မန်ချက်စတာဒါဘီ မတိုင်ခင် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အသင်းသားတွေကို သတိပေးခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ သမိုင်းတလျောက် အကောင်းဆုံးကစားသမားတွေထဲက တဦးလို့ ပြောဆိုလိုက်ပါတယ်။မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ဟာ စနေနေ့မှာ မန်ချက်စတာဒါဘီပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ဒီပွဲမှာ ဆိုးလ်ရှား တို့ဘက်က အောင်ပွဲခံဖို့ ကြိုးစားခဲ့မယ်ဆိုပါက အသင်းအနေနဲ့ ဘောလွန်းဒီအော(၅)ကြိမ်ရ ကစားသမားကို ရပ်တန့်ဖို့ နည်းလမ်းတွ ရှာဖွေရမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ရော်နယ်ဒို ဟာ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အတွက် ချေပဂိုး(၂)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၁)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပေါ်တူဂီ ကစားသမား ဟာ ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေကို သွင်းယူထားတာပါ။ဂွာဒီယို ကတော့‌ ရော်နယ်ဒို နဲ့ ပြိုင်ဘက်အဖြစ် ကစားရမှာဖြစ်တဲ့ အတွက် အသင်းသားတွေကို သတိပေးခဲ့ဝာာဖြစ်ပါတယ်။

ဂွာဒီယိုလာ က “အတ္တလန္တာနဲ့ ယူနိုက်တက် ပွဲကို ကျွန်တော်မကြည့်လိုက်ရပါဘူး။သူတို့ဘာတွေလုပ်ခဲ့လဲဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ရပါမယ်။ဒါမှလည်း သူတို့ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်တို့ သိရမှာပါ။ဒါကို ပြီးခဲ့တဲ့ရာသီက ကျွန်တော််တို့ မြင်တွေ့ဖူးပါတယ်”

“သူတို့မှာ သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲက တဦးရှိပြီး သူကလည်း ဂိုးသွင်းစက်လိုပဲ ဂိုးတွေအများကြီး သွင်းယူနိုင်တဲ့သူပါ”လို့ ကလပ်ဘရုဂ်ျ ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ် အသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် ကလပ်ဘရုဂ်ျ ကို (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ဝာာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါး ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာ အတ္တလန္တာ အသင်းနဲ့ တဖက်(၂)ဂိုးစီ သရေကျခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းနည္းၿပ ဂြာဒီယိုလာ က မန္ခ်က္စတာယူနိုက္တက္ အသင္း တိုက္စစ္ကစားသမား ေရာ္နယ္ဒို ဟာ သမိုင္းတေလ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက တဦးလို႔ ေျပာဆိုလိုက္ပါတယ္။မန္စီးတီးနဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းတို႔ ဟာ စေနေန႔မွာ မန္ခ်က္စတာဒါဘီပြဲအျဖစ္ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

ဂြာဒီယိုလာကေတာ့ ဒီပြဲမွာ ဆိုးလ္ရွား တို႔ဘက္က ေအာင္ပြဲခံဖို႔ ႀကိဳးစားခဲ့မယ္ဆိုပါက အသင္းအေနနဲ႔ ေဘာလြန္းဒီေအာ(၅)ႀကိမ္ရ ကစားသမားကို ရပ္တန႔္ဖို႔ နည္းလမ္းတြ ရွာေဖြရမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာပါ။ေရာ္နယ္ဒို ဟာ အတၱလႏၲာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အတြက္ ေခ်ပဂိုး(၂)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီရာသီ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၁၁)ပြဲပါဝင္ကစားထားၿပီး (၉)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ေပၚတူဂီ ကစားသမား ဟာ ဒီရာသီမွာ အသင္းအတြက္ အေရးပါတဲ့ ဂိုးေတြကို သြင္းယူထားတာပါ။ဂြာဒီယို ကေတာ့‌ ေရာ္နယ္ဒို နဲ႔ ၿပိဳင္ဘက္အျဖစ္ ကစားရမွာျဖစ္တဲ့ အတြက္ အသင္းသားေတြကို သတိေပးခဲ့ဝာာျဖစ္ပါတယ္။

ဂြာဒီယိုလာ က “အတၱလႏၲာနဲ႔ ယူနိုက္တက္ ပြဲကို ကၽြန္ေတာ္မၾကည့္လိုက္ရပါဘူး။သူတို႔ဘာေတြလုပ္ခဲ့လဲဆိုတာကို ခြဲျခမ္းစိတ္ျဖာၾကည့္ရပါမယ္။ဒါမွလည္း သူတို႔ဘယ္ေလာက္ေကာင္းလဲဆိုတာ ကၽြန္ေတာ္တို႔ သိရမွာပါ။ဒါကို ၿပီးခဲ့တဲ့ရာသီက ကၽြန္ေတာ္္တို႔ ျမင္ေတြ႕ဖူးပါတယ္”

“သူတို႔မွာ သမိုင္းတေလၽွာက္ အေကာင္းဆုံးကစားသမားေတြထဲက တဦးရွိၿပီး သူကလည္း ဂိုးသြင္းစက္လိုပဲ ဂိုးေတြအမ်ားႀကီး သြင္းယူနိုင္တဲ့သူပါ”လို႔ ကလပ္ဘ႐ုဂ္် ကို အနိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ ဒီပြဲမတိုင္ခင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ပဲေလ့စ္ အသင္းကို (၂)ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ကလပ္ဘ႐ုဂ္် ကို (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရၿပီး နိုင္ပြဲျပန္လည္ရွာေဖြနိုင္ခဲ့ဝာာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ စပါး ကို (၃)ဂိုးျပတ္နဲ႔ အနိုင္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အတၱလႏၲာ အသင္းနဲ႔ တဖက္(၂)ဂိုးစီ သေရက်ခဲ့တာလည္းျဖစ္ပါတယ္။