သမီးရဲ့ခြေမကို စုပ်နေတဲ့ ဗီဒီယိုဖိုင်ကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ပေါလ်စခိုးလ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ် ရဲ့အသက်(၂၀)အရွယ်ရှိ သမီးဖြစ်သူကတော့ သူမရဲ့ခြေမကို ဖခင်ဖြစ်သူက စုပ်နေတဲ့ဗီဒီယို ကိုအင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

ပေါလ်စခိုးလ် ဟာ သူ့သမီးရဲ့ခြေသည်းတွေကို ကိုက်နေတဲ့ ဗီဒီယိုဖိုင်ထွက်လာခဲ့ပြီးနောက် ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။သူ့သမီးက ဒီဗီဒီယိုဖိုင်ကို အချစ်စစ် ဆိုတဲ့ စာသားနဲ့ အတူတင်ခဲ့တာဖြစ်ပါတယ်။

အသက်(၂၀)အရွယ်ရှိ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ရဲ့သမီးဟာ ဒီဗီဒီယိုဖိုင် ပျ့နှံခဲ့ပြီးနောက် လှုမှုကွန်ယက်မှာ ရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

အလီစီယာစခိုးလ် ဟာ ပရော်ဖက်ရှင်နယ် netball ကစားသမားတဦးဖြစ်ပြီး အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြုပါဝင်ပေးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပရိသတ်တွေကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ပရိသတ်တဦးက “ပေါလ်စခိုးလ် ဟာ သူ့သမီးလေးရဲ့ခြေချောင်းတွေကို စုပ်ယူဖို့ အလုပ်ရှုပ်မနေဘူးဆိုရင် ချယ်လ်ဆီး ဟာ အဆိုးရွားဆုံးခံစစ် မဟုတ်ဘူးဆိုတာကို သူသိမှာပါ”လို့ ရေးသားခဲ့ပါတယ်။

ပေါလ်စခိုးဟာ မကြာသေးခင်က ချယ်လ်ဆီး အသင်းရဲ့ခံစစ်ပိုင်းနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားတာကို ပရိသတ်က အခုလိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့ပြီး နည်းပြဘဝမှာတော့ အောင်မြင်မှုမရသေးတာကြောင့် လက်ရှိအချိန်မှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ကြင္းလယ္ကစားသမားေဟာင္း ေပါလ္စခိုးလ္ ရဲ့အသက္(၂၀)အရြယ္ရွိ သမီးျဖစ္သူကေတာ့ သူမရဲ့ေျခမကို ဖခင္ျဖစ္သူက စုပ္ေနတဲ့ဗီဒီယိုကို အင္စတာဂရမ္မွာ တင္ခဲ့ပါတယ္။

ေပါလ္စခိုးလ္ ဟာ သူ႔သမီးရဲ့ေျခသည္းေတြကို ကိုက္ေနတဲ့ ဗီဒီယိုဖိုင္ထြက္လာခဲ့ၿပီးေနာက္ ပရိသတ္ေတြရဲ့ေဝဖန္မႈကို ခံခဲ့ရပါတယ္။သူ႔သမီးက ဒီဗီဒီယိုဖိုင္ကို အခ်စ္စစ္ ဆိုတဲ့ စာသားနဲ႔ အတူတင္ခဲ့တာျဖစ္ပါတယ္။

အသက္(၂၀)အရြယ္ရွိ မန္ခ်က္စတာယူနိုက္တက္ ဂႏၲဝင္ရဲ့သမီးဟာ ဒီဗီဒီယိုဖိုင္ ပ်႕ႏွံခဲ့ၿပီးေနာက္ လႈမႈကြန္ယက္မွာ ေရပန္းစားလာခဲ့တာလည္းျဖစ္ပါတယ္။

အလီစီယာစခိုးလ္ ဟာ ပေရာ္ဖက္ရွင္နယ္ netball ကစားသမားတဦးျဖစ္ၿပီး အဂၤလန္လက္ေရြးစင္ အသင္းအတြက္ ကိုယ္စားျပဳပါဝင္ေပးခဲ့တယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ပရိသတ္ေတြကေတာ့ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ပရိသတ္တဦးက “ေပါလ္စခိုးလ္ ဟာ သူ႔သမီးေလးရဲ့ေျခေခ်ာင္းေတြကို စုပ္ယူဖို႔ အလုပ္ရႈပ္မေနဘူးဆိုရင္ ခ်ယ္လ္ဆီး ဟာ အဆိုးရြားဆုံးခံစစ္ မဟုတ္ဘူးဆိုတာကို သူသိမွာပါ”လို႔ ေရးသားခဲ့ပါတယ္။

ေပါလ္စခိုးဟာ မၾကာေသးခင္က ခ်ယ္လ္ဆီး အသင္းရဲ့ခံစစ္ပိုင္းနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးထားတာကို ပရိသတ္က အခုလိုတုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ေပါလ္စခိုးလ္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ ေအာင္ျမင္မႈေတြ အမ်ားႀကီးရယူနိုင္ခဲ့ၿပီး နည္းျပဘဝမွာေတာ့ ေအာင္ျမင္မႈမရေသးတာေၾကာင့္ လက္ရွိအခ်ိန္မွာ ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနတာလည္းျဖစ္ပါတယ္။