အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားက မက်ဆီိလိုပဲ ကောင်းမွန်တယ်လို့ ဆိုလိုက်တဲ့ ဆစ်ဆီ

ပီအက်စ်ဂျီ အသင်း တိုက်စစ်ကစားသမားဟောင်း ဘင်အာဖာ ဟာ မက်ဆီလိုပဲ ကောင်းမွန်တဲ့ သူဖြစ်တယ်လို့ လီဗာပူးလ် ကစားသမားဟောင်း ဆစ်ဆီ က ပြောလိုက်ပါတယ်။ပြင်သစ်ကစားသမားရဲ့ နည်းစနစ်ပိုင်း စွမ်းဆောင်ရည်က အာဂျင်တီးနား ကစားသမားနဲ့ တန်းတူရှိတယ်လို့ ဆစ်ဆီ က ယုံကြည်နေတာဖြစ်ပါတယ်။

ဆစ်ဆီ က “နည်းပညာပိုင်းအရတော့ ဟေတန်ဟာ အလွန်ကောင်းမွန်တဲ့သူပါ။ ကျွန်တော်ရူးသယောင်ယောင်တောင်ဖြစ်နေပါပြီ။ဒါပေမယ့် ဘင်အာဖာ က မက်ဆီလိုပဲ ကောင်းမွန်တဲ့ အဆင့်မှာရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်သူလုပ်ဆောင်တာတွေကို မြင်ဖူးတဲ့ အတွက် ထပ်ပြောပါမယ်။ဟေတန် ဟာ မက်ဆီလို အကောင်းဆုံးပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သူတို့(၂)ဦးရဲ့ကစားသမားဘဝြဖတ်သန်းမှုနဲ့ ပတ်သက်ပြီး ဒီလိုနှိုင်းယှဉ်မှုမျိုးပြုလုပ်တာဟာ အလွန်ရယ်စရာကောင်းတယ်လို့လည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။မက်ဆီ ဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ သူဖြစ်ပါတယ်။အာဂျင်တီးနား ကစားသမား ဟာ ဆယ်စုနှစ်(၂)ခုနီးပါးကြာ ဘောလုံးပွဲတွေရဲ့ထိပ်ဆုံးနေရာမှာ ရှိနေတာပါ။

မက်ဆီ ဟာ ကလပ်အသင်းအဆင့်မှာ (၇၈၆)ပွဲ ပါ၀င်ကစားထားပြီး (၆၇၅)ဂိုးသွင်းကာ (၃၀၁)ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ဘောလွန်းဒီအောဆုကို စံချိန်တင် (၆)ကြိမ်ရရှိထားပြီး ဥရောပရွှေဖိနပ်ဆုကို အများဆုံးအဖြစ် (၆)ကြိမ်ရရှိထားတာဖြစ်ပါတယ်။မက်ဆီ ဟာ အသင်းဟောင်း ဘာစီလိုနာနဲ့ အတူ ဆူဖလားအများအပြားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘင်အာဖာ ကတော့ ကြီးမားတဲ့ ပါရမီရှင်တဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ဒီထက်ပိုပြီး သတ်မှတ်ခံရတာတော့မရှိတာလည်းဖြစ်ပါတယ်။ဘင်အာဖာ ဟာ ဥရောပထိပ်တန်း(၅)လိဂ်က အသင်း(၅)သင်းမှာ ပါ၀င်ကစားခဲ့ပေမယ့် ကြီးမားတဲ့ အောင်မြင်မှုတွေမရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ အဆိုပါကလပ်အသင်းတွေမှာ ပွဲပေါင်း(၄၁၉)ပွဲပါ၀င်ကစားခဲ့ပြီး (၇၅)၈ိုးသွင်းယူပြီး (၆၂)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာ လီဂူး၀မ်းဖလား(၅)ကြိမ် နဲ့ ပြင်သစ်ဖလား(၃)ကြိမ် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီ က ဘော်ဒိုးအသင်းမှာ ကစားခဲ့တဲ့ ပြင်သစ်ကစားသမား ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီ ကတော့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းအတွက် ပါ၀င်ကစားပေးနေတာဖြစ်ပြီး လီဂူး၀မ်းပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်ဆုံးနေပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္း တိုက္စစ္ကစားသမားေဟာင္း ဘင္အာဖာ ဟာ မက္ဆီလိုပဲ ေကာင္းမြန္တဲ့ သူျဖစ္တယ္လို႔ လီဗာပူးလ္ ကစားသမားေဟာင္း ဆစ္ဆီ က ေျပာလိုက္ပါတယ္။ျပင္သစ္ကစားသမားရဲ့ နည္းစနစ္ပိုင္း စြမ္းေဆာင္ရည္က အာဂ်င္တီးနား ကစားသမားနဲ႔ တန္းတူရွိတယ္လို႔ ဆစ္ဆီ က ယုံၾကည္ေနတာျဖစ္ပါတယ္။

ဆစ္ဆီ က “နည္းပညာပိုင္းအရေတာ့ ေဟတန္ဟာ အလြန္ေကာင္းမြန္တဲ့သူပါ။ ကၽြန္ေတာ္႐ူးသေယာင္ေယာင္ေတာင္ျဖစ္ေနပါၿပီ။ဒါေပမယ့္ ဘင္အာဖာ က မက္ဆီလိုပဲ ေကာင္းမြန္တဲ့ အဆင့္မွာရွိေနတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ္သူလုပ္ေဆာင္တာေတြကို ျမင္ဖူးတဲ့ အတြက္ ထပ္ေျပာပါမယ္။ေဟတန္ ဟာ မက္ဆီလို အေကာင္းဆုံးပါပဲ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

သူတို႔(၂)ဦးရဲ့ကစားသမားဘျဝဖတ္သန္းမႈနဲ႔ ပတ္သက္ၿပီး ဒီလိုႏွိုင္းယွဥ္မႈမ်ိဳးျပဳလုပ္တာဟာ အလြန္ရယ္စရာေကာင္းတယ္လို႔လည္း အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။မက္ဆီ ဟာ ေဘာလုံးသမိုင္းတေလၽွာက္ အေကာင္းဆုံးကစားသမားေတြထဲက တဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ သူျဖစ္ပါတယ္။အာဂ်င္တီးနား ကစားသမား ဟာ ဆယ္စုႏွစ္(၂)ခုနီးပါးၾကာ ေဘာလုံးပြဲေတြရဲ့ထိပ္ဆုံးေနရာမွာ ရွိေနတာပါ။

မက္ဆီ ဟာ ကလပ္အသင္းအဆင့္မွာ (၇၈၆)ပြဲ ပါ၀င္ကစားထားၿပီး (၆၇၅)ဂိုးသြင္းကာ (၃၀၁)ဂိုးဖန္တီးမႈျပဳလုပ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။မက္ဆီ ဟာ ေဘာလြန္းဒီေအာဆုကို စံခ်ိန္တင္ (၆)ႀကိမ္ရရွိထားၿပီး ဥေရာပေရႊဖိနပ္ဆုကို အမ်ားဆုံးအျဖစ္ (၆)ႀကိမ္ရရွိထားတာျဖစ္ပါတယ္။မက္ဆီ ဟာ အသင္းေဟာင္း ဘာစီလိုနာနဲ႔ အတူ ဆူဖလားအမ်ားအျပားရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘင္အာဖာ ကေတာ့ ႀကီးမားတဲ့ ပါရမီရွင္တဦးအျဖစ္ သတ္မွတ္ခံထားရေပမယ့္ ဒီထက္ပိုၿပီး သတ္မွတ္ခံရတာေတာ့မရွိတာလည္းျဖစ္ပါတယ္။ဘင္အာဖာ ဟာ ဥေရာပထိပ္တန္း(၅)လိဂ္က အသင္း(၅)သင္းမွာ ပါ၀င္ကစားခဲ့ေပမယ့္ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြမရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

သူဟာ အဆိုပါကလပ္အသင္းေတြမွာ ပြဲေပါင္း(၄၁၉)ပြဲပါ၀င္ကစားခဲ့ၿပီး (၇၅)၈ိုးသြင္းယူၿပီး (၆၂)ဂိုးဖန္တီးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာ လီဂူး၀မ္းဖလား(၅)ႀကိမ္ နဲ႔ ျပင္သစ္ဖလား(၃)ႀကိမ္ ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီ က ေဘာ္ဒိုးအသင္းမွာ ကစားခဲ့တဲ့ ျပင္သစ္ကစားသမား ဟာ လက္ရွိအခ်ိန္မွာ အသင္းလက္မဲ့ျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။

မက္ဆီ ကေတာ့ လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီ အသင္းအတြက္ ပါ၀င္ကစားေပးေနတာျဖစ္ၿပီး လီဂူး၀မ္းၿပိဳင္ပြဲမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ (၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။