မန်စီးတီး က ယူနိုက်တက်ကို အနိုင်ရဖို့ အကောင်းဆုံးအခွင့်အရေးရှိနေပြီလို့ ပေါလ်စခိုးလ် ဆို

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ရော်နယ်ဒို ရဲ့ ကယ်တင်မှုကြောင့် အတ္တလန္တာနဲ့ ချန်ပီယံလိဂ်ပွဲမှာ တဖက်(၂)ဂိုးစီ သရေကျသွားခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်ထဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ် ကတော့ အသင်းဟောင်း အနေနဲ့ အတ္တလန္တာနဲ့ ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း စွမ်းဆောင်ခဲ့မယ်ဆိုရင်တော့ ပြသနာတွေရှိလာနိ်ုင်တယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိ်ုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ ပေးဂိုးတွေများနေပြီး စိတ်ပျက်စရာရှိနေတာဖြစ်ပါတယ်။

ပေါလ်စခိုးလ် က “ဒုတ်ိယပိုင်းလို စွမ်းဆောင်ရည်မျိုးနဲ့ စနေနေ့မှာ ဗာရန်းမပါ၀င်နိုင်ခဲ့တာက စိုးရိမ်စရာပါပဲ။မန်စီးတီးအနေနဲ့ သူတို့ အနိုင်ရဖို့ အခွင့်အရေးကောင်းရှိတယ်လို့ ထင်ပါတယ်။ဗာရန်းမပါ၀င်တာက ယူနိုက်တက်အတွက် ပိုမိုခက်ခဲစေမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဗာရန်း ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်(၃၈)မိနစ်မှာ ဒဏ်ရာပြသနာရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြင်သစ်ကစား သမားမပါတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ တူညီတော့မှာမဟုတ်ဘူးလို့ ပေါလ်စခိုးလ် က မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ် က “ဗာရန်း မရှိတော့တဲ့ အချိန်မှာ သူတို့ ဟာ တကယ်ကို တုန်လှုပ်နေခဲ့ပြီး ကွင်းလယ်ပိုင်းရဲ့အရည်အသွေးကလည်း မကောင်းတော့ဘဲ ဘောလုံးကို အဝေးမကြာခဏပေးနေတာကို တွေ့ခဲ့ရပါတယ်။မက်ဂွဲယား ကို ကြည့်ရတာလည်း ဒဏ်ရာရနေတာလား ဒါမှမဟုတ် ယူရိုပါလိဂ်ပြီးတည်းက အရက်နာကျနေတာလားဆိုတာ မသိရပေမယ့် သူ့ကို ကြည့်ရတာတော့ ပုံမှန်မဟုတ်ပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်(၁၀)ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး မန်စီးတီး အသင်းနဲ့ (၃)မှတ်ကွာဟနေ တာလည်းဖြစ်ပါတယ်။

မန်စီးတီး အသင်းကတော့ အဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းက စပါး အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီး အသင်းကတော့ ပဲလေ့စ် အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ေရာ္နယ္ဒို ရဲ့ ကယ္တင္မႈေၾကာင့္ အတၱလႏၲာနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ တဖက္(၂)ဂိုးစီ သေရက်သြားခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီတပတ္ထဲမွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္း ကြင္းလယ္ကစားသမားေဟာင္း ေပါလ္စခိုးလ္ ကေတာ့ အသင္းေဟာင္း အေနနဲ႔ အတၱလႏၲာနဲ႔ ပြဲစဥ္ရဲ့ဒုတိယပိုင္းမွာ ကစားခဲ့တဲ့ ပုံစံအတိုင္း စြမ္းေဆာင္ခဲ့မယ္ဆိုရင္ေတာ့ ျပသနာေတြရွိလာနိ္ုင္တယ္လို႔ သတိေပးလိုက္တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိ္ုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ ေပးဂိုးေတြမ်ားေနၿပီး စိတ္ပ်က္စရာရွိေနတာျဖစ္ပါတယ္။

ေပါလ္စခိုးလ္ က “ဒုတ္ိယပိုင္းလို စြမ္းေဆာင္ရည္မ်ိဳးနဲ႔ စေနေန႔မွာ ဗာရန္းမပါ၀င္နိုင္ခဲ့တာက စိုးရိမ္စရာပါပဲ။မန္စီးတီးအေနနဲ႔ သူတို႔ အနိုင္ရဖို႔ အခြင့္အေရးေကာင္းရွိတယ္လို႔ ထင္ပါတယ္။ဗာရန္းမပါ၀င္တာက ယူနိုက္တက္အတြက္ ပိုမိုခက္ခဲေစမွာပါ”လို႔ ဆိုခဲ့ပါတယ္။

ဗာရန္း ဟာ ဒီပြဲစဥ္ရဲ့ ပြဲခ်ိန္(၃၈)မိနစ္မွာ ဒဏ္ရာျပသနာရွိခဲ့တာေၾကာင့္ လူစားလဲခံခဲ့ရတာလည္းျဖစ္ပါတယ္။ျပင္သစ္ကစား သမားမပါတဲ့ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ တူညီေတာ့မွာမဟုတ္ဘူးလို႔ ေပါလ္စခိုးလ္ က မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။

ေပါလ္စခိုးလ္ က “ဗာရန္း မရွိေတာ့တဲ့ အခ်ိန္မွာ သူတို႔ ဟာ တကယ္ကို တုန္လႈပ္ေနခဲ့ၿပီး ကြင္းလယ္ပိုင္းရဲ့အရည္အေသြးကလည္း မေကာင္းေတာ့ဘဲ ေဘာလုံးကို အေဝးမၾကာခဏေပးေနတာကို ေတြ႕ခဲ့ရပါတယ္။မက္ဂြဲယား ကို ၾကည့္ရတာလည္း ဒဏ္ရာရေနတာလား ဒါမွမဟုတ္ ယူရိုပါလိဂ္ၿပီးတည္းက အရက္နာက်ေနတာလားဆိုတာ မသိရေပမယ့္ သူ႔ကို ၾကည့္ရတာေတာ့ ပုံမွန္မဟုတ္ပါဘူး”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္(၁၀)ပြဲကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယား အဆင့္(၅)ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး မန္စီးတီး အသင္းနဲ႔ (၃)မွတ္ကြာဟေန တာလည္းျဖစ္ပါတယ္။

မန္စီးတီး အသင္းကေတာ့ အဆင့္(၃)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ေနာက္ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက စပါး အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ၿပီး မန္စီးတီး အသင္းကေတာ့ ပဲေလ့စ္ အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။