ယူနိုက်တက်မှာ ရှိတည်းက ချယ်လ်ဆီးအတွက် ကစားဖို့ ခေါင်းထဲရှိနေတဲ့ လူကာကူ

ချယ်လ်ဆီး အသင်း တိုက်စစ်မှုး လူကာကူ ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ နောက်ဆုံးရာသီမှာထဲက စတမ်းဖို့ဘရစ်ခ်ျ ကို ပြောင်းရွှေ့ဖို့ တွေးနေပြီးသားဖြစ်တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်း အရွှေ့က အင်တာမီလန် အသင်းကနေ ချယ်လ်ဆီး အသင်းကို ပေါင်(၉၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ လူကာကူ ကို ကွန်တီ ကိုင်တွယ်ခဲ့တဲ့ (၂၀၁၇) ထဲက ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတုန်းက လူကာကူ ဟာ အဲဗာတန် ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာပါ။

လူကာကူ ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ (၂)ရာသီကြာ ကစားပြီး ရုန်းကန်ခဲ့ရတာကြောင့် ကွန်တီ ကိုင်တွယ်နေတဲ့ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။လူကာကူ ဟာ အင်တာမီလန် အသင်းမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန် အသင်းကနေ ကွန်တီ ထွက်ခွာပြီးနောက်မှာ လူကာကူ ကလည်း ချယ်လ်ဆီး အသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။လူကာကူ ရဲ့အေးဂျင့်ကတော့ သူ့ရဲ့ကစားသမားဟာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ နောက်ဆုံးရာသီထဲက ချယ်လ်ဆီးကို ပြန်လာဖို့ တွေးနေတာလို့ ဆိုခဲ့တာပါ။

ပါစတိုရယ်လ်လို က “ယူနိုက်တက်အတွက် ကစားပေးနေတဲ့ နောက်ဆုံးရာသီတည်းက လူကာကူရဲ့ခေါင်းထဲမှာ ချယ်လ်ဆီး ဟာ အမြဲတမ်းရှိနေတာပါ။ရီးရယ်လ်ကိုလည်း ကျွန်တော်တို့ ဝန်ခံရပါမယ်။ဒါဟာ သူ့ရဲ့ကစားသမားဘဝ စိတ်ကူးထဲမှာရှိတဲ့ နောက်ထပ်အိမ်မက်တခုပါပဲ”

“ဒါပေမယ့် ချယ်လ်ဆီးဟာ အမြဲတမ်းသူ့ရဲ့(၁၀၀)ရာခိုင်နှုန်းပစ်မှတ်ပါ။သူတို့ဟာ သူငယ်ဘဝတည်းက ချစ်ခြင်းမေတ္တာတွေရှိခဲ့လို့ ပြန်လာချင်တဲ့ ဆန္ဒက အမြဲတမ်းရှိနေတာပါ။ဒါဟာ ဂုဏ်ယူစရာမေးခွန်းပါပဲ။သူ့ရဲ့ခေါင်းနဲ့ နှလုံးသားထဲမှာ အဲ့ဒါတွေရှိပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူကာကူဟာ အီတလီမှာ အခြေကျနေပြီး အင်ဇာဂီနဲ့လည်း အလုပ်အတူတူတွဲလုပ်ချင်ပေမယ့် အင်တာရဲ့ဘဏ္ဍာရေးပြသနာတွေကြောင့် ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်ခဲ့တာလို့လည်း အေးဂျင့်က ဆိုခဲ့ပါတယ်။”ဈေးကွက်က ခင်ဗျားတို့ အတွက် အခွင့်အရေးအချို့ကိုပေးနိုင်ပါတယ်။သူတို့ကို ရထားတွေဖြတ်သွားသလိုမျိုးယူဆပြီး မှန်ကန်တဲ့ရထားက မှန်ကန်တဲ့နေရာမှာ ရပ်တာနဲ့ ဒီထဲကို ဝင်ပြီးထွက်ခွာဖို့လိုပါတယ်”
လို့ ဆိုခဲ့ပါတယ်။

Zawgyi







လို့ ဆိုခဲ့ပါတယ်။