ဒိုင်လူကြီး ထိုးမယ်တကဲကဲလုပ်ခဲ့လို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်စ်

အဲဗာတန် အသင်းကနေ ကာတာကလပ် အယ်လ်ရေယန် အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ အာရာဘီ အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာတာလိဂ်ပွဲစဉ်မှာ (၂)ဝါတနီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။

အယ်လ်ရေယန် အသင်းက အာရာဘီ အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ သူ့ကို အဝါကတ်ပြသခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်လို့ စောဒကတက်ခဲ့တာဖြစ်ပါတယ်။

ဂျိမ်းရိုဒရီဂွတ်စ်ကို အသင်းသားတွေက မနည်းလိုက်လံ တား‌ဆီးခဲ့ရတာဖြစ်ပါတယ်။ဂျိမ်းစ်ရိုဒရီဂွတ်ရဲ့အတင်းစောဒကတက်ခဲ့မှုကြောင့် ကွင်းလယ်ဒိုင်လူကြီးက (၂)ဝါတနီနဲ့ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ပြတ်ရယ်ပြုတဲ့အနေနဲ့ လက်ခုပ်တီးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ သူ့ရဲ့ဂျာစီ ကို ချွတ်ပြီး ဥမင်လှိုဏ်ခေါင်းထဲ ပြေးဝင်သွားခဲ့တာဖြစ်ပါတယ်။ကိုလံဘီယာ ကစားသမားဟာ ကာတာကလပ်အတွက် (၃)ပွဲသာ ကစားရသေးပေမယ့် အခုလို ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ ဆိုင်လီရာ အသင်းကို (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာတော့ ကာတာ ကလပ်အတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ နည်းပြ အန်ဆယ်လော့တီ အဲဗာတန် အသင်းကို ကိုင်တွယ်ခဲ့တုန်းက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အန်ဆယ်လော့တီ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ဘင်နီတက်စ် အဲဗာတန် အသင်းကို ကိုင်တွယ်ချိန်မှာတော့ ကစားခွင့်ပျောက်ဆုံးသွားခဲ့တာပါ။

အဲ့‌ဒါကြောင့် ဂျိမ်းစ်ရိုဒရီဂွတ်စ် ဟာ ကာတာကလပ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အယ်လ်ရေယန် အသင်းဟာ လက်ရှိကာတာလိဂ်မှာ (၈)ပွဲကစားထားပြီး ရမှတ်(၉)မှတ်နဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

အဲဗာတန္ အသင္းကေန ကာတာကလပ္ အယ္လ္ေရယန္ အသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ အာရာဘီ အသင္းကို အေရးနိမ့္ခဲ့တဲ့ ကာတာလိဂ္ပြဲစဥ္မွာ (၂)ဝါတနီနဲ႔ ထုတ္ပယ္ခံလိုက္ရပါတယ္။

အယ္လ္ေရယန္ အသင္းက အာရာဘီ အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ဒီပြဲစဥ္ရဲ့နာက်င္အခ်ိန္ပိုမွာ ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ သူ႔ကို အဝါကတ္ျပသခဲ့တဲ့ ဒိုင္လူႀကီးရဲ့ဆုံးျဖတ္ခ်က္ကို မေက်နပ္လို႔ ေစာဒကတက္ခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းရိုဒရီဂြတ္စ္ကို အသင္းသားေတြက မနည္းလိုက္လံ တား‌ဆီးခဲ့ရတာျဖစ္ပါတယ္။ဂ်ိမ္းစ္ရိုဒရီဂြတ္ရဲ့အတင္းေစာဒကတက္ခဲ့မႈေၾကာင့္ ကြင္းလယ္ဒိုင္လူႀကီးက (၂)ဝါတနီနဲ႔ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ ဒိုင္လူႀကီးရဲ့ဆုံးျဖတ္ခ်က္ကို ျပတ္ရယ္ျပဳတဲ့အေနနဲ႔ လက္ခုပ္တီးခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ သူ႔ရဲ့ဂ်ာစီ ကို ခၽြတ္ၿပီး ဥမင္လွိုဏ္ေခါင္းထဲ ေျပးဝင္သြားခဲ့တာျဖစ္ပါတယ္။ကိုလံဘီယာ ကစားသမားဟာ ကာတာကလပ္အတြက္ (၃)ပြဲသာ ကစားရေသးေပမယ့္ အခုလို ထုတ္ပယ္ခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ ဆိုင္လီရာ အသင္းကို (၄)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရတဲ့ ပြဲမွာေတာ့ ကာတာ ကလပ္အတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ နည္းၿပ အန္ဆယ္ေလာ့တီ အဲဗာတန္ အသင္းကို ကိုင္တြယ္ခဲ့တုန္းက ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ အန္ဆယ္ေလာ့တီ ရီးရယ္လ္ အသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီး ဘင္နီတက္စ္ အဲဗာတန္ အသင္းကို ကိုင္တြယ္ခ်ိန္မွာေတာ့ ကစားခြင့္ေပ်ာက္ဆုံးသြားခဲ့တာပါ။

အဲ့‌ဒါေၾကာင့္ ဂ်ိမ္းစ္ရိုဒရီဂြတ္စ္ ဟာ ကာတာကလပ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။အယ္လ္ေရယန္ အသင္းဟာ လက္ရွိကာတာလိဂ္မွာ (၈)ပြဲကစားထားၿပီး ရမွတ္(၉)မွတ္နဲ႔ အဆင့္(၆)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။