အွန်လိုင်းမှာ ပေါက်ကြားလာခဲ့တဲ့ ၂၀၂၁ အတွက် ဘောလွန်းဒီအောဆုရှင်

အွန်လိုင်းမှာ ပေါက်ကြားလာခဲ့တဲ့ စာရွက်တရွက်ဟာ ၂၀၂၁ ခုနှစ်အတွက် ပေးအပ်မယ့် ဘောလွန်းဒီအောပိုင်ရှင်ကို ပြသနေပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ဆုပေးပွဲမတိုင်ခင်မှာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမား(၂၆)ဦးကို ပြသထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် မကျင်းပဖြစ်ခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲကို ဒီနှစ်မှာတော့ နိုဝင်ဘာ(၂၉)ရက် ပဲရစ်မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။(၂၀၁၉) က ဒီဆုကို မက်ဆီ က ရရှိထားတာဖြစ်ပါတယ်။

မက်ဆီ ဟာ အဲ့ဒီတုန်းက ရော်နယ်ဒိုနဲ့ ဗန်ဒိုက် တို့ကို အသာရပြီး စံချိန်တင်(၆)ကြိမ်မြောက်အဖြစ် ရရှိခဲ့တာပါ။မက်ဆီ ဟာ အခုနှစ်မှာလည်း ဒီဆုကို (၇)ကြိမ်မြောက်အဖြစ် ရရှိဖို့ ရေပန်းစားနေပါတယ်။ဒါပေမယ့် ပေါက်ကြားလာတဲ့ စာရင်းတွေအရ မက်ဆီ ဟာ အခုနှစ်အတွက် ပေးအပ်မယ့်ဆုကို ရမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အွန်လိုင်းမှာ ပေါက်ကြားခဲ့တဲ့ စာရွက်အရ လီဝန်ဒေါစကီး ဟာ မက်ဆီနဲ့ ဘန်ဇီမာ တို့ရဲ့အထက်မှာ ရှိနေတာလည်းဖြစ်ပါတယ်။လီဝန်ဒေါစကီး ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ဆုရဖို့ ရေပန်းစားနေတဲ့သူတွေထဲက တဦးလည်းဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ စံချိန်တင် (၄၁)ဂိုးသွင်းယူခဲ့ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၁၇)ဂိုးသွင်းယူထားတာပါ။ထွက်ပေါ်လာခဲ့တဲ့ ဘောလွန်းဒီအောဆုစာရင်းမှာ ဆာလတ်က နံပတ်(၄)နေရာမှာ ရှိနေပြီး ဂျော်ဂျင်ဟို က နံပတ်(၅)နေရာမှာ ရှိနေတာဖြစ်ပါတယ်။

ဘတ်ပီ၊ကန်တီ၊ဟာလန်း၊ရော်နယ်ဒို နဲ့ ဒီဘရိုင်းတို့က နံပတ်(၁၀)အတွင်းမှာ အစဉ်အလိုက်ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒီစာရင်းထဲမှာ ဟာရီကိန်း၊ဘရူနိုဖာနန်ဒတ်စ်၊ရူဘင်ဒီယတ်စ်၊လူကာကူနဲ့ နေမာ တို့လည်း ပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကမ္ဘာကျော် ကစားသမားတွေနဲ့ ကစားသမားဟောင်းတွေကလည်း အခုနှစ်အတွက် သူတို့ စိတ်ထဲမှာ ရနိုင်တဲ့ ကစားသမားတွေကို ပြောဆိုနေကြတာတွေလည်းရှိပါတယ်။အခုပေါက်ကြားလာတဲ့ စာရွက်ထဲက အတိုင်းမှန် မမှန်ဆိုတာကတော့ နိုဝင်ဘာလ(၂၉)ရက်ကျရင် သိရတော့မှာလည်းဖြစ်ပါတယ်။

Zawgyi

အြန္လိုင္းမွာ ေပါက္ၾကားလာခဲ့တဲ့ စာရြက္တရြက္ဟာ ၂၀၂၁ ခုႏွစ္အတြက္ ေပးအပ္မယ့္ ေဘာလြန္းဒီေအာပိုင္ရွင္ကို ျပသေနပုံရတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ဆုေပးပြဲမတိုင္ခင္မွာ ကမၻာ့ေဘာလုံးေလာကရဲ့အေကာင္းဆုံးကစားသမား(၂၆)ဦးကို ျပသထားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ကိုဗစ္ေၾကာင့္ မက်င္းပျဖစ္ခဲ့တဲ့ ေဘာလြန္းဒီေအာဆုေပးပြဲကို ဒီႏွစ္မွာေတာ့ နိုဝင္ဘာ(၂၉)ရက္ ပဲရစ္မွာ က်င္းပသြားမွာလည္းျဖစ္ပါတယ္။(၂၀၁၉) က ဒီဆုကို မက္ဆီ က ရရွိထားတာျဖစ္ပါတယ္။

မက္ဆီ ဟာ အဲ့ဒီတုန္းက ေရာ္နယ္ဒိုနဲ႔ ဗန္ဒိုက္ တို႔ကို အသာရၿပီး စံခ်ိန္တင္(၆)ႀကိမ္ေျမာက္အျဖစ္ ရရွိခဲ့တာပါ။မက္ဆီ ဟာ အခုႏွစ္မွာလည္း ဒီဆုကို (၇)ႀကိမ္ေျမာက္အျဖစ္ ရရွိဖို႔ ေရပန္းစားေနပါတယ္။ဒါေပမယ့္ ေပါက္ၾကားလာတဲ့ စာရင္းေတြအရ မက္ဆီ ဟာ အခုႏွစ္အတြက္ ေပးအပ္ဆုကို ရမွာမဟုတ္ဘူးလို႔ ေဖာ္ျပထားပါတယ္။

အြန္လိုင္းမွာ ေပါက္ၾကားခဲ့တဲ့ စာရြက္အရ လီဝန္ေဒါစကီး ဟာ မက္ဆီနဲ႔ ဘန္ဇီမာ တို႔ရဲ့အထက္မွာ ရွိေနတာလည္းျဖစ္ပါတယ္။လီဝန္ေဒါစကီး ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ စြမ္းေဆာင္ခဲ့တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဆုရဖို႔ ေရပန္းစားေနတဲ့သူေတြထဲက တဦးလည္းျဖစ္ပါတယ္။

ပိုလန္တိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့ရာသီက ဘြန္ဒစ္လီဂါၿပိဳင္ပြဲမွာ စံခ်ိန္တင္ (၄၁)ဂိုးသြင္းယူခဲ့ၿပီး ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ(၁၇)ဂိုးသြင္းယူထားတာပါ။ထြက္ေပၚလာခဲ့တဲ့ ေဘာလြန္းဒီေအာဆုစာရင္းမွာ ဆာလတ္က နံပတ္(၄)ေနရာမွာ ရွိေနၿပီး ေဂ်ာ္ဂ်င္ဟို က နံပတ္(၅)ေနရာမွာ ရွိေနတာျဖစ္ပါတယ္။

ဘတ္ပီ၊ကန္တီ၊ဟာလန္း၊ေရာ္နယ္ဒို နဲ႔ ဒီဘရိုင္းတို႔က နံပတ္(၁၀)အတြင္းမွာ အစဥ္အလိုက္ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ဒီစာရင္းထဲမွာ ဟာရီကိန္း၊ဘ႐ူနိုဖာနန္ဒတ္စ္၊႐ူဘင္ဒီယတ္စ္၊လူကာကူနဲ႔ ေနမာ တို႔လည္း ပါဝင္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ကမၻာေက်ာ္ ကစားသမားေတြနဲ႔ ကစားသမားေဟာင္းေတြကလည္း အခုႏွစ္အတြက္ သူတို႔ စိတ္ထဲမွာ ရနိုင္တဲ့ ကစားသမားေတြကို ေျပာဆိုေနၾကတာေတြလည္းရွိပါတယ္။အခုေပါက္ၾကားလာတဲ့ စာရြက္ထဲက အတိုင္းမွန္ မမွန္ဆိုတာကေတာ့ နိုဝင္ဘာလ(၂၉)ရက္က်ရင္ သိရေတာ့မွာလည္းျဖစ္ပါတယ္။