အသင်းရှုံးရင် နာကျင်ခံစားဖို့လိုတယ်လို့ ယူနိုက်တက် ကစားသမားတွေကို ပြောလိုက်တဲ့ ဝိန်းရွန်နီ

မန်ချက်စတာယူနိုက်တက် အသင်းဂန္တဝင် ကစားသမား ဝိန်းရွန်နီ က လီဗာပူးလ် အသင်းကို အရှက်ရဖွယ်အရေးနိမ့်ခဲ့တာကြောင့် လက်ရှိကစားသမားတွေကိုပဲ အပြစ်တင်လိုက်ပါတယ်။နည်းပြဆိုးလ်ရှားဟာလည်း ရလဒ်ဆိုးတွေကြောင့် ဖိအားတွေပိုမိုတိုးလာနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းဟာ ရလဒ်ဆိုးတွေကို ဖြတ်သန်းနေရတာကြောင့် ဆိုးလ်ရှား ဟာ သူ့ရဲ့နည်းပြရာထူးကို ဆုံးရှုံးဖို့ နီးစပ်တဲ့ အခြေအနေအထိ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်နီ ကတော့ ဆိုးလ်ရှား ဒီမှာ ရှိရှိ မရှိရှိ ကစားသမားတွေအနေနဲ့ သူတို့ကိုယ်သူတို့ ကြည့်ရှုပြီး အချိန်တိုင်း အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ အတွက် ကြိုးစားနေစေချင်တာဖြစ်ပါတယ်။ဝိန်းရွန်နီ က “ဆိုးလ်ရှား ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မဝေးတော့တဲ့ အနာဂတ်မှာ သူတို့ဘယ်လိုရှေ့ဆက်မလဲဆိုတာကို သူတို့အားလုံးမြင်အောင်ကြည့်ကြမှာသေချာပါတယ်”

“ကစားသမားတွေအနေနဲ့ ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပြီး ကိုယ့်ကိုကိုယ်ပြန်လည်ကြည့်ရပါမယ်။ကစားသမားတွေကို အလုပ်လုပ်ဖို့အတွက် လစာအများကြီးပေးထားတာဖြစ်ပြီး ကစားသမားတွေ ကောင်းကောင်းမလုပ်နိုင်ရင် မန်နေဂျာအပေါ်အပြစ်ပုံချဖို့က လွယ်ကူလွန်းပါတယ်”

“ကစားသမားတွေအပေါ်မှာလည်း ကြီးမားတဲ့ တာဝန်တွေရှိပါတယ်။သူတို့ဟာ ကမ္ဘာ့အဆင့်မှီကစားသမားတွေ၊နိုင်ငံတကာ ကစားသမားတွေဖြစ်ပြီး ယူနိုက်တက်လို အသင်းမျိုးက ဒါကိုပိုလိုအပ်ပါတယ်။ကစားသမားတွေအနေနဲ့ ပွဲတွေရှုံးတဲ့ အချိန်မှာ နာကျင်ခံစားဖို့လည်း လိုပါတယ်”

“ဒီအသင်းမှာ ကစားရင် မြင့်မားတဲ့တောင်းဆိုမှုတွေ၊ဖိအားတွေများမှာပါပဲ။ကစားသမားတွေအနေနဲ့ အနောက်ကို ပြန်ပြေးချင်စိတ်လည်းမရှိဘူး၊ခံစစ်ပိုင်းကို ကာကွယ်လိုစိတ်လည်းမရှိဘူး။ကြိုးစားပြီး လိုက်ကန်မယ့်သူတွေလည်းမရှိဘူး။ဒါတွေဟာ လက်ခံနိုင်စရာမရှိပါဘူး”

MANCHESTER, ENGLAND – OCTOBER 24: Victor Lindelof, Mason Greenwood, Aaron Wan-Bissaka and Scott McTominay of Manchester United walk out to the pitch prior to the Premier League match between Manchester United and Liverpool at Old Trafford on October 24, 2021 in Manchester, England. (Photo by Ash Donelon/Manchester United via Getty Images)

“ဒါဟာ နည်းပြရဲ့အမှားလား ကစားသမားတွေရဲ့အမှားလားဆိုတာတော့ ကျွန်တော်မသိပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ (၁)မှတ်သာ ရခဲ့တာဖြစ်ပြီး ဒီတပတ်မှာတော့ စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi






