အတ္တလန္တာနဲ့ ပွဲမှာ ဂိုးသွင်းပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့စံချိန်တွေကို ရယူခဲ့တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်း ဟာ ဒီမနက်ပိုင်းက ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်(၄)အဖြစ် အတ္တလန္တာ အသင်းနဲ့ ကစားခဲ့ရာ တဖက်(၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။အတ္တလန္တာ အတွက် အီလီချစ်နဲ့ ဇပါတာ တို့က ဦးဆောင်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပြီး ရော်နယ်ဒို က အနောက်ကနေ ချေပဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ဒီပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးကြောင့် ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်တိုင်း ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အုပ်စုတွင်း အဖွင့်(၃)ပွဲလုံးမှာ (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပြီး ဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာပါ။

အဲ့ဒါကြောင့် ရော်နယ်ဒို ဟာ အုပ်စုတွင်း(၃)ပွဲကစားပြီးချိန်မှာ သွင်းဂိုး(၅)ဂိုးအထိ ရရှိထားတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ အသင်းအတွက် (၂၀၀၉) မေလနောက်ပိုင်း ပထမဆုံးချန်ပီယီလိဂ်ပြိုင်ပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီ ကစားသမားဟာ (၂၀၀၃) က နစ္စတယ်ရွိုင်းပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၄)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မန်ချက်စတာယူနိုက်တက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒို ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့နာကျင်အချိန်ပိုမှာ သွင်းဂိုးအများဆုံးသွင်းယူတဲ့ ကစားသမားအဖြစ် မက်ဆီ ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ရော်နယ်ဒို ဟာ (၈)ဂိုးနဲ့ ဂိုးအများဆုံးဖြစ်ခဲ့တာဖြစ်ပြီး မက်ဆီ က (၇)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီပွဲမှာလည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားအနည်းငယ်ရှိနေသေးတဲ့ နည်းပြ ဆိုးလ်ရှားကို ကယ်တင်ခဲ့ပြန်တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ(၁၁)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ဟာ ဒီမနက္ပိုင္းက ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ပြဲစဥ္(၄)အျဖစ္ အတၱလႏၲာ အသင္းနဲ႔ ကစားခဲ့ရာ တဖက္(၂)ဂိုးစီ သေရက်သြားခဲ့ပါတယ္။အတၱလႏၲာ အတြက္ အီလီခ်စ္နဲ႔ ဇပါတာ တို႔က ဦးေဆာင္ဂိုးေတြသြင္းယူခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒို က အေနာက္ကေန ေခ်ပဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ကေတာ့ ဒီပြဲမွာ သြင္းယူနိုင္ခဲ့တဲ့ ဂိုးေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ပြဲစဥ္တိုင္း ဂိုးသြင္းနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ အုပ္စုတြင္း အဖြင့္(၃)ပြဲလုံးမွာ (၁)ဂိုးစီ သြင္းယူခဲ့တာျဖစ္ၿပီး ဒီပြဲမွာ (၂)ဂိုးသြင္းယူခဲ့တာပါ။

အဲ့ဒါေၾကာင့္ ေရာ္နယ္ဒို ဟာ အုပ္စုတြင္း(၃)ပြဲကစားၿပီးခ်ိန္မွာ သြင္းဂိုး(၅)ဂိုးအထိ ရရွိထားတာလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က မန္ခ်က္စတာယူနိုက္တက္ အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဟာ အသင္းအတြက္ (၂၀၀၉) ေမလေနာက္ပိုင္း ပထမဆုံးခ်န္ပီယီလိဂ္ၿပိဳင္ပြဲမွာ (၂)ဂိုးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတူဂီ ကစားသမားဟာ (၂၀၀၃) က နစၥတယ္ရြိဳင္းၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၄)ပြဲဆက္တိုက္ ဂိုးသြင္းယူနိုင္တဲ့ ပထမဆုံး မန္ခ်က္စတာယူနိုက္တက္ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒို ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့နာက်င္အခ်ိန္ပိုမွာ သြင္းဂိုးအမ်ားဆုံးသြင္းယူတဲ့ ကစားသမားအျဖစ္ မက္ဆီ ကို ေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္နိုင္ခဲ့ပါတယ္။ေရာ္နယ္ဒို ဟာ (၈)ဂိုးနဲ႔ ဂိုးအမ်ားဆုံးျဖစ္ခဲ့တာျဖစ္ၿပီး မက္ဆီ က (၇)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီပြဲမွာလည္း ရာထူးကေန ထုတ္ပယ္ခံရဖို႔ ဖိအားအနည္းငယ္ရွိေနေသးတဲ့ နည္းၿပ ဆိုးလ္ရွားကို ကယ္တင္ခဲ့ျပန္တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲသေရက်ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့အုပ္စုတြင္း ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္နိုင္ခဲ့တာပါ။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၁)ပြဲပါဝင္ကစားထားၿပီး (၉)ဂိုးသြင္းယူထားတာလည္းျဖစ္ပါတယ္။