ကွန်တီကို လိုက်မလုဘဲ ဆိုးလ်ရှားအပေါ် ယူနိုက်တက်တို့ အချစ်တွေ ပုံပေးလိုက်ရတဲ့အကြောင်းရင်း

မနေ့ညနေပိုင်းက စပါး နည်းပြ နူနိုဆန်တို ရာထူးက အထုတ်ခံရပြီးနောက်ပိုင်း ကွန်တီအနေနဲ့ စပါးကို ကိုင်တွယ်ဖို့ နီးစပ်နေပါပြီ။

ချဲလ်ဆီးကိုလည်း ကိုင်တွယ်ရင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ကွန်တီကတော့ စပါးကိုသာ ကိုင်တွယ်ဖြစ်ခဲ့ရင် နောက်ထပ်လန်ဒန်မြို့ခံအသင်းကို ကိုင်တွယ်ရမှာလည်း ဖြစ်ပါတယ်။

ကွန်တီကိုခေါ်ယူဖို့ ယူနိုက်တက်က အရင်သတင်းထွက်ခဲ့တာဖြစ်ပေမယ့် လီဗာပူးနဲ့ပွဲအပြီးမှာ ဆိုးလ်ရှားကို ဘုတ်အဖွဲ့နဲ့ဖာဂူဆန်တို့က ကာကွယ်ပေးခဲ့ပြီး ကွန်တီကိုလည်း ယူနိုက်တက်အသိုင်းအဝိုင်းက အလိုမရှိဘူးလို့ သိရပါတယ်။

ကွန်တီကိုယ်တိုင်က ယူနိုက်တက်ကို ကိုင်တွယ်ဖို့ လမ်းဖွင့်ထားပေမယ့် တိကျသေချာတဲ့ ကမ်းလှမ်းမှု၊ ဆွေးနွေးမှုတွေ မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ကွန်တီက အခုချိန်မှာ စပါးကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မန်ချက်စတာညနေခင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ ကွန်တီအနေနဲ့လည်း သူ့ရဲ့ တောင်းဆိုမှုအချို့ကို ယူနိုက်တက်က စီနီယာကစားသမားတွေ လိုက်ပါကစားနိုင်မှာမဟုတ်ဘူးလို့ ယူဆနေပြီး လိုအပ်တဲ့ ကစားသမားခေါ်ယူမှုတွေကိုလည်း ယူနိုက်တက်ဘက်က ပြုလုပ်ပေးဖို့ အစီအစဥ်မရှိပါဘူး။

၃-၅-၂ ကစားကွက်ကို အခြေပြုအသုံးချတဲ့ ကွန်တီဟာ သူ့ရဲ့ကစားကွက်နဲ့ကိုက်ညီမယ့် ကစားသမားတွေကို ထပ်မံခေါ်ယူဖို့ လိုအပ်နေပြီး အချို့ခေါ်ယူမှုတွေက ယူနိုက်တက်အတွက် မနှစ်မြို့စရာတွေ ရှိလာနိုင်ပါတယ်။

စပါးကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်နိုင်ဖို့အတွက် ကွန်တီတောင်းဆိုသမျှကို လိုက်လျောသွားဖို့ရှိပြီး လာမယ့်ဆောင်းရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူပေးမယ်လို့ သိရပါတယ်။