ဒုက္ခပင်လယ်ဝေနေတဲ့ ဆိုးလ်ရှား ကို ကယ်တင်ဖို့ အချိန်ကိုက်ရောက်လာတဲ့ ဗာရန်း

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ရီးရယ်လ် အသင်းကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ဗာရန်း ဟာ ဒီနေ့ညမှာ ကစားမယ့် စပါး အသင်းနဲ့ ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဗာရန်း ဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အတူ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်(၃)ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ(၃)ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ် တပွဲသာအနိုင်ရခဲ့ပြီး ကျန် ပရီးမီးယားလိဂ်(၂)ပွဲလုံး အရေးနိမ့်ခဲ့တာပါ။

အဲ့ဒီ(၃)ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ အလွန်မှားယွင်းမှုရှိခဲ့ပြီး ဂိုးတွေအများအပြားပေး‌ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီပွဲတွေမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ ပေးဂိုး(၁၁)ဂိုးအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြ ဆိုးလ်ရှားဟာ ရာထူးက ထုတ်ပယ်ခံရဖို့ ဖိအားတွေ ပိုမိုတိုးလာခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ (၁)မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ မန်ချက်စတာယူနိုက်တက် အသင်းက စဉ်းစားနေပေမယ့် သူ့ကို အခွင့်အရေးပေးတဲ့ အနေနဲ့ စပါးပွဲစဉ်ကို ဆက်လက်ကိုင်တွယ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာသာ ရလဒ်ဆိုးရင်တော့ ဆိုးလ်ရှား ဟာ သေချာပေါက်ထုတ်ခံရဖို့ ရှိနေတာပါ။

နည်းပြ ဆိုးလ်ရှား အတွက်တော့ ဗာရန်း အသင်းအတွက် ပြန်လည်ကစားနိုင်မှာဟာ သူ့အတွက်တော့ အားတက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ဗာရန်း ပါဝင်နေတဲ့ အချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းက ဂိုးတွေပေးရပေမယ့် ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက် မရှိခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲပြီးရင် အတ္တလန္တာနဲ့ ချန်ပီယံလိဂ်၊မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲတွေ ထပ်မံယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ဒီပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဗာရန်း အနေနဲ့ အသင်းအတွက် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕က ရီးရယ္လ္ အသင္းကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕လာခဲ့တဲ့ ဗာရန္း ဟာ ဒီေန႔ညမွာ ကစားမယ့္ စပါး အသင္းနဲ႔ ပြဲစဥ္အတြက္ အသင္းလူစာရင္းမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဗာရန္း ဟာ ျပင္သစ္လက္ေရြးစင္အသင္းနဲ႔ အတူ ေနးရွင္းလိဂ္ဗိုလ္လုပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ အသင္းရဲ့ပြဲစဥ္(၃)ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။အဲ့ဒီ(၃)ပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အတၱလႏၲာနဲ႔ ခ်န္ပီယံလိဂ္ တပြဲသာအနိုင္ရခဲ့ၿပီး က်န္ ပရီးမီးယားလိဂ္(၂)ပြဲလုံး အေရးနိမ့္ခဲ့တာပါ။

အဲ့ဒီ(၃)ပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ အလြန္မွားယြင္းမႈရွိခဲ့ၿပီး ဂိုးေတြအမ်ားအျပားေပး‌ခဲ့ရတာလည္းျဖစ္ပါတယ္။ဒီပြဲေတြမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ ေပးဂိုး(၁၁)ဂိုးအထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒီလိုရလဒ္ဆိုးေတြေၾကာင့္ နည္းၿပ ဆိုးလ္ရွားဟာ ရာထူးက ထုတ္ပယ္ခံရဖို႔ ဖိအားေတြ ပိုမိုတိုးလာခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္(၄)ပြဲမွာ (၁)မွတ္သာ ရရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ မန္ခ်က္စတာယူနိုက္တက္ အသင္းက စဥ္းစားေနေပမယ့္ သူ႔ကို အခြင့္အေရးေပးတဲ့ အေနနဲ႔ စပါးပြဲစဥ္ကို ဆက္လက္ကိုင္တြယ္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာသာ ရလဒ္ဆိုးရင္ေတာ့ ဆိုးလ္ရွား ဟာ ေသခ်ာေပါက္ထုတ္ခံရဖို႔ ရွိေနတာပါ။

နည္းၿပ ဆိုးလ္ရွား အတြက္ေတာ့ ဗာရန္း အသင္းအတြက္ ျပန္လည္ကစားနိုင္မွာဟာ သူ႔အတြက္ေတာ့ အားတက္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ဗာရန္း ပါဝင္ေနတဲ့ အခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းက ဂိုးေတြေပးရေပမယ့္ ဒီေလာက္ထိ ႐ုပ္ပ်က္ဆင္းပ်က္ မရွိခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲၿပီးရင္ အတၱလႏၲာနဲ႔ ခ်န္ပီယံလိဂ္၊မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲေတြ ထပ္မံယွဥ္ၿပိဳင္ရဖို႔ ရွိေနတာေၾကာင့္ ဒီပြဲမွာ ရလဒ္ေကာင္းရယူနိုင္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဗာရန္း အေနနဲ႔ အသင္းအတြက္ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးနိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။