ချယ်လ်ဆီး ကစားသမားတဦးကို ယာယာတိုရေးနဲ့ နှိုင်းယှဉ်ပြီး ချီးကျုးလိုက်တဲ့ ဖာဒီနန်

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ပြုလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရီယိုဖာဒီနန် ကတော့ ချယ်လ်ဆီး အသင်းကွင်းလယ်ကစားသမား လော့ဖ်တပ်ချိစ် ကို ချီးကျုးလိုက်ပါတယ်။

ရီယိုဖာဒီနန် ဟာ အဆိုပါ အင်္ဂလန်ကစားသမား ကို မန်စီးတီး အသင်း ကွင်းလယ်ကစားသမားဟောင်း ယာယာတိုရေးနဲ့ ပင် နှိုင်းယှဉ်သွားခဲ့တာလည်းဖြစ်ပါတယ်။လော့ဖ်တပ်ချိစ် ဟာ ဒီရာသီ ချယ်လ်ဆီး အသင်းရဲ့ကွင်းလယ်မှာ ပြန်လည်အသက်၀င်လာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာ နည်းပြ တူချယ်လ်ရဲ့ယုံကြည်စိတ်ချရတဲ့ အလှည့်ကျရွေူးချယ်မှုထဲမှာ ပါ၀င်လာ ခဲ့တာလည်းဖြစ်ပါတယ်။တူချယ်လ်ဟာ မယ်လ်မို အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လော့ဖ်တပ်ချိစ် ကို ပွဲစတည်းက အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ရီယိုဖာဒီနန် ကတော့ ဒီပွဲအပြီးမှာ လော့ဖ်တပ်ချိစ် နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ရီယိုဖာဒီနန် က “သူ့ကိုကျွန်တော်ချစ်မြတ်နိုးပါတယ်။ချယ်လ်ဆီးမှာရှိတဲ့ သူငယ်ချင်းဆီကနေ သူ့အကြောင်းကိ်ု အမြဲကြားရပါတယ်။သူ့ကို ယာယာတိုရေးလို တဦးဦးနဲ့ အပြည့်အ၀နှိုင်းယှဉ်ချင်ပါတယ်”လိ်ု့ ပြောခဲ့ပါတယ်။ဒါ့အပြင် ရီယိ်ုဖာဒီနန် က လော့ဖ်တပ်ချိစ် ရဲ့ပြိုင်ဘက်ကစားသမားတွေကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းဆောင်ရည်ကို ချီးကျုးခဲ့ပြီး သူ့ကို ထူးချွန်ထက်မြတ်တဲ့ စွမ်းရည်ရှိတဲ့သူလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်း က “သူဟာ ကစားသမားတွေကို ခြိမ်းခြောက်နိုင်ပါတယ်။သူ့လှည့်ပြီး ကာလိုက်တဲ့ အချိန်မှာ ပြိုင်ဘက်တွေအနေနဲ့ လုံး၀ကစားလို့ မရတော့ပါဘူး။ဗဟိုခံစစ်ကစားသမားတဦး အနေနဲ့ ဒါက ခင်ဗျားရဲ့ အကြီးမားဆုံး အကြောက်တရားတခုပါပဲ”

သူဟာ ခံစစ်ရှေ့မှာ ရှိနေသလို ရှေ့တန်းကစားသမားတွေရဲ့ကျယ်ပြန့်တဲ့ နေရာမှာလည်း သူအဆင်ပြေပါတယ်။ကစားသမားအများအပြားနဲ့ ခင်ဗျားအနေနဲ့ ဒါကို နားလည်မှာမဟုတ်ပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လော့ဖ်တပ်ချိစ် ဟာ မယ်လ်မို ကို အနိုင်ရတဲ့ ပွဲမှာ ဂိုးဖန်တီးမှု နဲ့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် ကစားသမား ဟာ ဒီပွဲမှာ အလွန်ကောင်းမွန်တဲ့ ပေးပို့မှု (၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပေးပို့မှု (၈၃ဒသမ၃)ရာခိုင်နှုန်းအထိ တိကျခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲမှာ ချယ်လ်ဆီး အသင်းဟာ မယ်လ်မို အသင်းကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္ ျပဳလုပ္ေနတဲ့ မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း ရီယိုဖာဒီနန္ ကေတာ့ ခ်ယ္လ္ဆီး အသင္းကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိစ္ ကို ခ်ီးက်ဳးလိုက္ပါတယ္။

ရီယိုဖာဒီနန္ ဟာ အဆိုပါ အဂၤလန္ကစားသမား ကို မန္စီးတီး အသင္း ကြင္းလယ္ကစားသမားေဟာင္း ယာယာတိုေရးနဲ႔ ပင္ ႏွိုင္းယွဥ္သြားခဲ့တာလည္းျဖစ္ပါတယ္။ေလာ့ဖ္တပ္ခ်ိစ္ ဟာ ဒီရာသီ ခ်ယ္လ္ဆီး အသင္းရဲ့ကြင္းလယ္မွာ ျပန္လည္အသက္၀င္လာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာ နည္းၿပ တူခ်ယ္လ္ရဲ့ယုံၾကည္စိတ္ခ်ရတဲ့ အလွည့္က်ေရြူးခ်ယ္မႈထဲမွာ ပါ၀င္လာ ခဲ့တာလည္းျဖစ္ပါတယ္။တူခ်ယ္လ္ဟာ မယ္လ္မို အသင္းကို အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေလာ့ဖ္တပ္ခ်ိစ္ ကို ပြဲစတည္းက အသုံးျပဳခဲ့တာလည္းျဖစ္ပါတယ္။ရီယိုဖာဒီနန္ ကေတာ့ ဒီပြဲအၿပီးမွာ ေလာ့ဖ္တပ္ခ်ိစ္ နဲ႔ ပတ္သက္ၿပီး အခုလို ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ရီယိုဖာဒီနန္ က “သူ႔ကိုကၽြန္ေတာ္ခ်စ္ျမတ္နိုးပါတယ္။ခ်ယ္လ္ဆီးမွာရွိတဲ့ သူငယ္ခ်င္းဆီကေန သူ႔အေၾကာင္းကိ္ု အျမဲၾကားရပါတယ္။သူ႔ကို ယာယာတိုေရးလို တဦးဦးနဲ႔ အျပည့္အ၀ႏွိုင္းယွဥ္ခ်င္ပါတယ္”လိ္ု႔ ေျပာခဲ့ပါတယ္။ဒါ့အျပင္ ရီယိ္ုဖာဒီနန္ က ေလာ့ဖ္တပ္ခ်ိစ္ ရဲ့ၿပိဳင္ဘက္ကစားသမားေတြကို ၿခိမ္းေျခာက္နိုင္တဲ့ စြမ္းေဆာင္ရည္ကို ခ်ီးက်ဳးခဲ့ၿပီး သူ႔ကို ထူးခၽြန္ထက္ျမတ္တဲ့ စြမ္းရည္ရွိတဲ့သူလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ယူနိုက္တက္ေနာက္ခံလူေဟာင္း က “သူဟာ ကစားသမားေတြကို ၿခိမ္းေျခာက္နိုင္ပါတယ္။သူ႔လွည့္ၿပီး ကာလိုက္တဲ့ အခ်ိန္မွာ ၿပိဳင္ဘက္ေတြအေနနဲ႔ လုံး၀ကစားလို႔ မရေတာ့ပါဘူး။ဗဟိုခံစစ္ကစားသမားတဦး အေနနဲ႔ ဒါက ခင္ဗ်ားရဲ့ အႀကီးမားဆုံး အေၾကာက္တရားတခုပါပဲ”

သူဟာ ခံစစ္ေရွ႕မွာ ရွိေနသလို ေရွ႕တန္းကစားသမားေတြရဲ့က်ယ္ျပန္႔တဲ့ ေနရာမွာလည္း သူအဆင္ေျပပါတယ္။ကစားသမားအမ်ားအျပားနဲ႔ ခင္ဗ်ားအေနနဲ႔ ဒါကို နားလည္မွာမဟုတ္ပါဘူး”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေလာ့ဖ္တပ္ခ်ိစ္ ဟာ မယ္လ္မို ကို အနိုင္ရတဲ့ ပြဲမွာ ဂိုးဖန္တီးမႈ နဲ႔ ဂိုးသြင္းယူနိုင္ခဲ့ျခင္းမရွိခဲ့ေပမယ့္ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ ကစားသမား ဟာ ဒီပြဲမွာ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ (၃)ႀကိမ္ျပဳလုပ္နိုင္ခဲ့ၿပီး ေပးပို႔မႈ (၈၃ဒသမ၃)ရာခိုင္ႏႈန္းအထိ တိက်ခဲ့တာလည္းျဖစ္ပါတယ္။ဒီပြဲမွာ ခ်ယ္လ္ဆီး အသင္းဟာ မယ္လ္မို အသင္းကို (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။