ကွန်တီ ကို နည်းပြအဖြစ်ခန့်ချင်ပေမယ့် မော်ရင်ဟိုနဲ့ ပုံစံတူနေတာကြောင့် စိုးရိမ်နေတဲ့ ယူနိုက်တက်

ကွန်တီ ရဲ့စီမံခန့်ခွဲမှုပုံစံဟာ မော်ရင်ဟိုနဲ့ ပုံစံချင်းဆင်တူနေတာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအကြီးအကဲတွေက စိုးရိမ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။အင်တာ အသင်းကနေ ထွက်ခွာပြီးထဲက အသင်းလက်မဲ့ဖြစ်နေတဲ့ ကွန်တီ ဟာ မန်ချက်စတာယူနိုက်တက် ကို နည်းပြအဖြစ်ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် အသင်းအကြီးအကဲတွေဟာ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ဆိုးလ်ရှား ကတော့ အသင်းမှာ ဆက်ရှိချင်တယ်လို့ ဒီပွဲအပြီးမှာ ပြောထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ကစား သမားအချို့ကတော့ ဆိုးလ်ရှား ရဲ့နည်းစနစ်ပိုင်းနဲ့ ကစားသမားရွေးချယ်မှုအပိုင်းကို စိတ်ပျက်နေကြပြီး သူ့အပေါ်မှာ ယုံကြည်မှုတွေလျော့နည်းလာခဲ့တာဖြစ်ပါတယ်။ကွန်တီ ကတော့ ဆိုးလ်ရှား ရဲ့နည်းပြရာထူးကို ရယူဖို့ ရေပန်းစားနေတာပါ။

ဒါပေမယ့် တယ်လီဂရပ် ရဲ့ဖော်ပြချက်အရ အသင်းအကြီးအကဲတွေက ကွန်တီရဲ့စီမံခန့်ခွဲမှုပုံစံဟာ မော်ရင်ဟိုနဲ့ အလွန်ဆင်တူနေတဲ့ အပေါ်မှာ စိုးရိမ်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ဆိုးလ်ရှား ဟာ (၂၀၁၈) ဒီဇင်ဘာက မော်ရင်ဟို ကို ထုတ်ပယ်ပြီး သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘုတ်အဖွဲ့ရဲ့ရွေးချယ်မှုကိုခံထားရတာဖြစ်ပါတယ်။

မော်ရင်ဟို ဟာ အိုးထရက်ဖိုဒ့်ကနေ မထွက်ခွာခင် အချိန်မှာ ကစားသမားအချို့ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရကာ သူ့ရဲ့အဝတ်လဲခန်းမှာ ချဉ်းကပ်တဲ့ ပုံစံတွေကြောင့် အသင်းဟာ နိုင်ပွဲတွေပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ကွန်တီဟာလည်း ချယ်လ်ဆီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒုတိယရာသီမှာ သူ့ရဲ့သဘောထားတင်းမာတဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး ကစားသမားအများအပြားက စိတ်ပျက်ခဲ့ကြတာဖြစ်ပါတယ်။ကွန်တီ ဟာ သူ့ရဲ့နောက်ဆုံးရာသီမှာ အသင်းဟာ အပြောင်း အရွှေ့ဈေးကွက်အတွင်း ရည်မှန်းချက်တွေ ပျောက်ဆုံးနေတယ်လို့ ဝေဖန်ခဲ့တာပါ။

ကွန်တီ ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန် အသင်းကို စီးရီးအေဖလားရအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် အသင်းရဲ့အကြီးအကဲတွေ အပေါ်မှာ သူ့ရဲ့စိတ်ပျက်မှုကို လူသိရှင်ကြားပြသခဲ့တုာလည်းဖြစ်ပါတယ်။ကွန်တီ ဟာ အသင်းရဲ့အပြောင်းအရွှေ့ဗျုဟာတွေ၊အသင်းရဲ့လမ်းညွှန်မှုတွေနဲ့ ပတ်သက်ပြီး ကလပ်ဘုတ်အဖွဲ့နဲ့ အဓိက ကွာခြားချက်ကြောင့် ဆုဖလားရပြီး (၃)ပတ်အကြာမှာပဲ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

Zawgyi

ကြန္တီ ရဲ့စီမံခန႔္ခြဲမႈပုံစံဟာ ေမာ္ရင္ဟိုနဲ႔ ပုံစံခ်င္းဆင္တူေနတာေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းအႀကီးအကဲေတြက စိုးရိမ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။အင္တာ အသင္းကေန ထြက္ခြာၿပီးထဲက အသင္းလက္မဲ့ျဖစ္ေနတဲ့ ကြန္တီ ဟာ မန္ခ်က္စတာယူနိုက္တက္ ကို နည္းျပအျဖစ္ကိုင္တြယ္ဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လီဗာပူးလ္ အသင္းကို (၅)ဂိုးျပတ္နဲ႔ အေရးနိမ့္ၿပီးေနာက္ အသင္းအႀကီးအကဲေတြဟာ ဆိုးလ္ရွားကို နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။ဆိုးလ္ရွား ကေတာ့ အသင္းမွာ ဆက္ရွိခ်င္တယ္လို႔ ဒီပြဲအၿပီးမွာ ေျပာထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္း ကစား သမားအခ်ိဳ႕ကေတာ့ ဆိုးလ္ရွား ရဲ့နည္းစနစ္ပိုင္းနဲ႔ ကစားသမားေရြးခ်ယ္မႈအပိုင္းကို စိတ္ပ်က္ေနၾကၿပီး သူ႔အေပၚမွာ ယုံၾကည္မႈေတြေလ်ာ့နည္းလာခဲ့တာျဖစ္ပါတယ္။ကြန္တီ ကေတာ့ ဆိုးလ္ရွား ရဲ့နည္းျပရာထူးကို ရယူဖို႔ ေရပန္းစားေနတာပါ။

ဒါေပမယ့္ တယ္လီဂရပ္ ရဲ့ေဖာ္ျပခ်က္အရ အသင္းအႀကီးအကဲေတြက ကြန္တီရဲ့စီမံခန႔္ခြဲမႈပုံစံဟာ ေမာ္ရင္ဟိုနဲ႔ အလြန္ဆင္တူေနတဲ့ အေပၚမွာ စိုးရိမ္ေနတာျဖစ္တယ္လို႔ ဆိုထားပါတယ္။ဆိုးလ္ရွား ဟာ (၂၀၁၈) ဒီဇင္ဘာက ေမာ္ရင္ဟို ကို ထုတ္ပယ္ၿပီး သူ႔ရဲ့ေနရာမွာ အစားထိုးဖို႔အတြက္ ဘုတ္အဖြဲ႕ရဲ့ေရြးခ်ယ္မႈကိုခံထားရတာျဖစ္ပါတယ္။

ေမာ္ရင္ဟို ဟာ အိုးထရက္ဖိုဒ့္ကေန မထြက္ခြာခင္ အခ်ိန္မွာ ကစားသမားအခ်ိဳ႕ကို ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြခံခဲ့ရကာ သူ႔ရဲ့အဝတ္လဲခန္းမွာ ခ်ဥ္းကပ္တဲ့ ပုံစံေတြေၾကာင့္ အသင္းဟာ နိုင္ပြဲေတြေပ်ာက္ဆုံးခဲ့တာျဖစ္ပါတယ္။

ကြန္တီဟာလည္း ခ်ယ္လ္ဆီး အသင္းကို ကိုင္တြယ္ခဲ့တဲ့ ဒုတိယရာသီမွာ သူ႔ရဲ့သေဘာထားတင္းမာတဲ့ နည္းစနစ္ေတြနဲ႔ ပတ္သက္ၿပီး ကစားသမားအမ်ားအျပားက စိတ္ပ်က္ခဲ့ၾကတာျဖစ္ပါတယ္။ကြန္တီ ဟာ သူ႔ရဲ့ေနာက္ဆုံးရာသီမွာ အသင္းဟာ အေျပာင္း အေရႊ႕ေဈးကြက္အတြင္း ရည္မွန္းခ်က္ေတြ ေပ်ာက္ဆုံးေနတယ္လို႔ ေဝဖန္ခဲ့တာပါ။

ကြန္တီ ဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္ အသင္းကို စီးရီးေအဖလားရေအာင္ ေဆာင္ရြက္နိုင္ခဲ့ေပမယ့္ အသင္းရဲ့အႀကီးအကဲေတြ အေပၚမွာ သူ႔ရဲ့စိတ္ပ်က္မႈကို လူသိရွင္ၾကားျပသခဲ့တုာလည္းျဖစ္ပါတယ္။ကြန္တီ ဟာ အသင္းရဲ့အေျပာင္းအေရႊ႕ဗ်ဳဟာေတြ၊အသင္းရဲ့လမ္းညႊန္မႈေတြနဲ႔ ပတ္သက္ၿပီး ကလပ္ဘုတ္အဖြဲ႕နဲ႔ အဓိက ကြာျခားခ်က္ေၾကာင့္ ဆုဖလားရၿပီး (၃)ပတ္အၾကာမွာပဲ ထြက္ခြာခဲ့တာျဖစ္ပါတယ္။