အဂွေရို ကို ဆေးကုသပေးဖို့ အလွတ်နဲ့ ခေါ်ယူထားသလိုဖြစ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား အဂွေရို ဟာ နှလုံးခုန်မှုပုံမှန်အခြေအနေမှာ မရှိတာကြောင့် အနည်းဆုံး(၃)လခန့်အနားယူရမယ်လို့ အသင်းက အတည်ပြုလိုက်ပါတယ်။အဂွေရို ဟာ အလာဗတ်စ် အသင်းနဲ့ သရေကျခဲ့တဲ့ ပထမပိုင်းမှာ အသက်ရှုကြပ်လာပြီး မူးဝေလာတဲ့ အတွက် ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

အဂွေရို ဟာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆေးစစ်မှုခံယူရခဲ့ရာမှာတော့ အချိန်အတော်ကြာ အနားယူရမယ်လို့ ဘာစီလိုနာ အသင်းက ဆိုခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ “အဂွေရို ရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ဖို့ အတွက် သူ့ရဲ့ကုသမှုကို အကဲအဖြတ်ရမှာဖြစ်ပါတယ်”

“နောက်(၃)လအတွင်းမှာတော့ သူ့ကို ရွေးချယ်မှုပြုလုပ်ရတော့မှာမဟုတ်ပါဘူး။အာဂျင်တီးနား ကစားသမား ကို အလာဗတ်စ် နဲ့ ပွဲစဉ်ရဲ့ပထမပိုင်းမှာ နေထိုင်ရတာအဆင်မပြေဖြစ်ခဲ့ပြီးနောက် နှလုံးရောဂါစစ်ဆေးမှုတွေပြုလုပ်ဖို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ရပါတယ်”လို့ ဆိုထားပါတယ်။

အဂွေရို ဟာ အလာဗတ်စ် နဲ့ (၁)ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်ရဲ့မိနစ်(၄၀)မှာ အဆိုပါဖြစ်ရပ်ဖြစ်ခဲ့တာကြောင့် ကွင်းအတွင်းကုသမှုပြုလုပ်ခဲ့ပြီး ကော်တင်ဟိုနဲ့ လူစားလဲခဲ့ရတာပါ။

အဂွေရို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ မန်စီးတီး အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ဘာစီလိုနာ အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဂွေရို ဟာ ခြေဖမိုးကြွက်သားဒဏ်ရာကြောင့် ပထမ(၂)လ ကို အနားယူခဲ့ရတာဖြစ်ပါတယ်။

အဂွေရို ဟာ အောက်တိုဘာလ လယ်ပိုင်းလောက်မှ ဘာစီလိုနာ အသင်းအတွက် ပွဲထွက်ကစားနိုင်ခဲ့တာဖြစ်ပြီး လာလီဂါပွဲစဉ်(၄)ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ်(၁)ပွဲပါဝင်ကစားထားတာဖြစ်ပြီး ရီးရယ်လ် နဲ့ ပွဲစဉ်မှာ (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရလဒ်ပိုင်းဆိုးနေလို့ နည်းပြ အပြောင်းအလဲပြုလုပ်ထားတဲ့ ဘာစီလိုနာ အတွက်တော့ အဂွေရို ကို ကာလကြာရှည်ထပ်မံလက်လွှတ်ရတာဟာ သတင်းဆိုးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ မနက်ဖြန်မှာ ဒိုင်နမိုကိဗ် အသင်းနဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းတိုက္စစ္ကစားသမား အေဂြရို ဟာ ႏွလုံးခုန္မႈပုံမွန္အေျခအေနမွာ မရွိတာေၾကာင့္ အနည္းဆုံး(၃)လခန႔္အနားယူရမယ္လို႔ အသင္းက အတည္ျပဳလိုက္ပါတယ္။အေဂြရို ဟာ အလာဗတ္စ္ အသင္းနဲ႔ သေရက်ခဲ့တဲ့ ပထမပိုင္းမွာ အသက္ရႈၾကပ္လာၿပီး မူးေဝလာတဲ့ အတြက္ ေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတာျဖစ္ပါတယ္။

အေဂြရို ဟာ ဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ေဆးစစ္မႈခံယူရခဲ့ရာမွာေတာ့ အခ်ိန္အေတာ္ၾကာ အနားယူရမယ္လို႔ ဘာစီလိုနာ အသင္းက ဆိုခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းရဲ့ထုတ္ျပန္ခ်က္မွာေတာ့ “အေဂြရို ရဲ့ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြကို ဆုံးျဖတ္ဖို႔ အတြက္ သူ႔ရဲ့ကုသမႈကို အကဲအျဖတ္ရမွာျဖစ္ပါတယ္”

“ေနာက္(၃)လအတြင္းမွာေတာ့ သူ႔ကို ေရြးခ်ယ္မႈျပဳလုပ္ရေတာ့မွာမဟုတ္ပါဘူး။အာဂ်င္တီးနား ကစားသမား ကို အလာဗတ္စ္ နဲ႔ ပြဲစဥ္ရဲ့ပထမပိုင္းမွာ ေနထိုင္ရတာအဆင္မေျပျဖစ္ခဲ့ၿပီးေနာက္ ႏွလုံးေရာဂါစစ္ေဆးမႈေတြျပဳလုပ္ဖို႔ ေဆး႐ုံကို ေခၚေဆာင္သြားခဲ့ရပါတယ္”လို႔ ဆိုထားပါတယ္။

အေဂြရို ဟာ အလာဗတ္စ္ နဲ႔ (၁)ဂိုးစီ သေရက်ခဲ့တဲ့ ဒီပြဲစဥ္ရဲ့မိနစ္(၄၀)မွာ အဆိုပါျဖစ္ရပ္ျဖစ္ခဲ့တာေၾကာင့္ ကြင္းအတြင္းကုသမႈျပဳလုပ္ခဲ့ၿပီး ေကာ္တင္ဟိုနဲ႔ လူစားလဲခဲ့ရတာပါ။

အေဂြရို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ကမွ မန္စီးတီး အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးၿပီး ဘာစီလိုနာ အသင္းကို အလြတ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ အေဂြရို ဟာ ေျခဖမိုးႂကြက္သားဒဏ္ရာေၾကာင့္ ပထမ(၂)လ ကို အနားယူခဲ့ရတာျဖစ္ပါတယ္။

အေဂြရို ဟာ ေအာက္တိုဘာလ လယ္ပိုင္းေလာက္မွ ဘာစီလိုနာ အသင္းအတြက္ ပြဲထြက္ကစားနိုင္ခဲ့တာျဖစ္ၿပီး လာလီဂါပြဲစဥ္(၄)ပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္(၁)ပြဲပါဝင္ကစားထားတာျဖစ္ၿပီး ရီးရယ္လ္ နဲ႔ ပြဲစဥ္မွာ (၁)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ရလဒ္ပိုင္းဆိုးေနလို႔ နည္းၿပ အေျပာင္းအလဲျပဳလုပ္ထားတဲ့ ဘာစီလိုနာ အတြက္ေတာ့ အေဂြရို ကို ကာလၾကာရွည္ထပ္မံလက္လႊတ္ရတာဟာ သတင္းဆိုးျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ မနက္ျဖန္မွာ ဒိုင္နမိုကိဗ္ အသင္းနဲ႔ ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။