ဂိုးသွင်းတက်ရုံသာမကဘဲ အကောင်းဆုံးဂိုးဖန်တီးမှုပါပြုလုပ်ပြသွားတဲ့ လီ၀န်ဒေါစကီး

အခုနှစ်အတွက်ပေးအပ်ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ရဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တဦးဖြစ်တဲ့ လီ၀န်ဒေါစကီး ဟာ ဒီရာသီမှာလည်း ဂိုးအများအပြားသွင်းပြီး ခြေစွမ်းပြသနေတာဖြစ်ပါတယ်။လီ၀န်ဒေါစကီး ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ(၁၅)ပွဲပါ၀င်ကစားထားပြီး (၁၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။လီ၀န်ဒေါစကီး ဟာ ယူနီယံဘာလင် အသင်းကို (၅)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာလည်း (၂)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိကစားသမားဟာ ဒီပွဲမှာ ပြစ်ဒဏ်ဘောကနေ လှလှပပသွင်းဂိုးတဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီးဟာ ဒီပွဲမှာ ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် မီးမောင်းထိုးပြတဲ့ အနေနဲ့ အကောင်းဆုံးဂိုးဖန်တီးမှုလို့ ပြောလို့ရတဲ့ ဖန်တီးမှုကိုပါ ပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပိုလန်လက်ရွေးစင် ကစားသမားဟာ အခုနှစ်အတွက် အကောင်းဆုံးဂိုးဖန်တီးမှုလို့ ပြောလို့ရတဲ့ ဖန်တီးမှုတခုကို ဒီပွဲမှာပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကို ဆာနေးက အသုံးမချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီး ဟာ ယူနီယံဘာလင် အသင်းးရဲ့ဂိုးဧရိယာမှာ ပြိုင်ဘက်ကစားသမားက ဖ်ိအားပေးနေတဲ့ကြားထဲက (၁၈၀)ဒီဂရီ (၂)ကြိမ်လှည့်ကာ ဘောလုံးကို ထိန်းပြသွားခဲ့တာလည်းဖြစ်ပါတယ်။

လီ၀န်ဒေါစကီး ဟာ ဒီဘောလုံးကို ဆာနေး ရဲ့လမ်းကြောင်းထဲ ထိုးပေးခဲ့တာဖြစ်ပြီး ဂျာမနှီ ကစားသမားက ဂိုးးသမားရဲ့တည့်တည့်ကို ကန်မိသွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့် လီ၀န်ဒေါစကီးရဲ့အကောင်းဆုံးဂိုးဖန်တီးမှုဖြစ်မယ့် အခွင့်အရေးဆုံးရှုံးသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ဘက် ဒေါ့မွန်အသင်းထက် (၁)မှတ်အသာနဲ့ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီး ကတော့ အခုလထဲပေးအပ်မယ့် ဘောလွန်းဒီအောဆုအတွက် မက်ဆီ၊ဘန်ဇီမာ၊ဂျော်ဂျင်ဟို တို့နဲ့ အပြိုင်ရေပန်းစားနေခဲ့တာပါ။

လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်တည်းက ဒီဆုကို ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ဆုပေးပွဲကျင်းပမယ့် အဖွဲ့အစည်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီဆုကို ကျင်းပဖို့ ဖျက်သိမ်းခဲ့တဲ့ အတွက် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ဒီနှစ်မှာ ဆုရသင့်တယ်ဆိုပြီး သုံးသပ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီး ကတော့ လက်ရှိအချိန်ထိ သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ခဲ့ပြီး သွင်းဂိုးတွေအများအပြားကို ဆက်လက်သွင်းယူနေခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

အခုႏွစ္အတြက္ေပးအပ္ခ်ီးျမႇင့္မယ့္ ေဘာလြန္းဒီေအာဆုကို ရဖို႔ ေရပန္းစားေနတဲ့ သူေတြထဲက တဦးျဖစ္တဲ့ လီ၀န္ေဒါစကီး ဟာ ဒီရာသီမွာလည္း ဂိုးအမ်ားအျပားသြင္းၿပီး ေျခစြမ္းျပသေနတာျဖစ္ပါတယ္။လီ၀န္ေဒါစကီး ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ(၁၅)ပြဲပါ၀င္ကစားထားၿပီး (၁၉)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။လီ၀န္ေဒါစကီး ဟာ ယူနီယံဘာလင္ အသင္းကို (၅)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရတဲ့ ပြဲမွာလည္း (၂)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

အသက္(၃၃)ႏွစ္အရြယ္ရွိကစားသမားဟာ ဒီပြဲမွာ ျပစ္ဒဏ္ေဘာကေန လွလွပပသြင္းဂိုးတဂိုးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။လီ၀န္ေဒါစကီးဟာ ဒီပြဲမွာ ၿပီးျပည့္စုံတဲ့ ကစားသမားအျဖစ္ မီးေမာင္းထိုးျပတဲ့ အေနနဲ႔ အေကာင္းဆုံးဂိုးဖန္တီးမႈလို႔ ေျပာလို႔ရတဲ့ ဖန္တီးမႈကိုပါ ျပဳလုပ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပိုလန္လက္ေရြးစင္ ကစားသမားဟာ အခုႏွစ္အတြက္ အေကာင္းဆုံးဂိုးဖန္တီးမႈလို႔ ေျပာလို႔ရတဲ့ ဖန္တီးမႈတခုကို ဒီပြဲမွာျပဳလုပ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါကို ဆာေနးက အသုံးမခ်နိုင္ခဲ့တာလည္းျဖစ္ပါတယ္။လီ၀န္ေဒါစကီး ဟာ ယူနီယံဘာလင္ အသင္းးရဲ့ဂိုးဧရိယာမွာ ၿပိဳင္ဘက္ကစားသမားက ဖ္ိအားေပးေနတဲ့ၾကားထဲက (၁၈၀)ဒီဂရီ (၂)ႀကိမ္လွည့္ကာ ေဘာလုံးကို ထိန္းျပသြားခဲ့တာလည္းျဖစ္ပါတယ္။

လီ၀န္ေဒါစကီး ဟာ ဒီေဘာလုံးကို ဆာေနး ရဲ့လမ္းေၾကာင္းထဲ ထိုးေပးခဲ့တာျဖစ္ၿပီး ဂ်ာမႏွီ ကစားသမားက ဂိုးးသမားရဲ့တည့္တည့္ကို ကန္မိသြားခဲ့တာလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ လီ၀န္ေဒါစကီးရဲ့အေကာင္းဆုံးဂိုးဖန္တီးမႈျဖစ္မယ့္ အခြင့္အေရးဆုံးရႈံးသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ၿပိဳင္ဘက္ ေဒါ့မြန္အသင္းထက္ (၁)မွတ္အသာနဲ႔ ဘြန္ဒစ္လီဂါ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ေနခဲ့တာလည္းျဖစ္ပါတယ္။လီ၀န္ေဒါစကီး ကေတာ့ အခုလထဲေပးအပ္မယ့္ ေဘာလြန္းဒီေအာဆုအတြက္ မက္ဆီ၊ဘန္ဇီမာ၊ေဂ်ာ္ဂ်င္ဟို တို႔နဲ႔ အၿပိဳင္ေရပန္းစားေနခဲ့တာပါ။

လီ၀န္ေဒါစကီး ဟာ ၿပီးခဲ့တဲ့ႏွစ္တည္းက ဒီဆုကို ရရွိဖို႔ ေရပန္းစားခဲ့ေပမယ့္ ဆုေပးပြဲက်င္းပမယ့္ အဖြဲ႕အစည္းက ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီဆုကို က်င္းပဖို႔ ဖ်က္သိမ္းခဲ့တဲ့ အတြက္ နစ္နာခဲ့ရတာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဒီႏွစ္မွာ ဆုရသင့္တယ္ဆိုၿပီး သုံးသပ္မႈေတြရွိေနတာလည္းျဖစ္ပါတယ္။လီ၀န္ေဒါစကီး ကေတာ့ လက္ရွိအခ်ိန္ထိ သူ႔ရဲ့အေကာင္းဆုံးပုံစံကို ဆက္ထိန္းထားနိုင္ခဲ့ၿပီး သြင္းဂိုးေတြအမ်ားအျပားကို ဆက္လက္သြင္းယူေနခဲ့တာလည္းျဖစ္ပါတယ္။