ထုတ်တုန်းက ထုတ်ပြီး လျော်ကြေးလေး နည်းနည်လေးလျှော့ယူပေးပါလုပ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပေးချေရမယ့် လျော်ကြေးအတွက် လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲလို့ သိရှိရပါတယ်။

ဗယ်လက်ကာနိုကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးတဲ့နောက် ဘာစီလိုနာတို့ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ လျော်ကြေးကိစ္စ အဆင်မပြေသေးပါဘူး။

အကြောင်းရင်းကတော့ ရော်နယ်ကိုးမန်းအနေနဲ့ သူရရှိရမယ့် လျော်ကြေးကို အပြည့်အဝလိုချင်နေပြီး ဘာစီလိုနာက စျေးဆစ်နေတာကြောင့်ပါ။ ဘာစီလိုနာအနေနဲ့ ယူရို (၇.၅) သန်းကို နှစ်ရစ်ခွဲ ပေးချေဖို့နဲ့ လျှော့ယူပေးဖို့ပြောပေမယ့် ရော်နယ်ကိုးမန်းက တစ်ခါတည်း အပြည့်အဝနဲ့အလုံးအရင်း ပေးဖို့ တောင်းဆိုနေပါတယ်။

ဒါ့အပြင် သူရရှိဖို့ကျန်တဲ့ အပိုဆုကြေး ယူရို (၁၂) သန်းကိုပါ ရော်နယ်ကိုးမန်းက တစ်ပါတည်းတောင်းဆိုထားတာပါ။ ရော်နယ်ကိုးမန်းနဲ့ နီးစပ်တဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ “သူက လျော်ကြေးကို အလုံးအရင်းနဲ့ပဲ လိုချင်နေပါတယ်”

“ယူရို (၁၂) သန်းပါ။ ဒါပေမယ့် ဒီအမောင့်က သူ့ရဲ့ နည်းပြအဖွဲ့တစ်ဖွဲ့လုံးအတွက်လား ဒါမှမဟုတ် ရော်နယ်ကိုးမန်း တစ်ယောက်တည်း အတွက်လား ကျွန်တော် မသိပါဘူး။ ပထမဆုံး ညှိနှိုင်းတုန်းက ဘာစီလိုနာဘက်က ယူရို (၇) သန်း ဒါမှမဟုတ် (၈) သန်းလောက်ပဲ ယူဖို့ ညှိပါသေးတယ်”

“ဒါပေမယ့် အဆင်မပြေပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ရော်နယ်ကိုးမန်းကို ရာထူးက ထုတ်ပယ်ပြီးနောက် အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အပူတပြင်းကြိုးစားနေပါတယ်။