ဒူးကာနေရာမှာ Airpods ဝတ်ဆင်ထားသလားလို့တောင် အထင်ခံနေရတဲ့ ကီတာ

လီဗာပူးလ် အသင်း ကွင်းလယ်ကစားသမား ကီတာ ကတော့ အသင်းမကြာခင်က ကစားခဲ့တဲ့ ပွဲတွေရဲ့ဓါတ်ပုံတွေမှာ အလွန်သေးငယ်တဲ့ ဒူးကာဝတ်ဆင်ပြီး ကစားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ပရိသတ်တွေက အသလက်တီကို နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒါကို သတိထားမိခဲ့တာဖြစ်ပါတယ်။

ကီတာ ဟာ လီဗာပူးလ် အသင်းက အသလက်တီကို အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ဒုတိယဂိုးကို လှပတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ကီတာ ဟာ မန်ချက်စတာယူနိုက်တက် ကို အနိုင်ရတဲ့ ပွဲမှာလည်း အသင်းအတွက် ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ကီတာ ဟာ ပေါ့ဘာ ရဲ့ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားခဲ့ပြီး လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ကီတာ ဟာ မကြာခဏဒဏ်ရာပြသနာကြောင့် အနားယူနေရတာဖြစ်ပြီး ပရိသတ်တဦးက ဒါဟာ သေးငယ်တဲ့ ဒူးကာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပရိသတ်တဦးက “ကီတာ ဟာ ကမ္ဘာ့အသေးငယ်ဆုံး ဒူးကာ ကို ဝတ်ဆင်ကစားနေပါတယ်။ဒါကြောင့် သူအချိန်တိုင်း ဒဏ်ရာရနေတာက အံဩစရာမဟုတ်တော့ဘူးလို့”ဆိုခဲ့တာဖြစ်ပါတယ်။

နောက်တဦးကဆိုရင် “ဒါဟာ PS2 မန်မိုရီကတ်ဆိုပြီး”ရေးသားခဲ့ကြတာဖြစ်ပါတယ်။@ProD_Soccer ဆိုတဲ့သူတဦးကတော့ “ကီတာ ရဲ့ဒူးကာ ဟာ apple ရဲ့airpods ဗူးခွံနဲ့ တူတယ်လို့ “ရေးသားထားတာပါ။

လီဗာပူးလ် အသင်းရဲ့အဝတ်လဲခန်းထဲမှာတော့ ကီတာ ဟာ ပုံမှန်ဒူးကာတွေ ရရှိထားတာကို ပြသထားတာဖြစ်ပါတယ်။ဒါပေမယ့် မကြာသေးခင်က ပွဲတွေမှာတော့ ကီတာ ဟာ ဒီဒူးကာတွေ ဝတ်ဆင်ခြင်းမရှိခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကီတာ ဟာ လီဗာပူးလ် အသင်းကို (၂၀၁၈) က ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဒဏ်ရာပြသနာတွေကြောင့် အသင်းအတွက် (၈၄)ပွဲသာ ပါဝင်ကစားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Zawgyi

လီဗာပူးလ္ အသင္း ကြင္းလယ္ကစားသမား ကီတာ ကေတာ့ အသင္းမၾကာခင္က ကစားခဲ့တဲ့ ပြဲေတြရဲ့ဓါတ္ပုံေတြမွာ အလြန္ေသးငယ္တဲ့ ဒူးကာဝတ္ဆင္ၿပီး ကစားခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ပါတယ္။ပရိသတ္ေတြက အသလက္တီကို နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒါကို သတိထားမိခဲ့တာျဖစ္ပါတယ္။

ကီတာ ဟာ လီဗာပူးလ္ အသင္းက အသလက္တီကို အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ ဒုတိယဂိုးကို လွပတဲ့ ကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။ကီတာ ဟာ မန္ခ်က္စတာယူနိုက္တက္ ကို အနိုင္ရတဲ့ ပြဲမွာလည္း အသင္းအတြက္ ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမယ့္ ကီတာ ဟာ ေပါ့ဘာ ရဲ့ဖ်က္ထုတ္မႈေၾကာင့္ ဒဏ္ရာရသြားခဲ့ၿပီး လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။ကီတာ ဟာ မၾကာခဏဒဏ္ရာျပသနာေၾကာင့္ အနားယူေနရတာျဖစ္ၿပီး ပရိသတ္တဦးက ဒါဟာ ေသးငယ္တဲ့ ဒူးကာေၾကာင့္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ပရိသတ္တဦးက “ကီတာ ဟာ ကမၻာ့အေသးငယ္ဆုံး ဒူးကာ ကို ဝတ္ဆင္ကစားေနပါတယ္။ဒါေၾကာင့္ သူအခ်ိန္တိုင္း ဒဏ္ရာရေနတာက အံဩစရာမဟုတ္ေတာ့ဘူးလို႔”ဆိုခဲ့တာျဖစ္ပါတယ္။

ေနာက္တဦးကဆိုရင္ “ဒါဟာ PS2 မန္မိုရီကတ္ဆိုၿပီး”ေရးသားခဲ့ၾကတာျဖစ္ပါတယ္။@ProD_Soccer ဆိုတဲ့သူတဦးကေတာ့ “ကီတာ ရဲ့ဒူးကာ ဟာ apple ရဲ့airpods ဗူးခြံနဲ႔ တူတယ္လို႔ “ေရးသားထားတာပါ။

လီဗာပူးလ္ အသင္းရဲ့အဝတ္လဲခန္းထဲမွာေတာ့ ကီတာ ဟာ ပုံမွန္ဒူးကာေတြ ရရွိထားတာကို ျပသထားတာျဖစ္ပါတယ္။ဒါေပမယ့္ မၾကာေသးခင္က ပြဲေတြမွာေတာ့ ကီတာ ဟာ ဒီဒူးကာေတြ ဝတ္ဆင္ျခင္းမရွိခဲ့တာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ကီတာ ဟာ လီဗာပူးလ္ အသင္းကို (၂၀၁၈) က ေရာက္ရွိလာခဲ့တာျဖစ္ေပမယ့္ ဒဏ္ရာျပသနာေတြေၾကာင့္ အသင္းအတြက္ (၈၄)ပြဲသာ ပါဝင္ကစားနိုင္ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။