အီတလီမှာ ကစားခွင့်ပိတ်ပင်ခံရတဲ့ အဲရစ်ဆန်ကို အသင်းကထွက်ခွာခွင့်ပေးမယ့် အင်တာမီလန်

အဲရစ်ဆန် ဟာ ယူရိုပြိုင်ပွဲမှာ နှလုံးခုန်ရပ်သွားခဲ့တာကြောင့် ဒီရာသီ အီတလီမှာ ကစားခွင့်ရမှာမဟုတ်တော့ဘူးလို့ အင်တာမီလန် အသင်းက ပြောလိုက်ပါတယ်။အသက်(၂၉)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားဟာ ဖင်လန်နဲ့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စုတွင်းအဖွင့်ပွဲစဉ်မှာ ကွင်းအတွင်း ရုတ်တရက်လဲကျသွားခဲ့တာဖြစ်ပါတယ်။

ကွင်းထဲမှာပဲ မိနစ်အတော်ကြာအောင် အသက်ကယ်ဆေးကုမှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းမှာ အဲရစ်ဆန် ဟာ နှလုံးခုန်နှုန်းကို တွန်းလှန်နိုင်တဲ့ စက်ကိရိယာအမျိုးအစားဖြစ်တဲ့ ICD နှလုံးခုန်စက် အမျိုးအစားကို တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် အင်တာ အသင်းကတော့ အဲရစ်ဆန် ဟာ အသင်းအတွက် ပါဝင်နိုင်ခြင်းမရှိတာကြောင့် ထွက်ခွာခွင့်ပေးမှာလည်းဖြစ်ပါတယ်။

အင်တာမီလန် အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “အဆိုပါ ကစားသမားကို အီတလီဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက အခုရာသီ အားကစားလှုပ်ရှားမှုကနေ ယာယီပိတ်ပင်ထားပါတယ်။ကစားသမားရဲ့လက်ရှိအခြေအနေဟာ အီတလီရဲ့လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုမရှိသေးတာဖြစ်ပါတယ်”

epa09265572 Players of Denmark call for medics to come onto the pitch after their teammate Christian Eriksen collpased during the UEFA EURO 2020 group B preliminary round soccer match between Denmark and Finland in Copenhagen, Denmark, 12 June 2021. Eriksen collapsed during the game and was stretchered off. He has been transferred to the hospital and has been stabilized, according to a statement from UEFA. EPA-EFE/Martin Meissner / POOL (RESTRICTIONS: For editorial news reporting purposes only. Images must appear as still images and must not emulate match action video footage. Photographs published in online publications shall have an interval of at least 20 seconds between the posting.)

“ကစားသမားအတွက် ပြိုင်ပွဲတွေ ပြန်စတင်နိုင်မယ့် အခြားနေရာတွေမှာလည်း ဒီလိုပဲ အောင်မြင်မှုတွေ ရရှိနိုင်မှာပါ”လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

အခြားနိုင်ငံတွေကလည်း အဲရစ်ဆန် ကို ICD စက်ကိရိယာနဲ့ သူတို့ရဲ့သက်ဆိုင်ရာလိဂ်‌တွေမှာ ယှဉ်ပြိုင်ခွင့်ပေးမလားဆိုတာ မသေချာသေးတာလည်းဖြစ်ပါတယ်။အေဂျက်စ် အသင်းရဲ့ယူနိုက်တက် နောက်ခံလူဟောင်း ဘလိုင်းကလည်း နှလုံးကြွက်သားရောင်ရမ်းမှုကြောင့် ICD စက်တပ်ဆင်ပြီး ကစားနေရတာပါ။

ဘလိုင်းဟာ လက်ရှိအချိန်မှာ နယ်သာလန်လိဂ်နဲ့ နယ်သာလန်လက်ရွေးစင် အသင်းအတွက်လည်း ပါဝင်ကစားနေပြီး မကြာသေးခင်ကတောင် ချန်ပီယံလိဂ်ပွဲစဉ်(၃)ရဲ့အကောင်းဆုံးကစားသမားအဖြစ်တောင် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

(၂၀၂၀) ဇန်နဝါရီက စပါး အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆန် ဟာ ဆီဗီလာ အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်တာ အသင်းအတွက် ပါဝင်ကစားခဲ့သလို ပြီးခဲ့တဲ့ရာသီက စီးရီးအေဖလား ရယူနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

အဲရစ္ဆန္ ဟာ ယူရိုၿပိဳင္ပြဲမွာ ႏွလုံးခုန္ရပ္သြားခဲ့တာေၾကာင့္ ဒီရာသီ အီတလီမွာ ကစားခြင့္ရမွာမဟုတ္ေတာ့ဘူးလို႔ အင္တာမီလန္ အသင္းက ေျပာလိုက္ပါတယ္။အသက္(၂၉)ႏွစ္အရြယ္ရွိ ကြင္းလယ္ကစားသမားဟာ ဖင္လန္နဲ႔ ကစားခဲ့တဲ့ ယူရိုၿပိဳင္ပြဲ အုပ္စုတြင္းအဖြင့္ပြဲစဥ္မွာ ကြင္းအတြင္း ႐ုတ္တရက္လဲက်သြားခဲ့တာျဖစ္ပါတယ္။

ကြင္းထဲမွာပဲ မိနစ္အေတာ္ၾကာေအာင္ အသက္ကယ္ေဆးကုမႈျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။ေနာက္ပိုင္းမွာ အဲရစ္ဆန္ ဟာ ႏွလုံးခုန္ႏႈန္းကို တြန္းလွန္နိုင္တဲ့ စက္ကိရိယာအမ်ိဳးအစားျဖစ္တဲ့ ICD ႏွလုံးခုန္စက္ အမ်ိဳးအစားကို တပ္ဆင္ခဲ့ရတာျဖစ္ပါတယ္။ဒါေပမယ့္ အင္တာ အသင္းကေတာ့ အဲရစ္ဆန္ ဟာ အသင္းအတြက္ ပါဝင္နိုင္ျခင္းမရွိတာေၾကာင့္ ထြက္ခြာခြင့္ေပးမွာလည္းျဖစ္ပါတယ္။

အင္တာမီလန္ အသင္းရဲ့ထုတ္ျပန္ခ်က္မွာေတာ့ “အဆိုပါ ကစားသမားကို အီတလီေဆးဘက္ဆိုင္ရာ တာဝန္ရွိသူေတြက အခုရာသီ အားကစားလႈပ္ရွားမႈကေန ယာယီပိတ္ပင္ထားပါတယ္။ကစားသမားရဲ့လက္ရွိအေျခအေနဟာ အီတလီရဲ့လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီမႈမရွိေသးတာျဖစ္ပါတယ္”

“ကစားသမားအတြက္ ၿပိဳင္ပြဲေတြ ျပန္စတင္နိုင္မယ့္ အျခားေနရာေတြမွာလည္း ဒီလိုပဲ ေအာင္ျမင္မႈေတြ ရရွိနိုင္မွာပါ”လို႔ ဆိုထားခဲ့တာျဖစ္ပါတယ္။

အျခားနိုင္ငံေတြကလည္း အဲရစ္ဆန္ ကို ICD စက္ကိရိယာနဲ႔ သူတို႔ရဲ့သက္ဆိုင္ရာလိဂ္‌ေတြမွာ ယွဥ္ၿပိဳင္ခြင့္ေပးမလားဆိုတာ မေသခ်ာေသးတာလည္းျဖစ္ပါတယ္။ေအဂ်က္စ္ အသင္းရဲ့ယူနိုက္တက္ ေနာက္ခံလူေဟာင္း ဘလိုင္းကလည္း ႏွလုံးႂကြက္သားေရာင္ရမ္းမႈေၾကာင့္ ICD စက္တပ္ဆင္ၿပီး ကစားေနရတာပါ။

ဘလိုင္းဟာ လက္ရွိအခ်ိန္မွာ နယ္သာလန္လိဂ္နဲ႔ နယ္သာလန္လက္ေရြးစင္ အသင္းအတြက္လည္း ပါဝင္ကစားေနၿပီး မၾကာေသးခင္ကေတာင္ ခ်န္ပီယံလိဂ္ပြဲစဥ္(၃)ရဲ့အေကာင္းဆုံးကစားသမားအျဖစ္ေတာင္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

(၂၀၂၀) ဇန္နဝါရီက စပါး အသင္းကေန ေရာက္ရွိလာခဲ့တဲ့ အဲရစ္ဆန္ ဟာ ဆီဗီလာ အသင္းကို အေရးနိမ့္ခဲ့တဲ့ ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ အင္တာ အသင္းအတြက္ ပါဝင္ကစားခဲ့သလို ၿပီးခဲ့တဲ့ရာသီက စီးရီးေအဖလား ရယူနိုင္ေအာင္လည္း ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။