မက်ဆီ ဟာ ပီအက်စ်ဂျီ မှာ ဘာမှထူးထူးခြားခြားကို မလုပ်နိုင်သေးတာလို့ ဆိုလိုက်တဲ့ အနယ်လ်ကာ

မက်ဆီ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေခဲ့ပြီးနောက် ပီအက်စ်ဂျီ ကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်တဲ့ မက်ဆီ ဟာ လီဂူးဝမ်းမှာလည်း ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းမှာ နှေးကွေးစွာ စတင်ခဲ့ပြီး ဘာစီလိုနာ အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ရောက်ရှိနိုင်ဖို့ ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီး ကစားသမားဟောင်း အနယ်လ်ကာ က မက်ဆီ နဲ့ နေမာ တို့ ဒီရာသီကို နှေးကွေးစွာ စတင်ခဲ့ပုံနဲ့ ပတ်သက်ပြီး အင်တာဗျုးမှာ ပြောဆိုသွားခဲ့ပါတယ်။အနယ်လ်ကာ က “ဒီနေ့ ကျွန်တော်တို့ နေမာဆီကနေ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မက်ဆီနဲ့ အတူတူအလုပ်လုပ်နိုင်ခဲ့ပါတယ်”

“ရာသီစတည်းက ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ဘောလွန်းဒီအော(၆)ကြိမ်ရထားတဲ့ ကစားသမားရှိပေမယ့် သူကလည်း နောက်ဆုံးမှာတော့ သိပ်ပြီးထူးထူးခြားခြားမရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။နေမာ နဲ့ ပတ်သက်ပြီးတော့လည်း “နည်းပြက သူ့အဆင့်ကို ပြန်ရဖို့ ကစားရမယ်လို့ တွေးရင် သူက ကစားတယ်”

“သူ့ကိုဘေးဖယ်ထားတာ ဒါမှမဟုတ် သူ့စိတ်ဓါတ်ကို ပျက်ပြားအောင် အစားထိုးတာက ပြုပြင်လို့ရမှာမဟုတ်ပါဘူး။ကွင်းထဲမှာ သူ့အတွက် ဘာတွေဖြစ်လာမလည်းဆိုတာ ခင်ဗျားအနေနဲ့ ဘယ်တော့မှသိမှာမဟုတ်ပါဘူး။ပိုချက်တီနို က သူ့ကိုယုံကြည်ရင် နေမာ အနေနဲ့ ကွင်းထဲမှာ အကောင်းဆုံးမဟုတ်ရင်တောင် အသင်းဟာ အနိုင်ရရှိနေမှာပါ”လို့ အနယ်လ်ကာ က ပြောခဲ့ပါတယ်။

မက်ဆီ ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ မပါဝင်နိုင်ခဲ့ပေမယ့် လိုင်လီ နဲ့ ပွဲမှာ နည်းပြ က မျှော်လင့်နေတာဖြစ်ပါတယ်။ပိုချက်တီနို က “မက်ဆီ ဟာ ကြွက်သားပြသနာအနည်းငယ်ခံစားခဲ့ရပြီး ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သူ့ဘာသာလေ့ကျင့်ခဲ့တာပါ။လိုင်လီနဲ့ ပွဲမှာ သူပါဝင်ဖို့ မျှော်လင့်တယ်လို့”ဆိုခဲ့တာပါ။

မက်ဆီ ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီ အတွက် (၃)ဂိုးသွင်းယူထားပေမယ့် လီဂူးဝမ်းပြိုင်ပွဲမှာတော့ ဂိုးဖန်တီးမှုရော သွင်းဂိုးရော မရရှိသေးတာလည်းဖြစ်ပါတယ်။

Zawgyi

မက္ဆီ ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဘာစီလိုနာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီ ကို အလြတ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ကမၻာ့အေကာင္းဆုံးကစားသမားေတြထဲက တဦးျဖစ္တဲ့ မက္ဆီ ဟာ လီဂူးဝမ္းမွာလည္း ေျခစြမ္းျပနိုင္ဖို႔ ေမၽွာ္လင့္ထားတာျဖစ္ပါတယ္။

ဒါေပမယ့္ မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းမွာ ေႏွးေကြးစြာ စတင္ခဲ့ၿပီး ဘာစီလိုနာ အသင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳးကို ေရာက္ရွိနိုင္ဖို႔ ႐ုန္းကန္ေနရတာလည္းျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ခ်ယ္လ္ဆီး ကစားသမားေဟာင္း အနယ္လ္ကာ က မက္ဆီ နဲ႔ ေနမာ တို႔ ဒီရာသီကို ေႏွးေကြးစြာ စတင္ခဲ့ပုံနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဳးမွာ ေျပာဆိုသြားခဲ့ပါတယ္။အနယ္လ္ကာ က “ဒီေန႔ ကၽြန္ေတာ္တို႔ ေနမာဆီကေန ေတာင္းဆိုခဲ့ပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔ မက္ဆီနဲ႔ အတူတူအလုပ္လုပ္နိုင္ခဲ့ပါတယ္”

“ရာသီစတည္းက ထူးထူးျခားျခားေတာ့မဟုတ္ပါဘူး။ေဘာလြန္းဒီေအာ(၆)ႀကိမ္ရထားတဲ့ ကစားသမားရွိေပမယ့္ သူကလည္း ေနာက္ဆုံးမွာေတာ့ သိပ္ၿပီးထူးထူးျခားျခားမရွိပါဘူး”လို႔ ဆိုခဲ့ပါတယ္။ေနမာ နဲ႔ ပတ္သက္ၿပီးေတာ့လည္း “နည္းျပက သူ႔အဆင့္ကို ျပန္ရဖို႔ ကစားရမယ္လို႔ ေတြးရင္ သူက ကစားတယ္”

“သူ႔ကိုေဘးဖယ္ထားတာ ဒါမွမဟုတ္ သူ႔စိတ္ဓါတ္ကို ပ်က္ျပားေအာင္ အစားထိုးတာက ျပဳျပင္လို႔ရမွာမဟုတ္ပါဘူး။ကြင္းထဲမွာ သူ႔အတြက္ ဘာေတြျဖစ္လာမလည္းဆိုတာ ခင္ဗ်ားအေနနဲ႔ ဘယ္ေတာ့မွသိမွာမဟုတ္ပါဘူး။ပိုခ်က္တီနို က သူ႔ကိုယုံၾကည္ရင္ ေနမာ အေနနဲ႔ ကြင္းထဲမွာ အေကာင္းဆုံးမဟုတ္ရင္ေတာင္ အသင္းဟာ အနိုင္ရရွိေနမွာပါ”လို႔ အနယ္လ္ကာ က ေျပာခဲ့ပါတယ္။

မက္ဆီ ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ အသင္းရဲ့ေလ့က်င့္ေရးအစီအစဥ္မွာ မပါဝင္နိုင္ခဲ့ေပမယ့္ လိုင္လီ နဲ႔ ပြဲမွာ နည္းၿပ က ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။ပိုခ်က္တီနို က “မက္ဆီ ဟာ ႂကြက္သားျပသနာအနည္းငယ္ခံစားခဲ့ရၿပီး ႀကိဳတင္ကာကြယ္တဲ့ အေနနဲ႔ သူ႔ဘာသာေလ့က်င့္ခဲ့တာပါ။လိုင္လီနဲ႔ ပြဲမွာ သူပါဝင္ဖို႔ ေမၽွာ္လင့္တယ္လို႔”ဆိုခဲ့တာပါ။

မက္ဆီ ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပီအက္စ္ဂ်ီ အတြက္ (၃)ဂိုးသြင္းယူထားေပမယ့္ လီဂူးဝမ္းၿပိဳင္ပြဲမွာေတာ့ ဂိုးဖန္တီးမႈေရာ သြင္းဂိုးေရာ မရရွိေသးတာလည္းျဖစ္ပါတယ္။