လယ်သမားလိဂ်မှာ သွင်းဂိုးတဂိုးရဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ဘောလွန်းဒီအော၆ဆုရှင်

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တဲ့ မက်ဆီ ကတော့ အခုအချိန်ထိ ပြင်သစ်ကလပ်မှာ အသားကျဖို့ ရုန်းကန်နေရတဲ့အဖြစ်ကို ရောက်ရှိနေပါတယ်။မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းက လိုင်လီ အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပွဲအစတည်းက ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီ ဟာ ဒဏ်ရာပြသနာရှိနေတဲ့ ပုံပေါ်နေတာကြောင့် ပွဲချိန်(၄၅)မိနစ်မှာပဲ အိုင်ကာဒီ နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ ပီအက်စ်ဂျီ အသင်းဟာ လီဂူးဝမ်းလက်ရှိချန်ပီယံ လိုင်လီ အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်းရောက်မှ ဒီမာရီယာ ရဲ့ဖန်တီးပေးမှုကနေ မာကွင်ဟို က ချေပဂိုးသွင်းယူခဲ့ပြီး အနိုင်ဂိုးကို ပွဲပြီးဖို့ မိနစ်အနည်းငယ်အလိုမှ နေမာ ရဲ့ဖန်တီးပေးမှုကနေ ဒီမာရီယာ က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီရာသီ ပီအက်စ်ဂျီ အသင်းအတွက် လီဂူးဝမ်းပွဲစဉ်(၅)ပွဲပါဝင်ကစားထားပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုမှာပါ မပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့် မက်ဆီ ဟာ လိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ ဂိုးကန်သွင်းမှု (၁၅)ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် (၄)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ဒီရာသီ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ WhoScored က သတ်မှတ်ထားတဲ့ rating မှာ ၆.၇၅ သာ ရှိခဲ့တာပါ။

မက်ဆီ ဟာ ပြင်သစ်လိဂ်မှာ ဂိုးရဖို့ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်မှာတော့ ပီအက်စ်ဂျီ အတွက် ခြေစွမ်းပြသနေခဲ့ပြီး (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။မက်‌ဆီ ဟာ ဒီပွဲမှာ ဒဏ်ရာပြသနာရှိခဲ့ပေမယ့် လာမယ့်ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ နည်းပြ ပိုချက်တီနို က ပြောထားပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ကြားရက်မှာတော့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ ဘော်ဒိုးနဲ့ လီဂူးဝမ်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာခဲ့တဲ့ မက္ဆီ ကေတာ့ အခုအခ်ိန္ထိ ျပင္သစ္ကလပ္မွာ အသားက်ဖို႔ ႐ုန္းကန္ေနရတဲ့အျဖစ္ကို ေရာက္ရွိေနပါတယ္။မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းက လိုင္လီ အသင္းကို အနိုင္ရခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္မွာ ပြဲအစတည္းက ပါဝင္ခြင့္ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မက္ဆီ ဟာ ဒဏ္ရာျပသနာရွိေနတဲ့ ပုံေပၚေနတာေၾကာင့္ ပြဲခ်ိန္(၄၅)မိနစ္မွာပဲ အိုင္ကာဒီ နဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ဒီပြဲမွာ ပီအက္စ္ဂ်ီ အသင္းဟာ လီဂူးဝမ္းလက္ရွိခ်န္ပီယံ လိုင္လီ အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ပထမပိုင္းမွာ အေရးနိမ့္ေနခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းေရာက္မွ ဒီမာရီယာ ရဲ့ဖန္တီးေပးမႈကေန မာကြင္ဟို က ေခ်ပဂိုးသြင္းယူခဲ့ၿပီး အနိုင္ဂိုးကို ပြဲၿပီးဖို႔ မိနစ္အနည္းငယ္အလိုမွ ေနမာ ရဲ့ဖန္တီးေပးမႈကေန ဒီမာရီယာ က သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာ ဒီရာသီ ပီအက္စ္ဂ်ီ အသင္းအတြက္ လီဂူးဝမ္းပြဲစဥ္(၅)ပြဲပါဝင္ကစားထားေပမယ့္ ဂိုးသြင္းယူနိုင္ျခင္းမရွိသလို ဂိုးဖန္တီးမႈမွာပါ မျပဳလုပ္နိုင္ေသးတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ မက္ဆီ ဟာ လိဂ္ၿပိဳင္ပြဲမွာ ဆိုးရြားတဲ့ ရာသီစတင္မႈနဲ႔ ၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

မက္ဆီ ဟာ ဒီရာသီ လီဂူးဝမ္းၿပိဳင္ပြဲမွာ ဂိုးကန္သြင္းမႈ (၁၅)ႀကိမ္အထိ ျပဳလုပ္ထားခဲ့ေပမယ့္ (၄)ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ဒီရာသီ ျပင္သစ္လီဂူးဝမ္းၿပိဳင္ပြဲမွာ WhoScored က သတ္မွတ္ထားတဲ့ rating မွာ ၆.၇၅ သာ ရွိခဲ့တာပါ။

မက္ဆီ ဟာ ျပင္သစ္လိဂ္မွာ ဂိုးရဖို႔ ႐ုန္းကန္ေနရေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ပီအက္စ္ဂ်ီ အတြက္ ေျခစြမ္းျပသေနခဲ့ၿပီး (၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။မက္‌ဆီ ဟာ ဒီပြဲမွာ ဒဏ္ရာျပသနာရွိခဲ့ေပမယ့္ လာမယ့္ပြဲမွာ ပါဝင္နိုင္ဖြယ္ရွိတယ္လို႔ နည္းၿပ ပိုခ်က္တီနို က ေျပာထားပါတယ္။

ပီအက္စ္ဂ်ီ အသင္းဟာ ၾကားရက္မွာေတာ့ လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး လာမယ့္အပတ္မွာေတာ့ ေဘာ္ဒိုးနဲ႔ လီဂူးဝမ္းပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။