ရော်နယ်ကိုးမန်း ရဲ့နေရာမှာ ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံလိုက်တဲ့ မက်ဆီ

ဘာစီလိုနာ အသင်းဟာ ရော်နယ်လ်ကိုးမန်း ကို ထုတ်ပယ်လိုက်ပြီးနောက် မက်ဆီ က အသင်းဖော်ဟောင်း ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ တွန်းအားပေးထောက်ခံလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဗယ်လက်ကာနို အသင်းကို အရေးနိမ့်ပြီးနောက် နယ်သာလန်လူမျိုးနည်းပြကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ(၁၀)ပွဲမှာ စံချိန်တင်(၄)ပွဲသာ အနိုင်ရထားပြီး ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)ပွဲကစားပြီးမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာ အသင်းတို့ကို ရှုံးနိမ့်ပြီး ရလဒ်တွေဆိုးရွားနေတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဗယ်လက်ကာနို အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ရော်နယ်လ်ကိုးမန်းကို ချက်ချင်းထုတ်ပယ်ကာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ် အလျင်အမြန်ရှာဖွေနေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်း ဥက္ကဌ လာပေါ်တာ က ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေတာဖြစ်တယ်လို့ ကာဒီနာကုပ် သတင်းက ဆိုပါတယ်။

အခုအချိန်မှာတော့ လာပေါ်တာ ဟာ အသင်းခေါင်းဆောင်ဟောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။ဒါ့အပြင် ဇာဗီ နဲ့ (၁၁)ရာသီကြာ တွဲကစားခဲ့တဲ့ မက်ဆီကလည်း သူ့ရဲ့အသင်းဖော်ကို ရော်နယ်လ်ကိုးမန်း နေရာမှာ အစားထိုးခန့်အပ်ဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

ဇာဗီ ဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်လ်ဆတ် အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး အသင်းဟောင်းကို ပြန်သွားဖို့ အတွက် ကာတာလပ်နဲ့ သဘောတူညီမှု မရသေးတာလည်းဖြစ်ပါတယ်။ဇာဗီ ကိုယ်တိုင်ကလည်း ဘာစီလိုနာ အသင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို လှို့ဝှက်ထားခြင်းမရှိတာပါ။

ဇာဗီ က “ကျွန်တော်ဟာ ဘာစီလိုနာ ကို နည်းပြဖို့ တွေးထားပြီး ဒါဟာ ကျွန်တော့်ရဲ့ရည်မှန်းချက်၊ ကျွန်တော့်ရဲ့အိမ်မက်ပါ။ဒါကို ကျွန်တော်ဘယ်တော့မှ ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ဘာတွေဖြစ်မလဲဆိုတာတော့ ကျွန်တော်မသိပါဘူး”

“သူတို့က ကျွန်တော့်ကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ အခုအချိန်မှာတော့ အယ်လ်ဆတ်မှာ ရှိနေရတာကို ပျော်ရွှင်ပြီး ဂုဏ်ယူမိတယ်လို့”ဆိုခဲ့ပါတယ်။RAC1 ကလည်း ဇာဗီ ဟာ ဘာစီလိုနာ ရဲ့ပထမဦးစားပေးဖြစ်ပေမယ့် သူ့ကို ချက်ချင်းခန့်အပ်ဖို့တော့ အခက်အခဲရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဘာစီလိုနာ ဘီအသင်းရဲ့နည်းပြဖြစ်သူ ဘာဂျုအမ် က အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာပါ။ဘာစီလိုနာ ကစားသမားဟောင်း ရီဗယ်လ်ဒို ကလည်း ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထောက်ခံကြောင်း ဆိုထားတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဟာ ေရာ္နယ္လ္ကိုးမန္း ကို ထုတ္ပယ္လိုက္ၿပီးေနာက္ မက္ဆီ က အသင္းေဖာ္ေဟာင္း ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ တြန္းအားေပးေထာက္ခံလိုက္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဗယ္လက္ကာနို အသင္းကို အေရးနိမ့္ၿပီးေနာက္ နယ္သာလန္လူမ်ိဳးနည္းျပကို ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ လာလီဂါ(၁၀)ပြဲမွာ စံခ်ိန္တင္(၄)ပြဲသာ အနိုင္ရထားၿပီး ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၃)ပြဲကစားၿပီးမွာလည္း ဘိုင္ယန္ျမဴးနစ္နဲ႔ ဘင္ဖီကာ အသင္းတို႔ကို ရႈံးနိမ့္ၿပီး ရလဒ္ေတြဆိုးရြားေနတာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဗယ္လက္ကာနို အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ၿပီးေနာက္ ေရာ္နယ္လ္ကိုးမန္းကို ခ်က္ခ်င္းထုတ္ပယ္ကာ သူ႔ရဲ့ေနရာမွာ အစားထိုးဖို႔ နည္းျပသစ္ အလ်င္အျမန္ရွာေဖြေနတာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္း ဥကၠဌ လာေပၚတာ က ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ဆႏၵရွိေနတာျဖစ္တယ္လို႔ ကာဒီနာကုပ္ သတင္းက ဆိုပါတယ္။

အခုအခ်ိန္မွာေတာ့ လာေပၚတာ ဟာ အသင္းေခါင္းေဆာင္ေဟာင္းနဲ႔ ေဆြးေႏြးညႇိႏွိုင္းမႈေတြ ျပဳလုပ္ေနၿပီလည္းျဖစ္ပါတယ္။ဒါ့အျပင္ ဇာဗီ နဲ႔ (၁၁)ရာသီၾကာ တြဲကစားခဲ့တဲ့ မက္ဆီကလည္း သူ႔ရဲ့အသင္းေဖာ္ကို ေရာ္နယ္လ္ကိုးမန္း ေနရာမွာ အစားထိုးခန႔္အပ္ဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

ဇာဗီ ဟာ လက္ရွိအခ်ိန္မွာ ကာတာကလပ္ အယ္လ္ဆတ္ အသင္းမွာ နည္းျပအျဖစ္ ေဆာင္ရြက္ေနတာျဖစ္ၿပီး အသင္းေဟာင္းကို ျပန္သြားဖို႔ အတြက္ ကာတာလပ္နဲ႔ သေဘာတူညီမႈ မရေသးတာလည္းျဖစ္ပါတယ္။ဇာဗီ ကိုယ္တိုင္ကလည္း ဘာစီလိုနာ အသင္းကို ကိုင္တြယ္ခ်င္တဲ့ သူ႔ရဲ့ဆႏၵကို လွို႔ဝွက္ထားျခင္းမရွိတာပါ။

ဇာဗီ က “ကၽြန္ေတာ္ဟာ ဘာစီလိုနာ ကို နည္းျပဖို႔ ေတြးထားၿပီး ဒါဟာ ကၽြန္ေတာ့္ရဲ့ရည္မွန္းခ်က္၊ ကၽြန္ေတာ့္ရဲ့အိမ္မက္ပါ။ဒါကို ကၽြန္ေတာ္ဘယ္ေတာ့မွ ဖုံးကြယ္ထားမွာမဟုတ္ပါဘူး။ဘာေတြျဖစ္မလဲဆိုတာေတာ့ ကၽြန္ေတာ္မသိပါဘူး”

“သူတို႔က ကၽြန္ေတာ့္ကို လိုအပ္သည္ျဖစ္ေစ မလိုအပ္သည္ျဖစ္ေစ အခုအခ်ိန္မွာေတာ့ အယ္လ္ဆတ္မွာ ရွိေနရတာကို ေပ်ာ္ရႊင္ၿပီး ဂုဏ္ယူမိတယ္လို႔”ဆိုခဲ့ပါတယ္။RAC1 ကလည္း ဇာဗီ ဟာ ဘာစီလိုနာ ရဲ့ပထမဦးစားေပးျဖစ္ေပမယ့္ သူ႔ကို ခ်က္ခ်င္းခန႔္အပ္ဖို႔ေတာ့ အခက္အခဲရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။

ဘာစီလိုနာ ဘီအသင္းရဲ့နည္းျပျဖစ္သူ ဘာဂ်ဳအမ္ က အသင္းကို ယာယီနည္းျပအျဖစ္ ကိုင္တြယ္မွာပါ။ဘာစီလိုနာ ကစားသမားေဟာင္း ရီဗယ္လ္ဒို ကလည္း ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ေထာက္ခံေၾကာင္း ဆိုထားတာျဖစ္ပါတယ္။