ဒီရာသီ မက်ဆီရဲ့သွင်းဂိုးထက် ရော်နယ်ဒိုရဲ့ ကလေးအရေအတွက်က ပိုမိုများပြားနေ

ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က သူ့အနေနဲ့ အမြွှာရင်သွေး ကိုယ်ဝန်လွယ်ထားပြီဆိုတာကို မနေ့က ရော်နယ်ဒိယ်ထားပြီဆိုတာကို မနေ့က ရော်နဘ်ဒမြုရဲ့ အင်စတာဂရမ်ကတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။

သူတို့နှစ်ယောက်မှာ ရင်သွေး (၄) ယောက်ရှိနှင့်ပြီးဖြစ်ပြီး ဒီတစ်ခါ အမြွှာထပ်မွေးမယ်ဆိုရင်တော့ (၆) ယောက်အထိ ရှိလာတော့မှာပါ။ ရော်နယ်ဒိုဟာ ရင်သွေး (၇) ယောက်အထိ လိုချင်တယ်လို့ဆိုထားပြီး သူ့ရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ (၁) ယောက်သာ လိုတော့တာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း “ရော်နယ်ဒိုက သူ့ကိုယ်ပိုင် ဘောလုံးအသင်းကို တည်ထောင်နေတာပဲ” လို့ မှတ်ချက်ပြုခဲ့သလို “ရော်နယ်ဒိုကတော့ နောက်ထပ်ဂိုးတွေ ထပ်သွင်းသွားပြန်ပြီ” လို့လည်းဆိုကြပါတယ်။

ဒါ့အပြင် ပရိသတ်တစ်ယောက်က “မက်ဆီရဲ့ ဒီရာသီလိဂ်သွင်းဂိုးထက် ရော်နယ်ဒိုရဲ့ ကလေးအရေအတွက်က ပိုများနေပါပြီ” လို့ မှတ်ချက်ပေးခဲ့ပြီး မက်ဆီ ပရိသတ်တွေအတွက်တော့ မခံချိမခံသာဖြစ်စေခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာပါ။

မက်ဆီအနေနဲ့ အခုချိန်ထိ အသင်းသစ်အတွက် လိဂ်သွင်းဂိုးမရရှိသေးဘဲ ချန်ပီယံလိဂ်မှာတော့ (၃) ဂိုးသွင်းယူထားပြီးဖြစ်ပါတယာ့ (၃) ဂိုးသွင်းယူထားပြီးဖြစ်ပါတ်။

ဒါ့အပြင် မက်ဆီဟာ မနေ့ကပြုလုပ်ခဲ့တဲ့ ပီအက်စ်ဂျီရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကိုလည်း လွဲချော်ခဲ့ပြီး ဒီလိုမျိုးလွဲချော်ရတဲ့အကြောင်းရင်းက ဒဏ်ရာပြဿနာကြောင့်လား၊ အခြားသောကိစ္စကြောင့်လားဆိုတာကို အသင်းက ချက်ချင်းသတင်းမထုတ်ပြန်ခဲ့ပါဘူး။