အိမ်ကိုပြန်ချင်လို့ သူ့ကို လွတ်လပ်ခွင့်ပေးဖို့ ကာတာကလပ်ကို ပြောလိုက်တဲ့ ဇာဗီ

ဇာဗီ ကတော့ ဘာစီလိုနာ အသင်းကို ကိုင်တွယ်ဖို့ အတွက် သူ့ကို ထွက်ခွာခွင့်ပေးဖို့ လက်ရှိကိုင်တွယ်နေတဲ့ ကာတာကလပ် အယ်လ်ဆတ် အသင်းကို တိုက်တွန်းလိုက်ပါတယ်။

ဘာစီလိုနာ အသင်း အမှုဆောင်အချို့ဟာ ဒိုဟာ ကို ရောက်ရှိနေပြီး ဇာဗီ ကို အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ဖို့ အယ်လ်ဆတ် အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ရော်နယ်လ်ကိုးမန်းကို နည်းပြ ရာထူးကနေ ထုတ်ခဲ့ပြီးနောက် အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

ကာတာကလပ် ကတော့ ဇာဗီ ကို အသင်းမှာပဲ ဆက်ထိန်းသိမ်းချင်တယ်လို့ ကြေညာချက်ထုတ်ချိန်မှာ အသက်(၄၁)နှစ်အရွယ်ရှိ နည်းပြ ကတော့ အိမ်ကိုပြန်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဇာဗီ ဟာ ဘာစီလိုနာ အသင်းမှာ (၁၇)ရာသီကြာ ကစားခဲ့ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဇာဗီ က အယ်လ်ဒူဟေး အသင်းနဲ့ တဖက်(၃)ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ “ကျွန်တော် ဘာကာနဲ့ စကားပြောဆိုနေတာ ရက်အတော်ကြာပါပြီ၊အခုဆိုရင် ပြောလို့ပြီးသွားပါပြီ။အခုအခြေအနေက ကလပ်အသင်းတွေကြား စကားပြောဆိုနေမှုတွေအပေါ်မှာ မူတည်နေပါတယ်။သူတို့ သဘောတူညီမှုရရှိဖို့ လိုပါတယ်”

“ဘာကာက စကားပြောဆိုဖို့ လာနေခဲ့ပါပြီ။ကျွန်တော်တို့ အားလုံး စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေကြပါတယ်။အပြီးသတ်နိုင်မလားဆိုပြီးတော့ပေါ့။ကျွန်တော် တကယ်ကို အိမ်ပြန်ချင်နေပါပြီ။ဒီလိုမျိုးဖြစ်နိုင်ဖို့ကိုလည်း ကျွန်တော်မျှော်လင့်နေပါတယ်။ကျွန်တော့်မှာ စာချုပ်ရှိနေတဲ့ အတွက် အခုကလပ်တွေက ဒါကို ညှိနှ်ိုင်းရမှာပါ။ကျွန်တော့်ရဲ့အနေအထားကို သူတို့သိပြီးသားပါ”လို့ ပြောခဲ့ပါတယ်။

အယ်လ်ဆတ် အသင်းခေါင်းဆောင်ကတော့ ဇာဗီ အသင်းက ထွက်ခွာမှာကို လူတိုင်းဝမ်းနည်းနေကြပေမယ့် သူဟာ ဘာစီလိုနာ လို အသင်းကြီး ကို ကိုင်တွယ်တော့မှာလို့ ဆိုခဲ့ပါတယ်။ဇာဗီ ဟာ ဒီပွဲအပြီးမှာ သူ့ရဲ့ကစားသမားတွေနဲ့ ဒိုင်လူကြီးအားလုံးကို လက်ဆွဲနှုတ်ဆက်ခဲ့တာကြောင့် သူ ဘာကာကို ထွက်ခွာဖို့ သေချာနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Zawgyi

ဇာဗီ ကေတာ့ ဘာစီလိုနာ အသင္းကို ကိုင္တြယ္ဖို႔ အတြက္ သူ႔ကို ထြက္ခြာခြင့္ေပးဖို႔ လက္ရွိကိုင္တြယ္ေနတဲ့ ကာတာကလပ္ အယ္လ္ဆတ္ အသင္းကို တိုက္တြန္းလိုက္ပါတယ္။

ဘာစီလိုနာ အသင္း အမႈေဆာင္အခ်ိဳ႕ဟာ ဒိုဟာ ကို ေရာက္ရွိေနၿပီး ဇာဗီ ကို အသင္းရဲ့နည္းျပအျဖစ္ ခန႔္အပ္ဖို႔ အယ္လ္ဆတ္ အသင္း တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ေရာ္နယ္လ္ကိုးမန္းကို နည္းၿပ ရာထူးကေန ထုတ္ခဲ့ၿပီးေနာက္ အသင္းရဲ့ကစားသမားေဟာင္းျဖစ္တဲ့ ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ဦးစားေပးအျဖစ္ သတ္မွတ္ထားတာလည္းျဖစ္ပါတယ္။

ကာတာကလပ္ ကေတာ့ ဇာဗီ ကို အသင္းမွာပဲ ဆက္ထိန္းသိမ္းခ်င္တယ္လို႔ ေၾကညာခ်က္ထုတ္ခ်ိန္မွာ အသက္(၄၁)ႏွစ္အရြယ္ရွိ နည္းၿပ ကေတာ့ အိမ္ကိုျပန္ခ်င္တဲ့ သူ႔ရဲ့ဆႏၵကို ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဇာဗီ ဟာ ဘာစီလိုနာ အသင္းမွာ (၁၇)ရာသီၾကာ ကစားခဲ့ၿပီး ေအာင္ျမင္မႈအမ်ားအျပားရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဇာဗီ က အယ္လ္ဒူေဟး အသင္းနဲ႔ တဖက္(၃)ဂိုးစီ သေရက်ခဲ့တဲ့ ပြဲအၿပီးမွာ “ကၽြန္ေတာ္ ဘာကာနဲ႔ စကားေျပာဆိုေနတာ ရက္အေတာ္ၾကာပါၿပီ၊အခုဆိုရင္ ေျပာလို႔ၿပီးသြားပါၿပီ။အခုအေျခအေနက ကလပ္အသင္းေတြၾကား စကားေျပာဆိုေနမႈေတြအေပၚမွာ မူတည္ေနပါတယ္။သူတို႔ သေဘာတူညီမႈရရွိဖို႔ လိုပါတယ္”

“ဘာကာက စကားေျပာဆိုဖို႔ လာေနခဲ့ပါၿပီ။ကၽြန္ေတာ္တို႔ အားလုံး စိတ္အားထက္သန္ၿပီး စိတ္လႈပ္ရွားေနၾကပါတယ္။အၿပီးသတ္နိုင္မလားဆိုၿပီးေတာ့ေပါ့။ကၽြန္ေတာ္ တကယ္ကို အိမ္ျပန္ခ်င္ေနပါၿပီ။ဒီလိုမ်ိဳးျဖစ္နိုင္ဖို႔ကိုလည္း ကၽြန္ေတာ္ေမၽွာ္လင့္ေနပါတယ္။ကၽြန္ေတာ့္မွာ စာခ်ဳပ္ရွိေနတဲ့ အတြက္ အခုကလပ္ေတြက ဒါကို ညႇိႏွ္ိုင္းရမွာပါ။ကၽြန္ေတာ့္ရဲ့အေနအထားကို သူတို႔သိၿပီးသားပါ”လို႔ ေျပာခဲ့ပါတယ္။

အယ္လ္ဆတ္ အသင္းေခါင္းေဆာင္ကေတာ့ ဇာဗီ အသင္းက ထြက္ခြာမွာကို လူတိုင္းဝမ္းနည္းေနၾကေပမယ့္ သူဟာ ဘာစီလိုနာ လို အသင္းႀကီး ကို ကိုင္တြယ္ေတာ့မွာလို႔ ဆိုခဲ့ပါတယ္။ဇာဗီ ဟာ ဒီပြဲအၿပီးမွာ သူ႔ရဲ့ကစားသမားေတြနဲ႔ ဒိုင္လူႀကီးအားလုံးကို လက္ဆြဲႏႈတ္ဆက္ခဲ့တာေၾကာင့္ သူ ဘာကာကို ထြက္ခြာဖို႔ ေသခ်ာေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။