ရာမို့စ် အပေါ်စိတ်ရှည်သည်းခံမှုကုန်ဆုံးလာပြီဖြစ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက အလွတ်နဲ့ ခေါ်ယူထားတဲ့ ရီးရယ်လ် နောက်ခံလူဟောင်း ရာမို့စ် ကို စာချုပ်ဖျက်သိမ်းဖို့ ရှိနေပြီလို့ ပြင်သစ်သတင်းတွေက ဖော်ပြလိုက်ပါတယ်။ရာမို့စ် ဟာ အခုအချိန်ထိ ပီအက်စ်ဂျီ အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

စပိန်နောက်ခံလူဟာ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာအပြီးမှာ အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်ရင်း ဒဏ်ရာပြသနာရရှိသွားခဲ့တာဖြစ်ပါတယ်။ရာမို့စ် ဟာ ဒီဒဏ်ရာကို သက်သာပျောက်ကင်းအောင် ကုသမှုခံယူနေရတာဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ရာမို့စ် ပြန်ကစားနိုင်မယ့် နေ့ရက်တွေ အကြိမ်ကြိမ်ထွက်ပေါ်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကစားသမားဟာ အသင်းနဲ့ လေ့ကျင့်မှုတောင် မပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။ရာမို့စ် ဟာ လက်ရှိအချိန်ထိ တဦးချင်းသာလေ့ကျင့်မှုပြုလုပ်နိုင်သေးတာပါ။

ပီအက်စ်ဂျီ အသင်းဟာ သီယာဂိုဆေးလ်ဗား ထွက်သွားပြီးနောက် အသင်းရဲ့ဗဟိုခံစစ်ပိုင်းအတွက် ဝါရင့်နောက်ခံလူအဖြစ် ရာမို့စ် ကို အားကိုးရမလားဆိုပြီး အားဖြည့်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပီအက်ဂျီ အသင်းဟာ ရာမို့စ် ပြန်ကစားနိုင်မယ့် နေ့ရက်ကို စောင့်မျှော်ရင်း စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးလာနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပီအက်စ်ဂျီ အသင်းဟာ ရာမို့စ် ကို စာချုပ်ဖျက်သိမ်းဖို့ အထိ စဉ်းစားနေပြီလို့ Le Parisien သတင်းက ဖော်ပြခဲ့တာပါ။
တကယ်လို့ စာချုပ်ဖျက်သိမ်းလိုက်မယ်‌ဆိုရင် ရာမို့စ် ဟာ အသင်းလက်မဲ့အနေအထားကို ရောက်ရှိသွားတော့မှာလည်းဖြစ်ပါတယ်။

ရာမို့စ် ဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒဏ်ရာပြသနာကြောင့် ရီးရယ်လ် အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရပြီး ယူရိုပြိုင်ပွဲဝင်ခဲ့တဲ့ စပိန်လက်ရွေးစင် အသင်း လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။လက်ရျှအချိန်မှာလည်း ရာမို့စ် ဟာ ဒဏ်ရာပြသနာနှိပ်စက်မှုကြောင့် အခက်တွေ့နေရတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပြီး ဆုဖလားအများအပြား သိမ်းပိုက်နိုင်ခဲ့တဲ့ ဝါရင့်နောက်ခံလူ ရာမို့စ် အတွက်တော့ လက်ရှိဒဏ်ရာပြသနာတွေရဲ့အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင်တော့ ပီအက်စ်ဂျီ အသင်းရဲ့စာချုပ်ဖျက်သိမ်းမှုကို ခံရပြီး အသင်းလက်မဲ့အနေအထားရောက်သွားနိုင်တာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီက အလြတ္နဲ႔ ေခၚယူထားတဲ့ ရီးရယ္လ္ ေနာက္ခံလူေဟာင္း ရာမို႔စ္ ကို စာခ်ဳပ္ဖ်က္သိမ္းဖို႔ ရွိေနၿပီလို႔ ျပင္သစ္သတင္းေတြက ေဖာ္ျပလိုက္ပါတယ္။ရာမို႔စ္ ဟာ အခုအခ်ိန္ထိ ပီအက္စ္ဂ်ီ အသင္းအတြက္ ပါဝင္ကစားနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

စပိန္ေနာက္ခံလူဟာ ပီအက္စ္ဂ်ီ အသင္းကို ေရာက္ရွိလာအၿပီးမွာ အသင္းနဲ႔ ေလ့က်င့္မႈျပဳလုပ္ရင္း ဒဏ္ရာျပသနာရရွိသြားခဲ့တာျဖစ္ပါတယ္။ရာမို႔စ္ ဟာ ဒီဒဏ္ရာကို သက္သာေပ်ာက္ကင္းေအာင္ ကုသမႈခံယူေနရတာျဖစ္ၿပီး အသင္းအတြက္ ပါဝင္ကစားဖို႔ ခက္ခဲေနတာျဖစ္ပါတယ္။

ရာမို႔စ္ ျပန္ကစားနိုင္မယ့္ ေန႔ရက္ေတြ အႀကိမ္ႀကိမ္ထြက္ေပၚလာခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ကစားသမားဟာ အသင္းနဲ႔ ေလ့က်င့္မႈေတာင္ မျပဳလုပ္နိုင္ေသးတာျဖစ္ပါတယ္။ရာမို႔စ္ ဟာ လက္ရွိအခ်ိန္ထိ တဦးခ်င္းသာေလ့က်င့္မႈျပဳလုပ္နိုင္ေသးတာပါ။

ပီအက္စ္ဂ်ီ အသင္းဟာ သီယာဂိုေဆးလ္ဗား ထြက္သြားၿပီးေနာက္ အသင္းရဲ့ဗဟိုခံစစ္ပိုင္းအတြက္ ဝါရင့္ေနာက္ခံလူအျဖစ္ ရာမို႔စ္ ကို အားကိုးရမလားဆိုၿပီး အားျဖည့္ခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ပီအက္ဂ်ီ အသင္းဟာ ရာမို႔စ္ ျပန္ကစားနိုင္မယ့္ ေန႔ရက္ကို ေစာင့္ေမၽွာ္ရင္း စိတ္ရွည္သည္းခံမႈေတြ ကုန္ဆုံးလာေနတာျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ပီအက္စ္ဂ်ီ အသင္းဟာ ရာမို႔စ္ ကို စာခ်ဳပ္ဖ်က္သိမ္းဖို႔ အထိ စဥ္းစားေနၿပီလို႔ Le Parisien သတင္းက ေဖာ္ျပခဲ့တာပါ။
တကယ္လို႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္မယ္‌ဆိုရင္ ရာမို႔စ္ ဟာ အသင္းလက္မဲ့အေနအထားကို ေရာက္ရွိသြားေတာ့မွာလည္းျဖစ္ပါတယ္။

ရာမို႔စ္ ဟာ ၿပီးခဲ့တဲ့ရာသီကလည္း ဒဏ္ရာျပသနာေၾကာင့္ ရီးရယ္လ္ အသင္းအတြက္ ပြဲအနည္းငယ္သာ ပါဝင္ကစားခဲ့ရၿပီး ယူရိုၿပိဳင္ပြဲဝင္ခဲ့တဲ့ စပိန္လက္ေရြးစင္ အသင္း လူစာရင္းကေနလည္း ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။လက္ရၽွအခ်ိန္မွာလည္း ရာမို႔စ္ ဟာ ဒဏ္ရာျပသနာႏွိပ္စက္မႈေၾကာင့္ အခက္ေတြ႕ေနရတာျဖစ္ပါတယ္။

ကမၻာ့အေကာင္းဆုံးေနာက္ခံလူေတြထဲက တဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ဆုဖလားအမ်ားအျပား သိမ္းပိုက္နိုင္ခဲ့တဲ့ ဝါရင့္ေနာက္ခံလူ ရာမို႔စ္ အတြက္ေတာ့ လက္ရွိဒဏ္ရာျပသနာေတြရဲ့အေျခအေန တိုးတက္မႈမရွိဘူးဆိုရင္ေတာ့ ပီအက္စ္ဂ်ီ အသင္းရဲ့စာခ်ဳပ္ဖ်က္သိမ္းမႈကို ခံရၿပီး အသင္းလက္မဲ့အေနအထားေရာက္သြားနိုင္တာျဖစ္ပါတယ္။