လိဂ်ဖလားမှာ ၅နှစ်အတွင်း ပထမဆုံးရှုံးနိမ့်မှုနဲ့ အတူ ပြိုင်ပွဲကထွက်ခဲ့ရတဲ့ လက်ရှိချန်ပီယံ

လက်ရှိချန်ပီယံ မန်စီးတီး အသင်းဟာ ဒီမနက်ပိုင်းက ကာရာဘောင်းဖလား (၁၆)သင်းအဆင့် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်း အသင်းနဲ့ ကစားခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဝက်စ်ဟမ်း အသင်းက ကစားသမား(၅)ဦးလုံးက ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး မန်စီးတီးဘက်က ဖိုဒန် လွဲချော်ခဲ့တာကြောင့် ဝက်စ်ဟမ်း အသင်းက (၅)ဂိုး-(၃)ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။

မန်စီးတီး အတွက်တော့ ဒီရှုံးပွဲဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ (၂၀၁၆) နောက်ပိုင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။မန်စီးတီး အသင်းဟာ အရင်(၄)ကြိမ်လုံး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာဖြစ်ပြီး (၅)ကြိမ်ဆက်ဗိုလ်စွဲနိုင်မယ့် မျှော်လင့်ချက်တွေဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်း အရောက်မှာ ဂျီးဆပ်စ်၊ကန်ဆယ်လို၊ဖိုဒန်နဲ့ ဂရီလစ်ရှ် တို့ကို ထည့်သွင်းပြီး အနိုင်ရအောင် ကြိုးစားခဲ့တာဖြစ်ပေမယ့် ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားတို့က အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် (၁၆)သင်းအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာပါ။

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က “ဒါဟာ မယုံနိုင်ဖွယ်ကောင်းမွန်တဲ့ ဖြတ်သန်းမှုပါပဲ။ပင်နယ်တီမှာတော့ သူတို့က ပိုကောင်းခဲ့ပါတယ်။ဝက်စ်ဟမ်းကို ဂုဏ်ပြုပါတယ်။လာမယ့်နှစ်မှာတော့ ကျွန်တော်တို့ ဆုဖလားရယူဖို့ ပြန်လာမှာပါ။ကံမကောင်းစွာနဲ့ပဲ ဖိုဒန်ဟာ ပင်နယ်တီလွဲချော်ခဲ့ပါတယ်”

“ဒါပေမယ့် ဒါက အတွေ့အကြုံဖြစ်ပြီး ဒီလိုအတွေ့အကြုံကို ရတဲ့အခါမှာ နောက်တကြိမ်ကျ ပိုကောင်းလာမှာပါ”လို့ ဆိုခဲ့ပါတယ်။ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့အဆင့်က မန်ချက်စတာယူနိုက်တက် ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာ (၂)သင်းလုံးကို ပြိုင်ပွဲကနေ ထွက်ခွာအောင်လုပ်နိုင်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နေရာရောက်ရှိနေပြီး ယူရိုပါလိဂ်မှာလည်း အုပ်စုတွင်းပွဲတိုင်းကို အနိုင်ရထားတာဖြစ်ပါတယ်။ဂွာဒီယိုလာ က “သူတို့ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်မှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နေသလို အခုကာရာဘောင်းမှာလည်း ကွာတားဖိုင်နယ်ကို ရောက်သွားပါပြီ။အလွန်ကောင်းမွန်တဲ့ မန်နေဂျာနဲ့ အလွန်ကောင်းမွန်တဲ့ အသင်းပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

လက္ရွိခ်န္ပီယံ မန္စီးတီး အသင္းဟာ ဒီမနက္ပိုင္းက ကာရာေဘာင္းဖလား (၁၆)သင္းအဆင့္ ပြဲစဥ္အျဖစ္ ဝက္စ္ဟမ္း အသင္းနဲ႔ ကစားခဲ့ရာ ပင္နယ္တီ အဆုံးအျဖတ္မွာ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ပါတယ္။

ပြဲခ်ိန္အတြင္းမွာ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ခံယူရာမွာ ဝက္စ္ဟမ္း အသင္းက ကစားသမား(၅)ဦးလုံးက ဂိုးဝင္ေအာင္ကန္သြင္းနိုင္ခဲ့ၿပီး မန္စီးတီးဘက္က ဖိုဒန္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဝက္စ္ဟမ္း အသင္းက (၅)ဂိုး-(၃)ဂိုးနဲ႔ အနိုင္ရၿပီး ကြာတားဖိုင္နယ္ တက္ေရာက္နိုင္ခဲ့တာပါ။

မန္စီးတီး အတြက္ေတာ့ ဒီရႈံးပြဲဟာ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ (၂၀၁၆) ေနာက္ပိုင္း ပထမဆုံးရႈံးပြဲၾကဳံေတြ႕ခဲ့တာျဖစ္ပါတယ္။မန္စီးတီး အသင္းဟာ အရင္(၄)ႀကိမ္လုံး ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့တာျဖစ္ၿပီး (၅)ႀကိမ္ဆက္ဗိုလ္စြဲနိုင္မယ့္ ေမၽွာ္လင့္ခ်က္ေတြဟာ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ ဒီပြဲစဥ္ရဲ့ဒုတိယပိုင္း အေရာက္မွာ ဂ်ီးဆပ္စ္၊ကန္ဆယ္လို၊ဖိုဒန္နဲ႔ ဂရီလစ္ရွ္ တို႔ကို ထည့္သြင္းၿပီး အနိုင္ရေအာင္ ႀကိဳးစားခဲ့တာျဖစ္ေပမယ့္ ဝက္စ္ဟမ္းအသင္းရဲ့ခံစစ္ပိုင္းနဲ႔ ဂိုးသမားတို႔က အေကာင္းဆုံးစြမ္းေဆာင္နိုင္ခဲ့တာေၾကာင့္ (၁၆)သင္းအဆင့္ကေနပဲ လွည့္ျပန္ခဲ့ရတာပါ။

မန္စီးတီး အသင္းနည္းၿပ ဂြာဒီယိုလာ က “ဒါဟာ မယုံနိုင္ဖြယ္ေကာင္းမြန္တဲ့ ျဖတ္သန္းမႈပါပဲ။ပင္နယ္တီမွာေတာ့ သူတို႔က ပိုေကာင္းခဲ့ပါတယ္။ဝက္စ္ဟမ္းကို ဂုဏ္ျပဳပါတယ္။လာမယ့္ႏွစ္မွာေတာ့ ကၽြန္ေတာ္တို႔ ဆုဖလားရယူဖို႔ ျပန္လာမွာပါ။ကံမေကာင္းစြာနဲ႔ပဲ ဖိုဒန္ဟာ ပင္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္”

“ဒါေပမယ့္ ဒါက အေတြ႕အၾကဳံျဖစ္ၿပီး ဒီလိုအေတြ႕အၾကဳံကို ရတဲ့အခါမွာ ေနာက္တႀကိမ္က် ပိုေကာင္းလာမွာပါ”လို႔ ဆိုခဲ့ပါတယ္။ဝက္စ္ဟမ္း အသင္းဟာ ၿပီးခဲ့တဲ့အဆင့္က မန္ခ်က္စတာယူနိုက္တက္ ကို အနိုင္ရခဲ့တာေၾကာင့္ မန္ခ်က္စတာ (၂)သင္းလုံးကို ၿပိဳင္ပြဲကေန ထြက္ခြာေအာင္လုပ္နိုင္ခဲ့တာပါ။

ဝက္စ္ဟမ္းအသင္းဟာ ပရီးမီးယားလိဂ္မွာလည္း အဆင့္(၄)ေနရာေရာက္ရွိေနၿပီး ယူရိုပါလိဂ္မွာလည္း အုပ္စုတြင္းပြဲတိုင္းကို အနိုင္ရထားတာျဖစ္ပါတယ္။ဂြာဒီယိုလာ က “သူတို႔ဟာ ပရီးမီးယားလိဂ္နဲ႔ ယူရိုပါလိဂ္မွာလည္း ေကာင္းမြန္စြာ လုပ္ေဆာင္ေနသလို အခုကာရာေဘာင္းမွာလည္း ကြာတားဖိုင္နယ္ကို ေရာက္သြားပါၿပီ။အလြန္ေကာင္းမြန္တဲ့ မန္ေနဂ်ာနဲ႔ အလြန္ေကာင္းမြန္တဲ့ အသင္းပါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။