မလေးရှားလိဂ်မှာ စံချိန်သစ်တွေ တသီကြီး ယူပြလိုက်တဲ့ ဟိန်းထက်အောင်

မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက် အသင်းကနေ မလေးရှားကလပ် ဆီလန်ဂေါ အသင်းကို သွားရောက်ကစားနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဟိန်းထက်အောင် ကူချင်းစီးတီး အသင်းကို အနိုင်ရတဲ့ ပွဲမှာ စံချိန်သစ်တွေ ရယူသွားနိုင်ခဲ့ပါတယ်။

ဆီလန်ဂေါ အသင်းက ကူချင်းစီးတီး အသင်းကို (၅)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မလေးရှား အက်ဖ်အေဖလား ပွဲစဉ်မှာ ဟိန်းထက်အောင် ဟာ (၁)ဂိုးသွင်း(၁)ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ဟိန်းထက်အောင် ဟာ ဒီပွဲစဉ်ရဲ့ပွဲအစ(၂၅)စက္ကန့်မှာပဲ ဆီလန်ဂေါ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီဂိုးဟာ အခုနှစ် မ‌လေးရှားနိုင်ငံရဲ့ပြည်တွင်းပြိုင်ပွဲတွေအားလုံးမှာ အမြန်ဆုံးသွင်းဂိုးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ဟိန်းထက်အောင် အခုနှစ် မလေးရှား စူပါလိဂ်၊ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေအားလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံး အာဆီယံ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာကစားသမားဟာ ဒီပြိုင်ပွဲ(၃)ခုလုံးမှာ အခုနှစ်အတွင်း သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံး အာရှသားအဖြစ်လည်း စံချိန်သစ်တွေ တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟိန်းထက်အောင် ဟာ ပြီးခဲ့တဲ့ရာသီတည်းက ဟံသာဝတီယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မလေးရှားကလပ်က ခေါ်ယူဖို့ မျက်စိကျခဲ့တာလည်းဖြစ်ပါတယ်။ဟိန်းထက်အောင် ကို ဆီလန်ဂေါ (၂)အသင်းအတွက် ကစားပေးဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဟိန်းထက်အောင် ဟာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးအတွက်ပါ ပါဝင်ကစားခွင့်ရခဲ့တာပါ။ဟိန်းထက်အောင် ဟာ ဆီလန်ဂေါ အသင်းကြီးမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းရဲ့ပွဲစဉ်အချို့မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရနေတာဖြစ်ပါတယ်။

ဆီလန်ဂေါ အသင်းဟာ မလေးရှား စူပါလိဂ်မှာ အဆင့်(၅)နေရာ ရပ်တည်နေတာပါ။ဟိန်းထက်အောင် ဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဆူဇူကီးဖလားပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

ျမန္မာေနရွင္နယ္လိဂ္ကလပ္ ဟံသာဝတီယူနိုက္တက္ အသင္းကေန မေလးရွားကလပ္ ဆီလန္ေဂါ အသင္းကို သြားေရာက္ကစားေနတဲ့ လူငယ္ၾကယ္ပြင့္ကစားသမား ဟိန္းထက္ေအာင္ ကူခ်င္းစီးတီး အသင္းကို အနိုင္ရတဲ့ ပြဲမွာ စံခ်ိန္သစ္ေတြ ရယူသြားနိုင္ခဲ့ပါတယ္။

ဆီလန္ေဂါ အသင္းက ကူခ်င္းစီးတီး အသင္းကို (၅)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ မေလးရွား အက္ဖ္ေအဖလား ပြဲစဥ္မွာ ဟိန္းထက္ေအာင္ ဟာ (၁)ဂိုးသြင္း(၁)ဂိုးဖန္တီးနိုင္ခဲ့တာျဖစ္ပါတယ္။ဟိန္းထက္ေအာင္ ဟာ ဒီပြဲစဥ္ရဲ့ပြဲအစ(၂၅)စကၠန႔္မွာပဲ ဆီလန္ေဂါ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ဒီဂိုးဟာ အခုႏွစ္ မ‌ေလးရွားနိုင္ငံရဲ့ျပည္တြင္းၿပိဳင္ပြဲေတြအားလုံးမွာ အျမန္ဆုံးသြင္းဂိုးအျဖစ္လည္း စံခ်ိန္တင္နိုင္ခဲ့ပါတယ္။ဒါ့အျပင္ ဟိန္းထက္ေအာင္ အခုႏွစ္ မေလးရွား စူပါလိဂ္၊ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ပြဲစဥ္ေတြအားလုံးမွာ ဂိုးသြင္းနိုင္တဲ့ ပထမဆုံး အာဆီယံ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ျမန္မာကစားသမားဟာ ဒီၿပိဳင္ပြဲ(၃)ခုလုံးမွာ အခုႏွစ္အတြင္း သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္နိုင္ခဲ့တဲ့ ပထမဆုံး အာရွသားအျဖစ္လည္း စံခ်ိန္သစ္ေတြ တင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဟိန္းထက္ေအာင္ ဟာ ၿပီးခဲ့တဲ့ရာသီတည္းက ဟံသာဝတီယူနိုက္တက္ အသင္းအတြက္ ေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ မေလးရွားကလပ္က ေခၚယူဖို႔ မ်က္စိက်ခဲ့တာလည္းျဖစ္ပါတယ္။ဟိန္းထက္ေအာင္ ကို ဆီလန္ေဂါ (၂)အသင္းအတြက္ ကစားေပးဖို႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဟိန္းထက္ေအာင္ ဟာ ေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ အသင္းႀကီးအတြက္ပါ ပါဝင္ကစားခြင့္ရခဲ့တာပါ။ဟိန္းထက္ေအာင္ ဟာ ဆီလန္ေဂါ အသင္းႀကီးမွာလည္း ေျခစြမ္းျပသနိုင္ခဲ့တာေၾကာင့္ အသင္းရဲ့ပြဲစဥ္အခ်ိဳ႕မွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရေနတာျဖစ္ပါတယ္။

ဆီလန္ေဂါ အသင္းဟာ မေလးရွား စူပါလိဂ္မွာ အဆင့္(၅)ေနရာ ရပ္တည္ေနတာပါ။ဟိန္းထက္ေအာင္ ဟာ လက္ရွိျပသေနတဲ့ ေျခစြမ္းေတြေၾကာင့္ ဆူဇူကီးဖလားၿပိဳင္ပြဲဝင္မယ့္ ျမန္မာ့လက္ေရြးစင္ အသင္းရဲ့အၿပီးသတ္လူစာရင္းမွာ ပါဝင္နိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။