ဒရော့ဘာ နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့စံချိန်တခုကို အရယူနိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ စပါး အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်ရဲ့စံချိန်မှတ်တမ်းတခုကို ရရှိသွားခဲ့ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက စပါး အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ရော်နယ်ဒို၊ကာဗာနီ နဲ့ ရက်ရှ်ဖိုဒ့် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားနေပြီး ရာထူးက ထုတ်ပယ်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ ဆိုးလ်ရှား အတွက် ဖိအားအနည်းငယ် လျော့သွားခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲမှာ (၁)မှတ်သာရခဲ့တာပါ။

ဒီနိုင်ပွဲဟာ မန်ချက်စတာယူနိုက်တက် အတွက် အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ပထမဆုံးနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။ရော်နယ်ဒို ကလည်း ဒီပွဲမှာ ခြေစွမ်းပြပြိီးနောက် ချယ်လ်ဆီး တိုက်စစ်မှုးဟောင်း ဒရော့ဘာ နောက်ပိုင်း ပရီးမီးယားလိဂ် စံချိန်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ စပါး အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဂိုးလည်းသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ အတွက် ဒရော့ဘာနောက်ပိုင်း ဒီလို (၂)ခုလုံးပြုလုပ်နိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့တာပါ။

ရော်နယ်ဒို ဟာ စပါးအသင်းကို ဂိုးလည်းသွင်းဂိုးလည်းဖန်တီးနိုင်တဲ့ အချိန်မှာ သူ့ရဲ့အသက်ဟာ (၃၆နှစ်နဲ့ ၂၆၇)ရက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဒရော့ဘာ ကလည်း ဒီအသက်အရွယ်မှာပဲ အခုလို စံချိန်ရခဲ့တာဖြစ်ပါတယ်။နောက်ထပ်ထူးခြားတာက သူတို့(၂)ဦးလုံးဟာ စပါး အသင်းနဲ့ ပွဲစဉ်မှာပဲ အခုလို စံချိန်မှတ်တမ်းရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲပါဝင်ကစားထားပြီး (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဒီ(၇)ဂိုးမှာ ပရီးမီးယားလိဂ်သွင်းဂိုး(၄)ဂိုးပါဝင်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့်(၅)နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး ဒါပြီးရင်တော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ကေတာ့ စပါး အသင္းကို အနိုင္ရခဲ့တဲ့ ပြဲမွာ ေျခစြမ္းၿပ ဂိုးသြင္းၿပီးေနာက္ ပရီးမီးယားလိဂ္ရဲ့စံခ်ိန္မွတ္တမ္းတခုကို ရရွိသြားခဲ့ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက စပါး အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒို၊ကာဗာနီ နဲ႔ ရက္ရွ္ဖိုဒ့္ တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီနိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြဆိုးရြားေနၿပီး ရာထူးက ထုတ္ပယ္ခံရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ နည္းၿပ ဆိုးလ္ရွား အတြက္ ဖိအားအနည္းငယ္ ေလ်ာ့သြားခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး(၄)ပြဲမွာ (၁)မွတ္သာရခဲ့တာပါ။

ဒီနိုင္ပြဲဟာ မန္ခ်က္စတာယူနိုက္တက္ အတြက္ ေအာက္တိုဘာလအတြင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲမွာ ပထမဆုံးနိုင္ပြဲလည္းျဖစ္ခဲ့ပါတယ္။ေရာ္နယ္ဒို ကလည္း ဒီပြဲမွာ ေျခစြမ္းျပၿပိီးေနာက္ ခ်ယ္လ္ဆီး တိုက္စစ္မႈးေဟာင္း ဒေရာ့ဘာ ေနာက္ပိုင္း ပရီးမီးယားလိဂ္ စံခ်ိန္ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ စပါး အသင္းကို အနိုင္ရခဲ့တဲ့ ပြဲမွာ ဂိုးလည္းသြင္းယူနိုင္ခဲ့သလို ဂိုးဖန္တီးမႈပါ ျပဳလုပ္နိုင္ခဲ့တဲ့ အတြက္ ဒေရာ့ဘာေနာက္ပိုင္း ဒီလို (၂)ခုလုံးျပဳလုပ္နိုင္တဲ့ ပရီးမီးယားလိဂ္ရဲ့အသက္အႀကီးဆုံး ကစားသမားျဖစ္လာခဲ့တာပါ။

ေရာ္နယ္ဒို ဟာ စပါးအသင္းကို ဂိုးလည္းသြင္းဂိုးလည္းဖန္တီးနိုင္တဲ့ အခ်ိန္မွာ သူ႔ရဲ့အသက္ဟာ (၃၆ႏွစ္နဲ႔ ၂၆၇)ရက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ဒေရာ့ဘာ ကလည္း ဒီအသက္အရြယ္မွာပဲ အခုလို စံခ်ိန္ရခဲ့တာျဖစ္ပါတယ္။ေနာက္ထပ္ထူးျခားတာက သူတို႔(၂)ဦးလုံးဟာ စပါး အသင္းနဲ႔ ပြဲစဥ္မွာပဲ အခုလို စံခ်ိန္မွတ္တမ္းရခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဂ်ဳဗင္တပ္စ္ ကေန မန္ခ်က္စတာယူနိုက္တက္ အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၀)ပြဲပါဝင္ကစားထားၿပီး (၇)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ဒီ(၇)ဂိုးမွာ ပရီးမီးယားလိဂ္သြင္းဂိုး(၄)ဂိုးပါဝင္တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ အဆင့္(၅)ေနရာကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၾကားရက္မွာ အတၱလႏၲာနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကစားရမွာျဖစ္ၿပီး ဒါၿပီးရင္ေတာ့ မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။