အသက်ရှုကျပ်ပြီး မူးဝေခဲ့လို့ ဆေးရုံကို ပို့ဆောင်ခံခဲ့ရတဲ့ အဂွေရို

ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား အဂွေရို ဟာ အလာဗတ်စ် အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ပထမပိုင်းမှာပဲ အသက်ရှုကျပ်ပြီး မူးဝေခဲ့လို့ ဆက်မကစားနိုင်တော့ဘဲ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ယာယီနည်းပြ ဆာဂျီ ဘာဟွမ်က အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဘာစီလိုနာ အသင်းကို အလွတ်နဲ့ ရောက်ရှိလာခဲ့တဲ့ အဂွေရို ဟာ ဒဏ်ရာပြသနာကြောင့် ပထမ(၂)လလုံး အသင်းအတွက် ပါဝင်မကစားနိုင်ပဲ အနားယူနေခဲ့ရတာဖြစ်ပါတယ်။အာဂျင်တီးနား ကစားသမားဟာ ဗလင်စီယာ နဲ့ ကစားခဲ့တဲ့ အောက်တိုဘာလ အလယ်ပိုင်းမှ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့တာပါ။

ဒါပေမယ့် အဂွေရို ဟာ တဖက်တဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းမှာ ကွင်းထဲမှာတင် တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကြိုတင်ကာကွယ်မှုအနေနဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။အဂွေရို ဟာ အသက်ရှုကျပ်ခဲ့တာကြောင့် ကွင်းထဲမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဆေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ အတူ ကော်တင်ဟို နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ဆေးဘက်ဆိုင်ရာ ညွှန်ကြားမှုတွေအရ အဂွေရိုဟာ ကွင်းထဲကနေ လူနာတင်ယာဉ်နဲ့ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ နောက်ခံလူ ပီကေးကလည်း ဒဏ်ရာပြသနာကြောင့် လူစားလဲခံခဲ့ရပါတယ်။

ဘာစီလိုနာ အသင်းကတော့ အဂွေရို ဟာ နှလုံးရောဂါစစ်ဆေးမှုခံယူခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။ယာယီနည်းပြဖြစ်သူက “ကျွန်တော့်သူ့ကိုမေးခဲ့ပါတယ်။သူက အနည်းငယ်မူးနေတယ်လို့လည်းပြောပါတယ်။သူ့ရဲ့အခြေအနေကိုသိရဖို့ ဆေးရုံကို ခေါ်သွားတယ်ဆိုတာကို အခုမှသိရပါတယ်။ကျွန်တော်ထပ်မသိတော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

အဂွေရို ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒူးဒဏ်ရာနဲ့ တံကောက်ကြောဒဏ်ရာပြသနာကြောင့် မန်စီးတီး အတွက် ပရီးမီးယားလိဂ်ပွဲ(၁၂)ပွဲသာ အကန့်အသတ်နဲ့ ပါဝင်ကစားခဲ့ရတာပါ။အဂွေရို ဟာ ရီးရယ်လ် ကို အရေးနိမ့်ခဲ့တဲ့ အယ်ကလက်ဆီကို ပွဲမှာ ဘာကာ ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကြောင့် အမှတ်ပေးဇယား အဆင့်(၉)နေရာကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းတိုက္စစ္ကစားသမား အေဂြရို ဟာ အလာဗတ္စ္ အသင္းနဲ႔ ကစားခဲ့တဲ့ လာလီဂါပြဲစဥ္ရဲ့ပထမပိုင္းမွာပဲ အသက္ရႈက်ပ္ၿပီး မူးေဝခဲ့လို႔ ဆက္မကစားနိုင္ေတာ့ဘဲ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ ယာယီနည္းၿပ ဆာဂ်ီ ဘာဟြမ္က အတည္ျပဳပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဘာစီလိုနာ အသင္းကို အလြတ္နဲ႔ ေရာက္ရွိလာခဲ့တဲ့ အေဂြရို ဟာ ဒဏ္ရာျပသနာေၾကာင့္ ပထမ(၂)လလုံး အသင္းအတြက္ ပါဝင္မကစားနိုင္ပဲ အနားယူေနခဲ့ရတာျဖစ္ပါတယ္။အာဂ်င္တီးနား ကစားသမားဟာ ဗလင္စီယာ နဲ႔ ကစားခဲ့တဲ့ ေအာက္တိုဘာလ အလယ္ပိုင္းမွ အသင္းအတြက္ ပါဝင္ကစားနိုင္ခဲ့တာပါ။

ဒါေပမယ့္ အေဂြရို ဟာ တဖက္တဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္ရဲ့ပထမပိုင္းမွာ ကြင္းထဲမွာတင္ ေတာ္ေတာ္ေလးကို အဆင္မေျပျဖစ္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ကြင္းထဲကေန ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။အေဂြရို ဟာ အသက္ရႈက်ပ္ခဲ့တာေၾကာင့္ ကြင္းထဲမွာ ေဆးကုသမႈခံယူခဲ့ရပါတယ္။

ေနာက္ပိုင္းမွာ ေဆးအဖြဲ႕ရဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ အတူ ေကာ္တင္ဟို နဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ေဆးဘက္ဆိုင္ရာ ညႊန္ၾကားမႈေတြအရ အေဂြရိုဟာ ကြင္းထဲကေန လူနာတင္ယာဥ္နဲ႔ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ဒီပြဲမွာ ေနာက္ခံလူ ပီေကးကလည္း ဒဏ္ရာျပသနာေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။

ဘာစီလိုနာ အသင္းကေတာ့ အေဂြရို ဟာ ႏွလုံးေရာဂါစစ္ေဆးမႈခံယူခဲ့ရတယ္လို႔ အတည္ျပဳထားပါတယ္။ယာယီနည္းျပျဖစ္သူက “ကၽြန္ေတာ့္သူ႔ကိုေမးခဲ့ပါတယ္။သူက အနည္းငယ္မူးေနတယ္လို႔လည္းေျပာပါတယ္။သူ႔ရဲ့အေျခအေနကိုသိရဖို႔ ေဆး႐ုံကို ေခၚသြားတယ္ဆိုတာကို အခုမွသိရပါတယ္။ကၽြန္ေတာ္ထပ္မသိေတာ့ပါဘူး”လို႔ ဆိုခဲ့ပါတယ္။

အေဂြရို ဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဒူးဒဏ္ရာနဲ႔ တံေကာက္ေၾကာဒဏ္ရာျပသနာေၾကာင့္ မန္စီးတီး အတြက္ ပရီးမီးယားလိဂ္ပြဲ(၁၂)ပြဲသာ အကန႔္အသတ္နဲ႔ ပါဝင္ကစားခဲ့ရတာပါ။အေဂြရို ဟာ ရီးရယ္လ္ ကို အေရးနိမ့္ခဲ့တဲ့ အယ္ကလက္ဆီကို ပြဲမွာ ဘာကာ ကစားသမားဘဝ ပထမဆုံးဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။

ဘာစီလိုနာ အသင္းဟာ လက္ရွိအခ်ိန္မွာ ရလဒ္ဆိုးေတြေၾကာင့္ အမွတ္ေပးဇယား အဆင့္(၉)ေနရာကို ေရာက္ရွိေနခဲ့တာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဒိုင္နမိုကိဗ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။