မန်စီးတီး ကို ရှုံးပြီးတည်းက အရှုံးဆိုတာဘာမှန်းမသိတော့တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဒီမနက်ပိုင်းက ကာရာဘောင်းဖလား (၁၆)သင်းအဆင့် ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ဘက် လိဒ်စ် အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများကြီး ပြုလုပ်ခဲ့တာဖြစ်ပြီး ဂိုးသမားအဖြစ် လီနို က တာဝန်ယူခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ် အတွက် ဂိုးတွေကို ချိန်ဘာစ်နဲ့ အန်ကိတ်တီယာ တို့က သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ရာသီအစပိုင်းက ရလဒ်တွေဆိုးရွားခဲ့ပေမယ့် အခုနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေပြန်လည်ကောင်းမွန်လာခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်တဲ့ မန်စီးတီး အသင်းကို အရေးနိမ့်ပြီးနောက်ပိုင်း ရှုံးပွဲမကြုံတွေ့ရတော့တာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ မန်စီးတီး နဲ့ ပွဲအပြီး ကစားခဲ့တဲ့ (၈)ပွဲမှာ (၆)ပွဲနိုင် (၂)ပွဲသရေကျခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းနည်းပြ အာတီတာ ကတော့ ဒီပွဲမှာ ဂိုးသွင်းခဲ့တဲ့ အန်ကိတ်တီယာ ဟာ ကလပ်မှာ အနာဂတ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာ က “သူက ထိပ်တန်းကစားသမားဖြစ်ဖို့ နဲ့ အာဆင်နယ်မှာ ဆက်ရှိမယ်ဆိုတာ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။သူ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။သူက ကျွန်တော်တို့ရဲ့ကစားသမားပါ။ကျွန်တော်ကတော့ သူ့ကို သဘောကျပြီး ဒီမှာပဲ ဆက်ရှိချင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ (၁၉၉၃) နောက်ပိုင်း ပထမဆုံးအကြိမ် ကာရာဘောင်းဖလားကို ရယူနိုင်ဖို့ စိတ်အားထက်သန်နေတာလည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ ကွာတားဖိုင်နယ် ကို ရောက်ရှိသွားပြီဖြစ်ပြီး စနေနေ့မှာ မဲခွဲအပြီးမှ ပြိုင်ဘက်ကို သိရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာ အသင်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္းဟာ ဒီမနက္ပိုင္းက ကာရာေဘာင္းဖလား (၁၆)သင္းအဆင့္ ပြဲစဥ္အျဖစ္ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ လိဒ္စ္ အသင္းနဲ႔ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး ကြာတားဖိုင္နယ္ အဆင့္ကိုတက္ေရာက္သြားၿပီျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီပြဲမွာ ပြဲထြက္လူစာရင္းကို အေျပာင္းအလဲအမ်ားႀကီး ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဂိုးသမားအျဖစ္ လီနို က တာဝန္ယူခဲ့တာလည္းျဖစ္ပါတယ္။အာဆင္နယ္ အတြက္ ဂိုးေတြကို ခ်ိန္ဘာစ္နဲ႔ အန္ကိတ္တီယာ တို႔က သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ရာသီအစပိုင္းက ရလဒ္ေတြဆိုးရြားခဲ့ေပမယ့္ အခုေနာက္ပိုင္း ကစားခဲ့တဲ့ ပြဲေတြမွာ ရလဒ္ေတြျပန္လည္ေကာင္းမြန္လာခဲ့တာလည္းျဖစ္ပါတယ္။အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ျဖစ္တဲ့ မန္စီးတီး အသင္းကို အေရးနိမ့္ၿပီးေနာက္ပိုင္း ရႈံးပြဲမၾကဳံေတြ႕ရေတာ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ မန္စီးတီး နဲ႔ ပြဲအၿပီး ကစားခဲ့တဲ့ (၈)ပြဲမွာ (၆)ပြဲနိုင္ (၂)ပြဲသေရက်ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ရလဒ္ေတြကို ပိုင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။အာဆင္နယ္ အသင္းနည္းၿပ အာတီတာ ကေတာ့ ဒီပြဲမွာ ဂိုးသြင္းခဲ့တဲ့ အန္ကိတ္တီယာ ဟာ ကလပ္မွာ အနာဂတ္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။

အာတီတာ က “သူက ထိပ္တန္းကစားသမားျဖစ္ဖို႔ နဲ႔ အာဆင္နယ္မွာ ဆက္ရွိမယ္ဆိုတာ ကၽြန္ေတာ္အျပည့္အဝယုံၾကည္ပါတယ္။သူ႔အတြက္ ကၽြန္ေတာ္ဝမ္းသာပါတယ္။သူက ကၽြန္ေတာ္တို႔ရဲ့ကစားသမားပါ။ကၽြန္ေတာ္ကေတာ့ သူ႔ကို သေဘာက်ၿပီး ဒီမွာပဲ ဆက္ရွိခ်င္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ (၁၉၉၃) ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကာရာေဘာင္းဖလားကို ရယူနိုင္ဖို႔ စိတ္အားထက္သန္ေနတာလည္းျဖစ္ပါတယ္။အာဆင္နယ္ အသင္းဟာ လက္ရွိအခ်ိန္မွာ ကြာတားဖိုင္နယ္ ကို ေရာက္ရွိသြားၿပီျဖစ္ၿပီး စေနေန႔မွာ မဲခြဲအၿပီးမွ ၿပိဳင္ဘက္ကို သိရမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီတပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လက္စတာ အသင္း အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ရႈံးပြဲမရွိစံခ်ိန္ကို ဆက္ထိန္းနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။