယား ထိပ်ပိုင်းရောက်အောင် မလုပ်နိုင်တဲ့ နည်းပြ နဲ့ သူအဖွဲ့ဝင်တွေရဲ့စွမ်းဆောင်ရည်အပေါ် စိုးရိမ်နေတာဖြစ်ပါတယ်။

ဆိုးလ်ရှား ဟာ ယူနိုက်တက် အသင်းကို ကိုင်တွယ်တာ (၃)နှစ်နီးပါးရှိပြီဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကို အမြဲတမ်းမေးခွန်းထုတ်ခံခဲ့ရပေမယ့် အသင်းကတော့ သူ့အပေါ် အမြဲတမ်းအကာအကွယ်ပေးခဲ့တာပါ။ဒါပေမယ့် ရလဒ်ဆိုးတွေနဲ့ပဲ ဆက်သွားနေတာကြောင့် နော်ဝေးလူမျိုးနည်းပြအပေါ်မှာ ဖိအားတွေပိုတိုးလာခဲ့တာဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ (၁၀)ရက်က လက်စတာ အသင်းကို အရေးနိမ့်ပြီးထဲက အသင်းဟာ အဝတ်လဲခန်းထဲမှာ အရင်လို တက်ကြွမှုမရှိတော့တာလည်းဖြစ်ပါတယ်။ယူနိုက်တက် အသင်းဟာ အတ္တလန္တာ အသင်းကို အရှုံးကနေ အနိုင်ရအောင် စွမ်းဆောင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ယုံကြည်မှုတွေဟာ လျော့နည်းလာတာပါ။

လီဗာပူးလ် ကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဆိုးလ်ရှား ရဲ့နည်းစနစ်အပေါ်မှာ အယုံအကြည်မရှိမှုတွေဟာ ပိုတိုးလာခဲ့တာဖြစ်ပါတယ်။ဒီပွဲရှုံးအပြီးမှာ ကစားသမားအချို့က အသင်းရဲ့စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုခဲ့ကြပါတယ်။လုပ်ခ်ရှော က “ဒီပွဲဟာ လုံလောက်မှုမရှိခဲ့ပါဘူး။ဒီအားကစားနည်းက အသင်းလိုက်ကစားရတဲ့ ကစားနည်းဆိုတာ ကျွန်တော်သိပါတယ်”

“ဒီနေ့ပွဲက စွမ်းဆောင်ရည်အချို့ကိုတော့ တဦးချင်းအနေနဲ့ တာဝန်ယူဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါကြောင့် အခုဒီကို ရောက်နေတာပါ။ကျွန်တော်ဟာ စကားမပြောဘဲ အဝတ်လဲခန်းမှာ ပုန်းနေတာမျိုးမလုပ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြရာထူးကို ရယူဖို့ ချယ်လ်ဆီး အသင်းနည်းပြဟောင်း ကွန်တီ က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ကစားသမားအခ်ိဳ႕ဟာ အသင္းရဲ့ရလဒ္ပိုင္းေတြ ဆက္တိုက္ဆိုသလို ဆိုးရြားေနတာေၾကာင့္ ကလပ္ရဲ့စီမံခန႔္ခြဲမႈနဲ႔ နည္းျပအဖြဲ႕ဝင္ေတြ အေပၚမွာ ယုံၾကည္မႈေလ်ာ့နည္းေနတယ္လို႔ ဂိုးလ္ကြန္းက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အိမ္ကြင္းမွာ လီဗာပူးလ္ အသင္းကို (၅)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ နည္းၿပ ဆိုးလ္ရွားဟာ ဖိအားေတြအမ်ားအျပားနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။ယူနိုက္တက္ အသင္းဟာ ဒီရႈံးပြဲေၾကာင့္ ေနာက္ဆုံးကစားထားတဲ့ လိဂ္ပြဲ(၄)ပြဲမွာ (၁)မွတ္သာ ရရွိခဲ့တာပါ။

အဲ့ဒါေၾကာင့္ အသင္းဟာ ထိပ္ဆုံးေနရာက ခ်ယ္လ္ဆီး အသင္းနဲ႔ (၈)မွတ္အကြာ အမွတ္ေပးဇယား အဆင့္(၇)ေနရာကို ေရာက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ဆိုးလ္ရွားကေတာ့ အသင္းရဲ့ႏွစ္သက္မႈကို ဆက္လက္ရရွိေနဆဲျဖစ္ေပမယ့္ ကစားသမားေတြကေတာ့ အသင္းကို အမွတ္ေပးဇယား ထိပ္ပိုင္းေရာက္ေအာင္ မလုပ္နိုင္တဲ့ နည္းၿပ နဲ႔ သူအဖြဲ႕ဝင္ေတြရဲ့စြမ္းေဆာင္ရည္အေပၚ စိုးရိမ္ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွား ဟာ ယူနိုက္တက္ အသင္းကို ကိုင္တြယ္တာ (၃)ႏွစ္နီးပါးရွိၿပီျဖစ္ၿပီး သူ႔ရဲ့စြမ္းေဆာင္ရည္ပိုင္းကို အျမဲတမ္းေမးခြန္းထုတ္ခံခဲ့ရေပမယ့္ အသင္းကေတာ့ သူ႔အေပၚ အျမဲတမ္းအကာအကြယ္ေပးခဲ့တာပါ။ဒါေပမယ့္ ရလဒ္ဆိုးေတြနဲ႔ပဲ ဆက္သြားေနတာေၾကာင့္ ေနာ္ေဝးလူမ်ိဳးနည္းျပအေပၚမွာ ဖိအားေတြပိုတိုးလာခဲ့တာျဖစ္ပါတယ္။

သတင္းရင္းျမစ္ေတြရဲ့ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲ့ (၁၀)ရက္က လက္စတာ အသင္းကို အေရးနိမ့္ၿပီးထဲက အသင္းဟာ အဝတ္လဲခန္းထဲမွာ အရင္လို တက္ႂကြမႈမရွိေတာ့တာလည္းျဖစ္ပါတယ္။ယူနိုက္တက္ အသင္းဟာ အတၱလႏၲာ အသင္းကို အရႈံးကေန အနိုင္ရေအာင္ စြမ္းေဆာင္ခဲ့ေပမယ့္ ကစားသမားေတြရဲ့ယုံၾကည္မႈေတြဟာ ေလ်ာ့နည္းလာတာပါ။

လီဗာပူးလ္ ကို ဂိုးျပတ္အေရးနိမ့္ၿပီးေနာက္ ဆိုးလ္ရွား ရဲ့နည္းစနစ္အေပၚမွာ အယုံအၾကည္မရွိမႈေတြဟာ ပိုတိုးလာခဲ့တာျဖစ္ပါတယ္။ဒီပြဲရႈံးအၿပီးမွာ ကစားသမားအခ်ိဳ႕က အသင္းရဲ့စြမ္းေဆာင္ရည္ဟာ လက္ခံနိုင္စရာမရွိဘူးလို႔ ေျပာဆိုခဲ့ၾကပါတယ္။လုပ္ခ္ေရွာ က “ဒီပြဲဟာ လုံေလာက္မႈမရွိခဲ့ပါဘူး။ဒီအားကစားနည္းက အသင္းလိုက္ကစားရတဲ့ ကစားနည္းဆိုတာ ကၽြန္ေတာ္သိပါတယ္”

“ဒီေန႔ပြဲက စြမ္းေဆာင္ရည္အခ်ိဳ႕ကိုေတာ့ တဦးခ်င္းအေနနဲ႔ တာဝန္ယူဖို႔ လိုတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ဒါေၾကာင့္ အခုဒီကို ေရာက္ေနတာပါ။ကၽြန္ေတာ္ဟာ စကားမေျပာဘဲ အဝတ္လဲခန္းမွာ ပုန္းေနတာမ်ိဳးမလုပ္ပါဘူး”လို႔ ဆိုခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့နည္းျပရာထူးကို ရယူဖို႔ ခ်ယ္လ္ဆီး အသင္းနည္းျပေဟာင္း ကြန္တီ က စိတ္ဝင္စားေနတာျဖစ္ပါတယ္။