ဒီရာသီ ချန်ပီယံလိဂ် ကို လီဗာပူးလ် ရဖို့ ရေပန်းအစားဆုံးပဲလို့ ပြောလိုက်တဲ့ မိုက်ကယ်အိုဝင်

လီဗာပူးလ် အသင်းတိုက်စစ်မှုးဟောင်းဖြစ်တဲ့ မိုက်ကယ်အိုဝင် ကတော့ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ် ရယူနိုင်ဖို့ ရေပန်းအစားဆုံးပဲလို့ပြောလိုက်ပါတယ်။ဒါ့အပြင် လီဗာပူးလ် အသင်းရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး တို့လည်း ရယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးလ် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသလက်တီကို အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးလ် အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စု‌တွင်း (၄)ပွဲကစား (၄)ပွဲနိုင် ရမှတ်(၁၂)မှတ်နဲ့ (၁၆)သင်းအဆင့် ကို တက်ရောက်သွားပြီလည်းဖြစ်ပါတယ်။လီ‌ဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ဖလားကို (၂၀၁၉) က နောက်ဆုံးအကြိမ်ရရှိထားတာဖြစ်ပါတယ်။

အိုဝင်ကတော့ လီဗာပူးလ် အသင်းအနေနဲ့ ဒီရာသီမှာလည်း ရလဒ်ကောင်းတွေရရှိနိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။အိုဝင် က လီဗာပူးလ် အသင်းက ဒီဖလားကို ရယူနိုင်ဖို့ ရေပန်းစားပေမယ့် မန်စီးတီးနဲ့ ချယ်လ်ဆီး တို့က ဒီဖလားအတွက် အကြီးမားဆုံးအန္တရယ်ပေးနိုင်မယ့်သူတွေလို့ ဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ချယ်လ်ဆီး အသင်းက ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုက်ကယ်အိုဝင် က “အင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ်ဟာ လက်ရှိအချိန်မှာ အခြားအသင်းတွေနဲ့ အလှမ်းဝေးကွာနေပြီး ပိုမိုအားကောင်းလာတယ်လို့ထင်ပါတယ်။နှစ်အနည်းငယ်ကြာလာအောင် ကျွန်တော်တို့ အရှေ့ကို ရောက်ရှိနေတာဖြစ်ပြီး လူကာကူနဲ့ ရော်နယ်ဒို တို့လို အီတလီလိဂ်ရဲ့အကောင်းဆုံးကစားသမား(၂)ဦးကို ခေါ်ယူနိုင်ခဲ့ပါတယ်”

“မက်ဆီ ဆိုရင် အားနည်းတဲ့လိဂ်ကို ရောက်ရှိသွားပါတယ်။အဲ့ဒါကြောင့်လည်း စပိန်က အားနည်းသွားခဲ့ပါတယ်။ပြင်သစ်လိဂ်ကိုတော့ ကျွန်တော် အလေးအနတ်ထားလို့ မရပါဘူး။ကျွန်တော်တို့က အကောင်းဆုံးနည်းပြတွေကို ခေါ်ယူနေပါတယ်။လီဗာပူးလ် အတွက် အကြီးမားဆုံး အန္တရယ် က ချယ်လ်ဆီးနဲ့ မန်စီးတီး ဖြစ်မယ်လို့ ထင်ပါတယ်”

“အန်ဖီးလ် ကွင်းကို ကြည့်လိုက်မယ်ဆိုရင် သူတို့ရဲ့အားသာချက်ကို ကျွန်တော့်ခေါင်းထဲကနေ ထုတ်လို့မရပါဘူး။သူတို့ဟာ အန်ဖီးလ်မှာ ရှုံးပွဲမရှိသလောက်ပါပဲ။လီဗာပူးလ် က ရေပန်းအစားဆုံးဖြစ်တယ်လို့ ပြောလို့ရကြောင်း”BT Sport မှာ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုကျပ်လို့ ပြောလို့ရတဲ့ အသလက်တီကို၊ပေါ်တို၊အေစီမီလန် တို့နဲ့ ကျရောက်ခဲ့ပေမယ့် ပွဲတိုင်းအနိုင်ရထားပြီး သက်တောင့်သက်သာနဲ့ ပဲ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

လီဗာပူးလ္ အသင္းတိုက္စစ္မႈးေဟာင္းျဖစ္တဲ့ မိုက္ကယ္အိုဝင္ ကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးလ္ ရယူနိုင္ဖို႔ ေရပန္းအစားဆုံးပဲလို႔ေျပာလိုက္ပါတယ္။ဒါ့အျပင္ လီဗာပူးလ္ အသင္းရဲ့ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး တို႔လည္း ရယူနိုင္တယ္လို႔ ေျပာလိုက္ပါတယ္။

လီဗာပူးလ္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသလက္တီကို အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။လီဗာပူးလ္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ အုပ္စု‌တြင္း (၄)ပြဲကစား (၄)ပြဲနိုင္ ရမွတ္(၁၂)မွတ္နဲ႔ (၁၆)သင္းအဆင့္ ကို တက္ေရာက္သြားၿပီလည္းျဖစ္ပါတယ္။လီ‌ဗာပူးလ္ အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို (၂၀၁၉) က ေနာက္ဆုံးအႀကိမ္ရရွိထားတာျဖစ္ပါတယ္။

အိုဝင္ကေတာ့ လီဗာပူးလ္ အသင္းအေနနဲ႔ ဒီရာသီမွာလည္း ရလဒ္ေကာင္းေတြရရွိနိုင္ဖို႔ ေမၽွာ္လင့္ေနတာလည္းျဖစ္ပါတယ္။အိုဝင္ က လီဗာပူးလ္ အသင္းက ဒီဖလားကို ရယူနိုင္ဖို႔ ေရပန္းစားေပမယ့္ မန္စီးတီးနဲ႔ ခ်ယ္လ္ဆီး တို႔က ဒီဖလားအတြက္ အႀကီးမားဆုံးအႏၲရယ္ေပးနိုင္မယ့္သူေတြလို႔ ဆိုခဲ့တာပါ။

ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဖလားကို ခ်ယ္လ္ဆီး အသင္းက ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။မိုက္ကယ္အိုဝင္ က “အဂၤလိပ္ေဘာလုံးေလာကနဲ႔ ပရီးမီးယားလိဂ္ဟာ လက္ရွိအခ်ိန္မွာ အျခားအသင္းေတြနဲ႔ အလွမ္းေဝးကြာေနၿပီး ပိုမိုအားေကာင္းလာတယ္လို႔ထင္ပါတယ္။ႏွစ္အနည္းငယ္ၾကာလာေအာင္ ကၽြန္ေတာ္တို႔ အေရွ႕ကို ေရာက္ရွိေနတာျဖစ္ၿပီး လူကာကူနဲ႔ ေရာ္နယ္ဒို တို႔လို အီတလီလိဂ္ရဲ့အေကာင္းဆုံးကစားသမား(၂)ဦးကို ေခၚယူနိုင္ခဲ့ပါတယ္”

“မက္ဆီ ဆိုရင္ အားနည္းတဲ့လိဂ္ကို ေရာက္ရွိသြားပါတယ္။အဲ့ဒါေၾကာင့္လည္း စပိန္က အားနည္းသြားခဲ့ပါတယ္။ျပင္သစ္လိဂ္ကိုေတာ့ ကၽြန္ေတာ္ အေလးအနတ္ထားလို႔ မရပါဘူး။ကၽြန္ေတာ္တို႔က အေကာင္းဆုံးနည္းျပေတြကို ေခၚယူေနပါတယ္။လီဗာပူးလ္ အတြက္ အႀကီးမားဆုံး အႏၲရယ္ က ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး ျဖစ္မယ္လို႔ ထင္ပါတယ္”

“အန္ဖီးလ္ ကြင္းကို ၾကည့္လိုက္မယ္ဆိုရင္ သူတို႔ရဲ့အားသာခ်က္ကို ကၽြန္ေတာ့္ေခါင္းထဲကေန ထုတ္လို႔မရပါဘူး။သူတို႔ဟာ အန္ဖီးလ္မွာ ရႈံးပြဲမရွိသေလာက္ပါပဲ။လီဗာပူးလ္ က ေရပန္းအစားဆုံးျဖစ္တယ္လို႔ ေျပာလို႔ရေၾကာင္း”BT Sport မွာ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့အုပ္စုက်ပ္လို႔ ေျပာလို႔ရတဲ့ အသလက္တီကို၊ေပၚတို၊ေအစီမီလန္ တို႔နဲ႔ က်ေရာက္ခဲ့ေပမယ့္ ပြဲတိုင္းအနိုင္ရထားၿပီး သက္ေတာင့္သက္သာနဲ႔ ပဲ ေနာက္တဆင့္ကို တက္ေရာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။