တဦးနဲ့ တဦးဘောလုံးပေးပို့မှုမပြုလုပ်တဲ့ အထိ ပြသနာရှိနေကြတဲ့ ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်

ရော်နယ်ဒို နဲ့ ဂရင်းဝုဒ် တို့ဟာ ပွဲတွေအတွင်းမှာ နားလည်မှုအားနည်းနေပြီး တဦးနဲ့ တဦး ဘောလုံးပေးပို့မှု မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ပြီးနောက် ဆိုးလ်ရှားရဲ့အုပ်ချုပ်မှုဆိုင်ရာ အချက်အလက်တွေစတင်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အောင်မြင်မှုတွေရရှိဖို့ ပြန်လာခဲ့ပေမယ့် အသင်းရဲ့ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့နေခဲ့ရတာပါ။

လက်ရှိအချိန်မှာ ရော်နယ်ဒို နဲ့ ဂရင်းဝုဒ်တို့ကြားမှာ ပြသနာရှိနေတယ်လို့တောင် ယူဆနေရပြီး ဆိုးလ်ရှားဟာ သူတို့(၂)ဦးကို ယုံကြည်စိတ်ချစွာ ချိတ်ဆက်ဖို့တောင် ခက်ခဲနေတယ်လို့ ယူနိုက်တက် သတင်းရင်းမြစ်တွေက ယုံကြည်နေတာဖြစ်ပါတယ်။

အသင်းဖော်တွေဟာ သူတို့(၂)ဦးအဆင်မပြေဖြစ်နေတဲ့ ပုံကိုသတိထားမိပြီး ရော်နယ်ဒို ဟာ ဂရင်းဝုဒ်ရဲ့ဆုံးဖြတ်ချက်တွေကို ပိုပိုပြီး စိတ်ပျက်လာနေတာဖြစ်ပါတယ်။ဂရင်းဝုဒ် ဟာ မယုံကြည်နိုင်လောက်အောင် အဆုံးသတ်ပိုင်း ကောင်းမွန်တဲ့သူလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ် ဟာ အသင်းအတွက် ဂိုးတွေသွင်းယူခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ဘောလုံးပေးပို့ခြင်းမရှိဘဲ ဂိုးပေါက်ထဲကို တိုက်ရိုက်ကန်သွင်းနေတဲ့ အပေါ်မှာ ရော်နယ်ဒို က စိတ်ပျက်နေတာပါ။ဒါဟာ ဆိုးလ်ရှား အတွက် ကစားသမားတွေနဲ့ ပတ်သက်ပြီး တခုတည်းသောပြသနာမဟုတ်ဘူးလို့လည်းဆိုပါတယ်။

အသင်းရဲ့စီနီယာကစားသမားတွေဟာ ဆိုးလ်ရှားနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဆီကနေ နည်းဗျုဟာပိုင်းအရ ပိုမိုလမ်းညွှန်မှုပြုလုပ်ဖို့ လိုအပ်တယ်ဆိုတာကို ယုံကြည်နေကြပါတယ်။သတင်းရင်းမြစ်တွေအရ ဆိုးလ်ရှားဟာ သူအနှစ်သက်ဆုံးကစားသမားတွေအပေါ် အလွန်အမင်းအားကိုးနေတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် လင်ဂတ်၊ဗန်ဒီဘိခ်နဲ့ မာတစ် တို့ဟာ စိတ်ပျက်နေကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ဆိုးလ်ရှား ဟာလည်း အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်နေတာပါ။

ယူနိုက်တက် အသင်းနည်းပြရာထူးကို ကွန်တီ က ရယူနိုင်ဖို့ ရေပန်းစားနေပေမယ့် အသင်းဘုတ်အဖွဲ့ကတော့ ဆိုးလ်ရှားကိုသာ စပါးနဲ့ ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်စေချင်နေကြောင်း သိရပါတယ်။

Zawgyi

ေရာ္နယ္ဒို နဲ႔ ဂရင္းဝုဒ္ တို႔ဟာ ပြဲေတြအတြင္းမွာ နားလည္မႈအားနည္းေနၿပီး တဦးနဲ႔ တဦး ေဘာလုံးေပးပို႔မႈ မရွိဘူးလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။လီဗာပူးလ္ အသင္းကို (၅)ဂိုးျပတ္နဲ႔ အေရးနိမ့္ၿပီးေနာက္ ဆိုးလ္ရွားရဲ့အုပ္ခ်ဳပ္မႈဆိုင္ရာ အခ်က္အလက္ေတြစတင္ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဂ်ဳဗင္တပ္စ္ ကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ေအာင္ျမင္မႈေတြရရွိဖို႔ ျပန္လာခဲ့ေပမယ့္ အသင္းရဲ့ရလဒ္ဆိုးေတြနဲ႔သာ ၾကဳံေတြ႕ေနခဲ့ရတာပါ။

လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒို နဲ႔ ဂရင္းဝုဒ္တို႔ၾကားမွာ ျပသနာရွိေနတယ္လို႔ေတာင္ ယူဆေနရၿပီး ဆိုးလ္ရွားဟာ သူတို႔(၂)ဦးကို ယုံၾကည္စိတ္ခ်စြာ ခ်ိတ္ဆက္ဖို႔ေတာင္ ခက္ခဲေနတယ္လို႔ ယူနိုက္တက္ သတင္းရင္းျမစ္ေတြက ယုံၾကည္ေနတာျဖစ္ပါတယ္။

အသင္းေဖာ္ေတြဟာ သူတို႔(၂)ဦးအဆင္မေျပျဖစ္ေနတဲ့ ပုံကိုသတိထားမိၿပီး ေရာ္နယ္ဒို ဟာ ဂရင္းဝုဒ္ရဲ့ဆုံးျဖတ္ခ်က္ေတြကို ပိုပိုၿပီး စိတ္ပ်က္လာေနတာျဖစ္ပါတယ္။ဂရင္းဝုဒ္ ဟာ မယုံၾကည္နိုင္ေလာက္ေအာင္ အဆုံးသတ္ပိုင္း ေကာင္းမြန္တဲ့သူလည္းျဖစ္ပါတယ္။

ဂရင္းဝုဒ္ ဟာ အသင္းအတြက္ ဂိုးေတြသြင္းယူခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာ ေဘာလုံးေပးပို႔ျခင္းမရွိဘဲ ဂိုးေပါက္ထဲကို တိုက္ရိုက္ကန္သြင္းေနတဲ့ အေပၚမွာ ေရာ္နယ္ဒို က စိတ္ပ်က္ေနတာပါ။ဒါဟာ ဆိုးလ္ရွား အတြက္ ကစားသမားေတြနဲ႔ ပတ္သက္ၿပီး တခုတည္းေသာျပသနာမဟုတ္ဘူးလို႔လည္းဆိုပါတယ္။

အသင္းရဲ့စီနီယာကစားသမားေတြဟာ ဆိုးလ္ရွားနဲ႔ သူ႔ရဲ့နည္းျပအဖြဲ႕ဝင္ေတြဆီကေန နည္းဗ်ဳဟာပိုင္းအရ ပိုမိုလမ္းညႊန္မႈျပဳလုပ္ဖို႔ လိုအပ္တယ္ဆိုတာကို ယုံၾကည္ေနၾကပါတယ္။သတင္းရင္းျမစ္ေတြအရ ဆိုးလ္ရွားဟာ သူအႏွစ္သက္ဆုံးကစားသမားေတြအေပၚ အလြန္အမင္းအားကိုးေနတယ္လို႔ ဆိုပါတယ္။

အဲ့ဒါေၾကာင့္ လင္ဂတ္၊ဗန္ဒီဘိခ္နဲ႔ မာတစ္ တို႔ဟာ စိတ္ပ်က္ေနၾကတယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။ဆိုးလ္ရွား ဟာလည္း အသင္းရဲ့ရလဒ္ဆိုးေတြေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံရေတာ့မယ္လို႔ သတင္းေတြထြက္ေနတာပါ။

ယူနိုက္တက္ အသင္းနည္းျပရာထူးကို ကြန္တီ က ရယူနိုင္ဖို႔ ေရပန္းစားေနေပမယ့္ အသင္းဘုတ္အဖြဲ႕ကေတာ့ ဆိုးလ္ရွားကိုသာ စပါးနဲ႔ ပြဲစဥ္ကို ဆက္လက္ကိုင္တြယ္ေစခ်င္ေနေၾကာင္း သိရပါတယ္။