ရော်နယ်ဒို ဟာ ဂျုဗင်တပ် ရဲ့ကျရှုံးမှုတွေ အတွက် ဓားစာခံဖြစ်ခဲ့ရတယ်လို့ ပြောခဲ့တဲ့ အီဗရာ

ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း အောင်မြင်မှုမရခဲ့တဲ့ အရာတွေအတွက် ဓားစာခံဖြစ်ခဲ့ရတယ်လို့ မန်ချက်စတာယူနိုက်တက် အသင်း ကစားသမားဟောင်း အီဗရာက ပြောလိုက်ပါတယ်။ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ဂန္တဝင်သဖွယ် အောင်မြင်မှုမှတ်တမ်းတွေရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ် အသင်းမှာ ကစားခဲ့တဲ့ (၃)နှစ်အတွင်း စကူဒတ်တိုဖလား(၂)ကြိမ်ရပြီးနောက် အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။

ရော်နယ်ဒို ဟာ အီတလီမှာ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆု(၂)ကြိမ်ရခဲ့ပေမယ့် နောက်ဆုံးရာသီမှာတော့ ဗိလိန်အဖြစ်သရုပ်ဆောင်ခဲ့ရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။အီဗရာ ကတော့ ဒီအခန်းကဏ္ဍဟာ တိုက်စစ်ကစားသမားအတွက်တော့ ရယ်စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

အီဗရာက “ခရစ်စတီယာနို ဟာ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုလိုအပ်ပါတယ်။အဲ့ဒီအစား ဂျုဗင်တပ်စ် မှာတော့ သူဟာ စားစာခံဖြစ်လာခဲ့ပါတယ်”

“အီတလီမှာ ရှိတဲ့ ဝေဖန်မှုတွေဟာ ရယ်စရာ ကောင်းပြီး အနည်းငယ်ကြောင်တောင်တောင်နိုင်ပါတယ်။အယ်လီဂရီ က ခရစ်စတီယာနို ဟာ ပွဲအားလုံးကစားမှာမဟုတ်ဘူးလို့ ပြောတာက အမှားတခုပါပဲ။ဒါကို လူအများရှေ့မှာ ပြောစရာကို မလိုပါဘူး”

“ဘယ်လိုပဲဖြစ်ဖြစ်ပါ ခရစ်စတီယာနို ရဲ့တခုတည်းသော အချစ်စစ်က မန်ချက်စတာယူနိုက်တက်ပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။အီဗရာ ကလည်း ရော်နယ်ဒိုလိုပဲ ဂျုဗင်တပ်စ် အသင်းမှာ (၂၀၁၄) ကနေ (၂၀၁၇)ထိ (၂)နှစ်ခွဲကြ ကစားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့တကျော့ပြန်ခရီးအစဟာ ရလဒ်တွေကောင်းမွန်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ အတူ သူကိုယ်တိုင်ပါ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အသင်းအ‌တွက် ပြိုင်ပွဲစုံ(၉)ပွဲမှာ (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ဟာ ဂ်ဳဗင္တပ္စ္ အသင္းမွာ ကစားခဲ့တဲ့ ကာလအတြင္း ေအာင္ျမင္မႈမရခဲ့တဲ့ အရာေတြအတြက္ ဓားစာခံျဖစ္ခဲ့ရတယ္လို႔ မန္ခ်က္စတာယူနိုက္တက္ အသင္း ကစားသမားေဟာင္း အီဗရာက ေျပာလိုက္ပါတယ္။ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဂ်ဳဗင္တပ္စ္ ကေန မန္ခ်က္စတာယူနိုက္တက္ ကို ျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ဂႏၲဝင္သဖြယ္ ေအာင္ျမင္မႈမွတ္တမ္းေတြေရးထိုးနိုင္ခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ ဂ်ဳဗင္တပ္စ္ အသင္းမွာ ကစားခဲ့တဲ့ (၃)ႏွစ္အတြင္း စကူဒတ္တိုဖလား(၂)ႀကိမ္ရၿပီးေနာက္ အသင္းေဟာင္းကို ျပန္လည္ေရာက္ရွိလာခဲ့တာပါ။

ေရာ္နယ္ဒို ဟာ အီတလီမွာ တႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆု(၂)ႀကိမ္ရခဲ့ေပမယ့္ ေနာက္ဆုံးရာသီမွာေတာ့ ဗိလိန္အျဖစ္သ႐ုပ္ေဆာင္ခဲ့ရတာကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။အီဗရာ ကေတာ့ ဒီအခန္းက႑ဟာ တိုက္စစ္ကစားသမားအတြက္ေတာ့ ရယ္စရာေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္။

အီဗရာက “ခရစ္စတီယာနို ဟာ ခ်စ္ျခင္းေမတၱာနဲ႔ ေလးစားမႈလိုအပ္ပါတယ္။အဲ့ဒီအစား ဂ်ဳဗင္တပ္စ္ မွာေတာ့ သူဟာ စားစာခံျဖစ္လာခဲ့ပါတယ္”

“အီတလီမွာ ရွိတဲ့ ေဝဖန္မႈေတြဟာ ရယ္စရာ ေကာင္းၿပီး အနည္းငယ္ေၾကာင္ေတာင္ေတာင္နိုင္ပါတယ္။အယ္လီဂရီ က ခရစ္စတီယာနို ဟာ ပြဲအားလုံးကစားမွာမဟုတ္ဘူးလို႔ ေျပာတာက အမွားတခုပါပဲ။ဒါကို လူအမ်ားေရွ႕မွာ ေျပာစရာကို မလိုပါဘူး”

“ဘယ္လိုပဲျဖစ္ျဖစ္ပါ ခရစ္စတီယာနို ရဲ့တခုတည္းေသာ အခ်စ္စစ္က မန္ခ်က္စတာယူနိုက္တက္ပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။အီဗရာ ကလည္း ေရာ္နယ္ဒိုလိုပဲ ဂ်ဳဗင္တပ္စ္ အသင္းမွာ (၂၀၁၄) ကေန (၂၀၁၇)ထိ (၂)ႏွစ္ခြဲၾက ကစားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့တေက်ာ့ျပန္ခရီးအစဟာ ရလဒ္ေတြေကာင္းမြန္ခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာ ရလဒ္ဆိုးေတြနဲ႔ အတူ သူကိုယ္တိုင္ပါ ႐ုန္းကန္ေနရတာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ အသင္းအ‌တြက္ ၿပိဳင္ပြဲစုံ(၉)ပြဲမွာ (၆)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။