နော်ဝေးကလပ်နဲ့ ပွဲမှာ ပင်နယ်တီမရလို့ ဒိုင်လူကြီးကို တင်းနေတဲ့ မော်ရင်ဟို

မော်ရင်ဟို ကတော့ ဘိုဒိုဂီလင့်မ် အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်အုပ်စုအဆင့် ပွဲစဉ်မှာ အသင်းရနိုင်မယ့် ပင်နယ်တီ (၂)ဂိုးကို ခွင့်မပြုခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ရဲ့ အရည်အသွေးကို ဝေဖန််လိုက်ပါတယ်။ရိုးမား အသင်းဟာ ဒီပွဲမှာ ပြိုင်ဘက်အသင်းရဲ့ဦးဆောင်ဂိုးတွေကို အယ်လ်ရှာရာဝေးနဲ့ အိုင်ဘီနတ်ဇ် တို့က ချေပဂိုးတွေသွင်းယူပေးနိုင်ခဲ့လို့ တဖက်(၂)ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ဟာ ဒီပွဲမှာ ပထမအကြိမ်ကစားခဲ့တုန်းကဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အသင်းလူစာရင်းကို အပြောင်းအလဲအများကြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပထမအကျော့အဖြစ် တွေ့ဆုံခဲ့တုန်းက နော်ဝေးကလပ်ကို (၆)ဂိုး-(၁)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ကတော့ သူ့ရဲ့အသင်းအပေါ်ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပျက်နေသလို ယူရိုပါကွန်းဖရန့်စ်လိဂ်မှာ VAR စနစ်အသုံးမပြုတဲ့အပေါ်မှာ ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။

မော်ရင်ဟို က “ဒီရလဒ်က ကျွန်တော်တို့ အတွက် ဆိုးရွားတယ်လို့ ထင်ပါတယ်။စွမ်းဆောင်ရည်ပိုင်းမှာလည်း မကောင်းမွန်ခဲ့ပါဘူး။နည်းစနစ်ပိုင်းမှာ အမှားအယွင်းတွေအများကြီးလုပ်ခဲ့ပါတယ်။ဘောလုံးတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ပွဲက တဖက်(၂)ဂိုးစီ သရေဖြစ်ခဲ့ပေမယ့် ပင်နယ်တီ(၂)ခုကတော့ သေချာပေါက် ရကိုရရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ”

ROME, ITALY – NOVEMBER 04: Jose Mourinho head coach of AS Roma gestures during the UEFA Europa Conference League group C match between AS Roma and FK Bodo/Glimt at Stadio Olimpico on November 04, 2021 in Rome, Italy. (Photo by Silvia Lore/Getty Images)

“ခင်ဗျားအနေနဲ့ကြိုက်သလိုပြောလို့ရပါတယ်။ဒါပေမယ့် ပွဲကတော့ (၂-၂)ပါပဲ။သူတို့ က ဂိုးပေါက်(၂)ကြိမ်တည့်ခဲ့ပြီး (၂)ဂိုးဝင်ခဲ့ပါတယ်။အသင်းကလည်း (၂)ဂိုးရခဲ့ပြီး သေချာပေါက်ရမယ့် ပင်နယ်တီ(၂)ဂိုးကတော့ အငြင်းခံလိုက်ရပါတယ်”

“သနားစရာကောင်းတဲ့ ဒိုင်လူကြီးတွေအနေနဲ့ ကွန်းဖရန့်စ်လိဂ်မှာပဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို စတင်ရလားဆိုတာ မသိပါဘူး။နော်ဝေးမှာတုန်းက ဒိုင်လူကြီးနဲ့ ပတ်သက်ပြီး ဘာကိုမှ မပြောခဲ့ပါဘူး။ဘာလို့လဲ ဆိုရင် အဲ့ဒီတုန်းက (၆)ဂိုး-(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ပါ။ဒါပေမယ့် အခုအချိန်မှာတော့ ပင််နယ်တီ(၂)လုံးက သေချာပေါက်ရှင်းရှင်းလင်းလင်းကို ရရမှာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၇)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရထားတာဖြစ်ပါတယ်။အဲဒါကြောင့် မော်ရင်ဟို အနေနဲ့ ဖိအားဒဏ်တွေ စတင်ခံစားနေရပြီလည်းဖြစ်ပါတယ်။

Zawgyi

ေမာ္ရင္ဟို ကေတာ့ ဘိုဒိုဂီလင့္မ္ အသင္းနဲ႔ ကစားခဲ့တဲ့ ယူရိုပါ ကြန္းဖရန႔္စ္လိဂ္အုပ္စုအဆင့္ ပြဲစဥ္မွာ အသင္းရနိုင္မယ့္ ပင္နယ္တီ (၂)ဂိုးကို ခြင့္မျပဳခဲ့တဲ့ ကြင္းလယ္ဒိုင္လူႀကီး ရဲ့ အရည္အေသြးကို ေဝဖန္္လိုက္ပါတယ္။ရိုးမား အသင္းဟာ ဒီပြဲမွာ ၿပိဳင္ဘက္အသင္းရဲ့ဦးေဆာင္ဂိုးေတြကို အယ္လ္ရွာရာေဝးနဲ႔ အိုင္ဘီနတ္ဇ္ တို႔က ေခ်ပဂိုးေတြသြင္းယူေပးနိုင္ခဲ့လို႔ တဖက္(၂)ဂိုးစီ သေရရလဒ္နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟို ဟာ ဒီပြဲမွာ ပထမအႀကိမ္ကစားခဲ့တုန္းကဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ အသင္းလူစာရင္းကို အေျပာင္းအလဲအမ်ားႀကီးျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ပထမအေက်ာ့အျဖစ္ ေတြ႕ဆုံခဲ့တုန္းက ေနာ္ေဝးကလပ္ကို (၆)ဂိုး-(၁)ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟို ကေတာ့ သူ႔ရဲ့အသင္းအေပၚဒိုင္လူႀကီးေတြရဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး စိတ္ပ်က္ေနသလို ယူရိုပါကြန္းဖရန႔္စ္လိဂ္မွာ VAR စနစ္အသုံးမျပဳတဲ့အေပၚမွာ ေပါက္ကြဲေနတာလည္းျဖစ္ပါတယ္။

ေမာ္ရင္ဟို က “ဒီရလဒ္က ကၽြန္ေတာ္တို႔ အတြက္ ဆိုးရြားတယ္လို႔ ထင္ပါတယ္။စြမ္းေဆာင္ရည္ပိုင္းမွာလည္း မေကာင္းမြန္ခဲ့ပါဘူး။နည္းစနစ္ပိုင္းမွာ အမွားအယြင္းေတြအမ်ားႀကီးလုပ္ခဲ့ပါတယ္။ေဘာလုံးေတြလည္း ဆုံးရႈံးခဲ့ပါတယ္။ပြဲက တဖက္(၂)ဂိုးစီ သေရျဖစ္ခဲ့ေပမယ့္ ပင္နယ္တီ(၂)ခုကေတာ့ ေသခ်ာေပါက္ ရကိုရရမယ္ဆိုတာ ရွင္းရွင္းလင္းလင္းပါပဲ”

“ခင္ဗ်ားအေနနဲ႔ႀကိဳက္သလိုေျပာလို႔ရပါတယ္။ဒါေပမယ့္ ပြဲကေတာ့ (၂-၂)ပါပဲ။သူတို႔ က ဂိုးေပါက္(၂)ႀကိမ္တည့္ခဲ့ၿပီး (၂)ဂိုးဝင္ခဲ့ပါတယ္။အသင္းကလည္း (၂)ဂိုးရခဲ့ၿပီး ေသခ်ာေပါက္ရမယ့္ ပင္နယ္တီ(၂)ဂိုးကေတာ့ အျငင္းခံလိုက္ရပါတယ္”

“သနားစရာေကာင္းတဲ့ ဒိုင္လူႀကီးေတြအေနနဲ႔ ကြန္းဖရန႔္စ္လိဂ္မွာပဲ သူတို႔ရဲ့ အသက္ေမြးဝမ္းေၾကာင္းကို စတင္ရလားဆိုတာ မသိပါဘူး။ေနာ္ေဝးမွာတုန္းက ဒိုင္လူႀကီးနဲ႔ ပတ္သက္ၿပီး ဘာကိုမွ မေျပာခဲ့ပါဘူး။ဘာလို႔လဲ ဆိုရင္ အဲ့ဒီတုန္းက (၆)ဂိုး-(၁)ဂိုးနဲ႔ အေရးနိမ့္ခဲ့လို႔ပါ။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ပင္္နယ္တီ(၂)လုံးက ေသခ်ာေပါက္ရွင္းရွင္းလင္းလင္းကို ရရမွာပါ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ရိုးမား အသင္းကေတာ့ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၇)ပြဲမွာ နိုင္ပြဲ(၁)ပြဲသာ ရထားတာျဖစ္ပါတယ္။အဲဒါေၾကာင့္ ေမာ္ရင္ဟို အေနနဲ႔ ဖိအားဒဏ္ေတြ စတင္ခံစားေနရၿပီလည္းျဖစ္ပါတယ္။