ပွဲအပြီးမှာ ရော်နယ်ဒိုရဲ့နှလုံးသားကို နမ်းရှုံ့သွားခဲ့ရတဲ့ ပြိုင်ဘက် အတ္တလန်တာကစားသမား

မနေ့က ကစားခဲ့တဲ့ အတ္တလန်တာနဲ့ ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ပွဲကတော့ တစ်ဖက်နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်ပါတ့ တစ်ဖက်နစ်ုက်တက်တို့ရဲ့ ချန်ပ။ ဒီပွဲမှာ အတ္တလန်တာက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ချေပဂိုးနှစ်ဂိုးကြောင့် သရေကျခဲ့ရတာပါ။

ရော်နယ်ဒိုဟာ ပထမပိုင်းပွဲပြီးဖို့ အချိန်ပိုနဲ့ ဒုတိယပိုင်းပြီးဖို့ အချိန်ပိုတွေမှာ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် (၄) ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ပထမချေပဂိုးအတွက် အသင်းလိုက်အကောင်းဆုံး ကစားပုံတည်ဆောက်မှုကို မြင်တွေ့ခဲ့ရပြီး ဒုတိယချေပဂိုးကတော့ ရော်နယ်ဒိုရဲ့ အရွယ်နဲ့ မလိုက်တဲ့ရုန်းအားကြောင့်ပါ။ သူ့ရဲ့  တစ်ကိုယ်တော် ရုန်းထွက် ကန်သွင်းတာကတစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကိုပဲ ရော်နယ်ဒိုက မြေမကျဘော ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုက ဒီပွဲအတွက် တစ်ခုတ်တရ ချီးကျူးခံနေရပြီး ပွဲအပြီးမှာလည်း ပြိုင်ဘက် အတ္တလန်တာကစားသမားက ရော်နယ်ဒိုရဲ့ ရင်ဘတ်ကို နမ်းရှုံ့သွားခဲ့ပါသေးတယ်။ နမ်းရှုံ့သွားတဲ့ ကစားသမားကတော့ အတ္တလန်တာ နောက်ခံလူ ဒီမီရယ်လ်ပါ။

ဒီမီရယ်လ်နဲ့ရော်နယ်ဒိုတို့ဟာ ဂျူဗင်တပ်စ်မှာ အသင်းဖော်တွေဖြစ်ခဲ့ပြီး နှစ်ယောက်အကြား တော်တော်လေး ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ဒီမီရယ်လ် အတ္တလန်တာကို အပြီးသတ်ပြောင်းရွှေ့သွားချိန်မှာလည်း ရော်နယ်ဒိုက ဒီမီရယ်လ်ရဲ့ အိမ်အထိ သွားရောက် နှုတ်ဆက်ခဲ့ပါသေးတယ်။

ဒီလိုမျိုးရင်းနှီးတဲ့ဆက်ဆံရေး၊ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှုတွေကြောင့်လည်း ဒီပွဲအပြီးမှာတော့ ကွင်းထဲကထွက်ခွာဖို့ စောင့်ဆိုင်းနေတဲ့ ရော်နယ်ဒိုရဲ့ရင်ဘတ်ကို ဒီမီရယ်လ်က နမ်းရှုံ့ပြီးမှ ကွင်းထဲက ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။