ကွန်တီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေတဲ့ စပါး

စပါး အသင်းဟာ ရလဒ်တွေဆိုးဝါးနေတာကြောင့် အခုရာသီမစခင်ကမှ နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ နူနိုဆန်းတို့စ် ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလည်းဖြစ်ပါတယ်။စပါး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

စပါး အသင်းဟာ နူနို ကို ထုတ်ပယ်ပြီးနောက် ရာသီအစက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တဲ့ ကွန်တီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ နီးစပ်နေပြီလို့ နောက်ဆုံးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမန်နို ရဲ့ဖော်ပြချက်အရ ကွန်တီ ဟာ စပါး အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုထားပါတယ်။နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကိုတောင် ပြုလုပ်နေပြီလို့လည်း သိရပါတယ်။

ကွန်တီ အတွက် ပေးချေမယ့်လစာနဲ့ စာချုပ်ကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် သူက သဘောတူလက်ခံခဲ့တယ်လို့ ယုံကြည်ရတာလည်းဖြစ်ပါတယ်။ကွန်တီ ကို ခေါ်ယူနိုင်ဖို့ ဂျုဗင်တပ်စ် မှာ အတူလက်တွဲလုပ်ကိုင်ခဲ့တဲ့ အားကစားဒါရိုက်တာ ပါရာတီချီ က ကြိုးပမ်းနေတာပါ။

အစောပိုင်းက ကွန်တီ ဟာ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဖြစ်လာဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဆိုးလ်ရှား ကို ဆက်လက်ယုံကြည်ပေးခဲ့တာကြောင့် ကွန်တီ ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်မလာခဲ့တာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား ကတော့ စပါး အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရအောင် အသင်းကို ပြန်လည်ကိုင်တွယ်နိုင်ခဲ့တာကြောင့် အသင်း ရဲ့ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားရဲ့နည်းပြရာထူးကလည်း အတ္တလန္တာ၊မန်စီးတီး တို့နဲ့ ပွဲမှာ ရလဒ်မကောင်းခဲ့ရင် ထုတ်ပယ်ခံရမယ့် အခြေအနေမှာရှိနေပါသေးတယ်။

စပါး အသင်းဟာ ကြားရက်မှာ ယူရိုပါကွန်းဖရန့်စ်လိဂ်ပွဲစဉ်အဖြစ် ဗီတက်ဆီ အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

စပါး အသင္းဟာ ရလဒ္ေတြဆိုးဝါးေနတာေၾကာင့္ အခုရာသီမစခင္ကမွ နည္းျပသစ္အျဖစ္ ခန႔္အပ္ထားတဲ့ ႏူနိုဆန္းတို႔စ္ ကို နည္းျပရာထူးကေန ထုတ္ပယ္လိုက္ၿပီလည္းျဖစ္ပါတယ္။စပါး အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ဂိုးျပတ္အေရးနိမ့္ၿပီးေနာက္ အခုလိုဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။

စပါး အသင္းဟာ ႏူနို ကို ထုတ္ပယ္ၿပီးေနာက္ ရာသီအစက နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ခ်ဥ္းကပ္မႈေတြ ျပဳလုပ္ခဲ့တဲ့ ကြန္တီ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ နီးစပ္ေနၿပီလို႔ ေနာက္ဆုံးရ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ရိုမန္နို ရဲ့ေဖာ္ျပခ်က္အရ ကြန္တီ ဟာ စပါး အသင္းရဲ့ကမ္းလွမ္းမႈကို လက္ခံဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုထားပါတယ္။ေနာက္ဆုံးအဆင့္ ေဆြးေႏြးမႈေတြကိုေတာင္ ျပဳလုပ္ေနၿပီလို႔လည္း သိရပါတယ္။

ကြန္တီ အတြက္ ေပးေခ်မယ့္လစာနဲ႔ စာခ်ဳပ္ကို ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္ သူက သေဘာတူလက္ခံခဲ့တယ္လို႔ ယုံၾကည္ရတာလည္းျဖစ္ပါတယ္။ကြန္တီ ကို ေခၚယူနိုင္ဖို႔ ဂ်ဳဗင္တပ္စ္ မွာ အတူလက္တြဲလုပ္ကိုင္ခဲ့တဲ့ အားကစားဒါရိုက္တာ ပါရာတီခ်ီ က ႀကိဳးပမ္းေနတာပါ။

အေစာပိုင္းက ကြန္တီ ဟာ ရလဒ္ဆိုးေတြေၾကာင့္ ႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းျပျဖစ္လာဖို႔ နီးစပ္ခဲ့ေသးတာျဖစ္ပါတယ္။ဒါေပမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ဆိုးလ္ရွား ကို ဆက္လက္ယုံၾကည္ေပးခဲ့တာေၾကာင့္ ကြန္တီ ဟာ မန္ခ်က္စတာယူနိုက္တက္နည္းျပျဖစ္မလာခဲ့တာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား ကေတာ့ စပါး အသင္းကို (၃)ဂိုးျပတ္နဲ႔ အနိုင္ရေအာင္ အသင္းကို ျပန္လည္ကိုင္တြယ္နိုင္ခဲ့တာေၾကာင့္ အသင္း ရဲ့ယုံၾကည္မႈကို ျပန္လည္ရယူနိုင္ခဲ့ပါတယ္။ဒါေပမယ့္ ဆိုးလ္ရွားရဲ့နည္းျပရာထူးကလည္း အတၱလႏၲာ၊မန္စီးတီး တို႔နဲ႔ ပြဲမွာ ရလဒ္မေကာင္းခဲ့ရင္ ထုတ္ပယ္ခံရမယ့္ အေျခအေနမွာရွိေနပါေသးတယ္။

စပါး အသင္းဟာ ၾကားရက္မွာ ယူရိုပါကြန္းဖရန႔္စ္လိဂ္ပြဲစဥ္အျဖစ္ ဗီတက္ဆီ အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဒီပြဲၿပီးရင္ေတာ့ အဲဗာတန္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။