သူ့နာမည်ကို အသုံးချပြီး ‌သတင်းအတုတွေဖန်တီးနေတဲ့ အပေါ်ဒေါသတကြီးဖြစ်နေတဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက် အသင်း ကွင်းလယ်ကစားသမား ပေါ့ဘာ က လီဗာပူးလ် ကို ဂိုးပြတ်အရေးနိမ့်တဲ့ ပွဲအပြီးမှာ နည်းပြ ဆိုးလ်ရှားကို ဂရုမစိုက်သလို ပြုမူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒေါသတကြီးနဲ့ တုံ့ပြန်လိုက်ပါတယ်။

ပေါ့ဘာ ဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာ (၄)ဂိုးပြတ်နဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဒုတိယပိုင်းရောက်မှ လူစားဝင်ခဲ့ပေမယ့် ကီတာ ကို အဖျက်ကြိမ်းခဲ့လို့ (၁၅)မိနစ်အကြာမှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၅)ဂိုးပြတ်နဲ့ လီဗာပူးလ် အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

The Sun ကတော့ ပေါ့ဘာ ဟာ အသင်းဖော်တွေကို တောင်းပန်ခဲ့ပေမယ့် ဆိုးလ်ရှားကိုတော့ စကားပြောဆိုခြင်းတောင်မရှိဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကိုလည်း ခေတ္တဆိုင်းငံထားတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ပေါ့ဘာ ကတော့ ဒီသတင်းတွေကို ဒေါသတကြီးနဲ့ ငြင်းဆိုထားပါတယ်။

ပေါ့ဘာ က သတင်းအတုတွေဖန်တီးပြီး ခေါင်းကြီးပိုင်း မှာ ကြီးကြီးမားမားလိမ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ပေါ့ဘာ က “(၁၀၀)ရာခိုင်နှုန်း သတင်းအတုတွေကို ဖန်တီးချင်နေကြပါတယ်။ကြီးမားတဲ့ လိမ်ညာမှုတွေနဲ့ ခေါင်းကြီးပိုင်းတွေကို ဖန်တီးနေပါတယ်။ဂျာနယ်လစ်တွေက မြင်စရာမရှိတဲ့ အခါမှာ ကျွန်တော့်နာမည်သုံးပြီးမြင်အောင်လုပ်ကြတယ်”

“ဒါကို ကျွန်တော်ဖြေရှင်းရတာက ကျွန်တော့်ရဲ့နည်းပြ၊ကလပ်နဲ့ ပရိသတ်တွေထံ ပြတ်ပြတ်သားသားမက်ဆေ့ပေးပို့ဖို တခုတည်းသောအကြောင်းအရာဖြစ်ပါတယ်။သူတို့‌တွေဟာ စာနည်းနည်းဖတ်လေလေ ပိုကောင်းလေလေဖြစ်နေပြီး သူတို့မှာ အရှက်မရှိသလို အခြေအမြစ်မရှိပဲ ဘာကိုမဆိုပြောနေပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

ပေါ့ဘာ နဲ့ မန်ချက်စတာယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အေးဂျင့်ရွိုင်းအိုလာ က စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မပေးခဲ့တာလည်းဖြစ်ပါတယ်။

ရွိုင်အိုလာ က “ဒါနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်ကို မေးရပါလိမ့်မယ်။အခုလောလောဆယ်တော့ အားလုံးက အေးဆေးဖြစ်နေပါတယ်။ဘာအသစ်မှ ပြောစရာမရှိပါဘူး”လို့ ဆိုထားတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ကြင္းလယ္ကစားသမား ေပါ့ဘာ က လီဗာပူးလ္ ကို ဂိုးျပတ္အေရးနိမ့္တဲ့ ပြဲအၿပီးမွာ နည္းၿပ ဆိုးလ္ရွားကို ဂ႐ုမစိုက္သလို ျပဳမူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို ေဒါသတႀကီးနဲ႔ တုံ႔ျပန္လိုက္ပါတယ္။

ေပါ့ဘာ ဟာ ဒီပြဲစဥ္ရဲ့ပထမပိုင္းမွာ (၄)ဂိုးျပတ္နဲ႔ ဂိုးျပတ္အေရးနိမ့္ၿပီးေနာက္ ဒုတိယပိုင္းေရာက္မွ လူစားဝင္ခဲ့ေပမယ့္ ကီတာ ကို အဖ်က္ႀကိမ္းခဲ့လို႔ (၁၅)မိနစ္အၾကာမွာပဲ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။ပြဲအၿပီးမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၅)ဂိုးျပတ္နဲ႔ လီဗာပူးလ္ အသင္းကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

The Sun ကေတာ့ ေပါ့ဘာ ဟာ အသင္းေဖာ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္ ဆိုးလ္ရွားကိုေတာ့ စကားေျပာဆိုျခင္းေတာင္မရွိဘူးလို႔ ဆိုခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြကိုလည္း ေခတၱဆိုင္းငံထားတယ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ေပါ့ဘာ ကေတာ့ ဒီသတင္းေတြကို ေဒါသတႀကီးနဲ႔ ျငင္းဆိုထားပါတယ္။

ေပါ့ဘာ က သတင္းအတုေတြဖန္တီးၿပီး ေခါင္းႀကီးပိုင္း မွာ ႀကီးႀကီးမားမားလိမ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုခဲ့ပါတယ္။ေပါ့ဘာ က “(၁၀၀)ရာခိုင္ႏႈန္း သတင္းအတုေတြကို ဖန္တီးခ်င္ေနၾကပါတယ္။ႀကီးမားတဲ့ လိမ္ညာမႈေတြနဲ႔ ေခါင္းႀကီးပိုင္းေတြကို ဖန္တီးေနပါတယ္။ဂ်ာနယ္လစ္ေတြက ျမင္စရာမရွိတဲ့ အခါမွာ ကၽြန္ေတာ့္နာမည္သုံးၿပီးျမင္ေအာင္လုပ္ၾကတယ္”

“ဒါကို ကၽြန္ေတာ္ေျဖရွင္းရတာက ကၽြန္ေတာ့္ရဲ့နည္းျပ၊ကလပ္နဲ႔ ပရိသတ္ေတြထံ ျပတ္ျပတ္သားသားမက္ေဆ့ေပးပို႔ဖို တခုတည္းေသာအေၾကာင္းအရာျဖစ္ပါတယ္။သူတို႔‌ေတြဟာ စာနည္းနည္းဖတ္ေလေလ ပိုေကာင္းေလေလျဖစ္ေနၿပီး သူတို႔မွာ အရွက္မရွိသလို အေျခအျမစ္မရွိပဲ ဘာကိုမဆိုေျပာေနပါလိမ့္မယ္”လို႔ ဆိုခဲ့ပါတယ္။

ေပါ့ဘာ နဲ႔ မန္ခ်က္စတာယူနိုက္တက္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေအးဂ်င့္ရြိဳင္းအိုလာ က စာခ်ဳပ္သစ္နဲ႔ ပတ္သက္ၿပီး ဘာသတင္းအခ်က္အလက္မွ မေပးခဲ့တာလည္းျဖစ္ပါတယ္။

ရြိဳင္အိုလာ က “ဒါနဲ႔ ပတ္သက္ၿပီး မန္ခ်က္စတာယူနိုက္တက္ကို ေမးရပါလိမ့္မယ္။အခုေလာေလာဆယ္ေတာ့ အားလုံးက ေအးေဆးျဖစ္ေနပါတယ္။ဘာအသစ္မွ ေျပာစရာမရွိပါဘူး”လို႔ ဆိုထားတာျဖစ္ပါတယ္။