ကိုပါအမေရိကရပြီးပြီ ဘောလွန်းဒီအောမရလည်းဘာမှမဖြစ်ဘူးဆိုတဲ့ မက်ဆီ

ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား မက်ဆီ ကတော့ အခုနှစ် ဘောလွန်းဒီအောဆုအတွက် သူရရှိဖို့ ရေပန်းစားတယ်လို့ မထင်ကြောင်း ပြောလိုက်ပါတယ်။မက်ဆီ ဟာ အခုလထဲ ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို (၇)ကြိမ်မြောက် ရရှိနိုင်ဖို့ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ဒီဆုကို ရရှိဖို့ မက်ဆီ နဲ့ အပြိုင် လီဝန်ဒေါစကီး၊ဘန်ဇီမာ၊ဂျော်ဂျင်ဟိုတို့ကလည်း ရေပန်းစားနေတာဖြစ်ပါတယ်။မက်‌ဆီ ကတော့ စပိန်သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ သူရဖို့ ရေပန်းစားနေတယ်လို့ မထင်ကြောင်း ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။မက်‌ဆီ ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ဆုရဖို့ တစ်ပြေးနေတာလည်းဖြစ်ပါတယ်။

မက်ဆီ က” အရိုးသားဆုံးပြောရရင် ဘောလွန်းဒီအောဆုအတွက် ကျွန်တော်ရေပန်းစားတယ်လို့ မထင်ပါဘူး။ကျွန်တော့်အတွက် အကြီးမားဆုံးအရာကတော့ နိုင်ငံအသင်းနဲ့ အတူ အောင်ပွဲခံနိုင်ခဲ့တာပါပဲ။အဲ့ဒီအောင်မြင်မှုအတွက် အများကြီးရုန်းကန်ခဲ့ပြီး တိုက်ပွဲဝင်ခဲ့တာပါ”

“ဒါဟာ ကျွန်တော့်အ‌တွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ရွှေဘောလုံးဆုထပ်ရရင်တော့ ထူးထူးခြားခြားဖြစ်မှာပါ။(၇)ကြိမ်မြောက်ရရင်တော့ လုံးဝကို ရူးသွပ်စရာပါပဲ။မရခဲ့ရင်လည်း ဘာမှဖြစ်မှာမဟုတ်ပါဘူး။ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေထဲက တခုကို အောင်မြင်ပြီးပါပြီ”

“ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော်အလွန်ပျော်ရွှင်နေခဲ့ပြီး အခုဘာပဲဖြစ်ဖြစ် ရပါတယ်။ကျွန်တော်အမြဲကြိုးစားခဲ့တဲ့ တခုတည်းသောအရာကတော့ ကျွန်တော့်ရဲ့အိမ်မက်နဲ့ ပန်းတိုင်တွေအတွက် ကိုယ့်ကိုကိုယ်လေးလေးစားစားနဲ့ နှိမ့်ချဆက်ဆံဖို့ပါပဲ”

“အကြိမ်ပေါင်းများစွာ လဲကျခဲ့ရပြီး ဒါကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ပြန်ထပြီး ထပ်ကြိုးစားဖို့ကိုပဲ အမြဲတမ်းဆုံးဖြတ်ခဲ့တာပါ။ဘာစီလိုနာနဲ့ အာဂျင်တီးနားမှာ အကြိမ်ပေါင်းများစွာ နာကျင်စရာကောင်းတဲ့ ရှုံးပွဲတွေကြုံတွေ့ခဲ့ပါတယ်။ကျွန်တော့်ကို ကြည့်နေပြီး ကျွန်တော့်ပုံစံအတိုင်းလုပ်နေတဲ့ ကလေးတွေနဲ့ လူငယ်လေးတွေကို မက်ဆေ့ပေးပို့ချင်ပါတယ်”

“သူတို့ရဲ့အိမ်မက်တွေအတွက် တိုက်ပွဲဝင်ဖို့နဲ့ တိုက်ပွဲဝင်ပြီး ဘာမဆိုဖြစ်နိုင်တယ်ဆိုတာကို ပြသလိုက်ပါ”လို့ ဆိုခဲ့ပါတယ်။မက်‌ဆီ ဟာ ဘောလွန်းဒီအောဆုကို (၆)ကြိမ်ရထားတဲ့ ပထမဆုံးကစားသမားလည်းဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းတိုက္စစ္ကစားသမား မက္ဆီ ကေတာ့ အခုႏွစ္ ေဘာလြန္းဒီေအာဆုအတြက္ သူရရွိဖို႔ ေရပန္းစားတယ္လို႔ မထင္ေၾကာင္း ေျပာလိုက္ပါတယ္။မက္ဆီ ဟာ အခုလထဲ ခ်ီးျမႇင့္မယ့္ ေဘာလြန္းဒီေအာဆုကို (၇)ႀကိမ္ေျမာက္ ရရွိနိုင္ဖို႔ ေရပန္းစားေနတာလည္းျဖစ္ပါတယ္။

ဒီဆုကို ရရွိဖို႔ မက္ဆီ နဲ႔ အၿပိဳင္ လီဝန္ေဒါစကီး၊ဘန္ဇီမာ၊ေဂ်ာ္ဂ်င္ဟိုတို႔ကလည္း ေရပန္းစားေနတာျဖစ္ပါတယ္။မက္‌ဆီ ကေတာ့ စပိန္သတင္းစာနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဳးမွာ သူရဖို႔ ေရပန္းစားေနတယ္လို႔ မထင္ေၾကာင္း ေျပာဆိုသြားခဲ့တာလည္းျဖစ္ပါတယ္။မက္‌ဆီ ဟာ အာဂ်င္တီးနား အသင္းနဲ႔ အတူ ကိုပါအေမရိကဖလား ကိုင္ေျမႇာက္နိုင္ခဲ့တာေၾကာင့္ ဆုရဖို႔ တစ္ေျပးေနတာလည္းျဖစ္ပါတယ္။

မက္ဆီ က” အရိုးသားဆုံးေျပာရရင္ ေဘာလြန္းဒီေအာဆုအတြက္ ကၽြန္ေတာ္ေရပန္းစားတယ္လို႔ မထင္ပါဘူး။ကၽြန္ေတာ့္အတြက္ အႀကီးမားဆုံးအရာကေတာ့ နိုင္ငံအသင္းနဲ႔ အတူ ေအာင္ပြဲခံနိုင္ခဲ့တာပါပဲ။အဲ့ဒီေအာင္ျမင္မႈအတြက္ အမ်ားႀကီး႐ုန္းကန္ခဲ့ၿပီး တိုက္ပြဲဝင္ခဲ့တာပါ”

“ဒါဟာ ကၽြန္ေတာ့္အ‌တြက္ အေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ေရႊေဘာလုံးဆုထပ္ရရင္ေတာ့ ထူးထူးျခားျခားျဖစ္မွာပါ။(၇)ႀကိမ္ေျမာက္ရရင္ေတာ့ လုံးဝကို ႐ူးသြပ္စရာပါပဲ။မရခဲ့ရင္လည္း ဘာမွျဖစ္မွာမဟုတ္ပါဘူး။ကၽြန္ေတာ့္အတြက္ ႀကီးက်ယ္ခမ္းနားတဲ့ ရည္မွန္းခ်က္ေတြထဲက တခုကို ေအာင္ျမင္ၿပီးပါၿပီ”

“ျဖစ္ပ်က္ခဲ့တာေတြအတြက္ ကၽြန္ေတာ္အလြန္ေပ်ာ္ရႊင္ေနခဲ့ၿပီး အခုဘာပဲျဖစ္ျဖစ္ ရပါတယ္။ကၽြန္ေတာ္အျမဲႀကိဳးစားခဲ့တဲ့ တခုတည္းေသာအရာကေတာ့ ကၽြန္ေတာ့္ရဲ့အိမ္မက္နဲ႔ ပန္းတိုင္ေတြအတြက္ ကိုယ့္ကိုကိုယ္ေလးေလးစားစားနဲ႔ ႏွိမ့္ခ်ဆက္ဆံဖို႔ပါပဲ”

“အႀကိမ္ေပါင္းမ်ားစြာ လဲက်ခဲ့ရၿပီး ဒါကို မျဖည့္ဆည္းနိုင္ခဲ့ပါဘူး။ျပန္ထၿပီး ထပ္ႀကိဳးစားဖို႔ကိုပဲ အျမဲတမ္းဆုံးျဖတ္ခဲ့တာပါ။ဘာစီလိုနာနဲ႔ အာဂ်င္တီးနားမွာ အႀကိမ္ေပါင္းမ်ားစြာ နာက်င္စရာေကာင္းတဲ့ ရႈံးပြဲေတြၾကဳံေတြ႕ခဲ့ပါတယ္။ကၽြန္ေတာ့္ကို ၾကည့္ေနၿပီး ကၽြန္ေတာ့္ပုံစံအတိုင္းလုပ္ေနတဲ့ ကေလးေတြနဲ႔ လူငယ္ေလးေတြကို မက္ေဆ့ေပးပို႔ခ်င္ပါတယ္”

“သူတို႔ရဲ့အိမ္မက္ေတြအတြက္ တိုက္ပြဲဝင္ဖို႔နဲ႔ တိုက္ပြဲဝင္ၿပီး ဘာမဆိုျဖစ္နိုင္တယ္ဆိုတာကို ျပသလိုက္ပါ”လို႔ ဆိုခဲ့ပါတယ္။မက္‌ဆီ ဟာ ေဘာလြန္းဒီေအာဆုကို (၆)ႀကိမ္ရထားတဲ့ ပထမဆုံးကစားသမားလည္းျဖစ္ပါတယ္။