ရော်နယ်ဒိုကြောင့် ယူနိုက်တက် ကစားသမား ၃ဦးကို ၀မ်းနည်းနေတဲ့ လီဗာပူးလ် ဂန္တ၀င် ဂျွန်ဘားနတ်စ်

လီဗာပူးလ် ဂန္တ၀င်ကစားသမားကြီး ဂျွန်ဘားနတ်စ် က မန်ချက်စတာယူနိုက်တက် အသင်း လူငယ်ကစားသမားတွေဖြစ်တဲ့ ရက်ရ်ှဖိုဒ့်၊ဆန်ချိုနဲ့ ဂရင်းဝုဒ် တို့အတွက် ၀မ်းနည်းမိတယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအ‌ရွှေ့ကရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို တကျော့ပြန်ရောက်ရှိလာပြီးနောက်ပိုင်း သူတို့ (၃)ဦးရဲ့အခန်းကဏ္ဍဟာ ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဆန်ချိုကို အဓိက ကစားသမားခေါ်ယူမှုအဖြစ် ဒေါ့မွန် အသင်းကနေ ပေါင်(၇၃) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဆန်ချိုဟာ ပရီးမီးယားလိဂ်ရဲ့အရှိန်အဟုန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး အခုဆိုရင် ပွဲကစားခွင့်ပါ ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။

ရက်ရ်ှဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့ ကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ လူစား၀င်ကစားသမားအဖြစ်သာ ပါ၀င်နေခဲ့ရတာဖြစ်ပါတယ်။
ဂျွန်ဘားနတ်စ် ကတော့ ရော်နယ်ဒို ကို ခေါ်ယူခဲ့တာဟာ သူတို့(၃)ဦးရဲ့တိုးတက်မှုကို ဟန့်တားရာရောက်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဂျွန်ဘားနတ်စ် က “ရော်နယ်ဒို၊ပေါ့ဘာနဲ့ ဘရူနို တို့က အသင်းရဲ့ကြယ်ပွင့်တွေဆိုရင် ဆန်ချိုကိုရော ဘယ်လိုမြင်ကြမလဲ?ဆန်ချိုနဲ့ ရက်ရ်ှဖို့တို့တောင်မှ ပြသနာဆိုပြီး ဒီလိုမျိုးကစားသမားတွေကို စ်ိတ်အနှောက်အယှက်ဖြစ်စေပါတယ်”

“ဆန်ချိုဟာ သူတို့ရဲ့အဓိက တိုက်စစ်လမ်းကြောင်းကို သွားတဲ့ ကစားသမားအဖြစ် ရောက်လာခဲ့ပေမယ့် အခုအချိန်မှာ အရန်ခုံပေါ်ထိုင်နေရပြီဖြစ်လို့ ဒါကို ဘယ်လိုမြင်ကြမလဲပေါ့။အဲဒါကြောင့် သူ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ရက်ရ်ှဖိုဒ့်နဲ့ ဂရင်းဝုဒ်တို့ကတော့ အတိုင်းအတာတခုအထိပါပဲ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၂)ပွဲပါ၀င်ကစားထားပေမယ့် ဂိုးလည်းမသွင်းနိုင်သေးသလို ဂိုးလည်းဖန်တီးနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ဂရင်းဝုဒ် ကတော့ (၁၃)ပွဲကစားထားပြီး (၄)ဂိုးသွင်းယူထားပါတယ်။မကြာသေးခင်ကမှ ဒဏ်ရာပြသနာကနေ ကောင်းမွန်လာတဲ့ ရက်ရ်ှဖိုဒ့် ကတော့ (၅)ပွဲမှာ (၃)ဂိုးသွင်းယူထားတာပါ။

ရော်နယ်ဒို ကတော့ ဒီရာသီ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနေတာဖြစ်ပြီး (၁၁)ပွဲပါ၀င်ကစားထားကာ (၉)ဂိုးသွင်းယူပြီး ခြေစွမ်းပြသနေတာလည်းဖြစ်ပါတယ်။

Zawgyi

လီဗာပူးလ္ ဂႏၲ၀င္ကစားသမားႀကီး ဂၽြန္ဘားနတ္စ္ က မန္ခ်က္စတာယူနိုက္တက္ အသင္း လူငယ္ကစားသမားေတြျဖစ္တဲ့ ရက္ရ္ွဖိုဒ့္၊ဆန္ခ်ိဳနဲ႔ ဂရင္းဝုဒ္ တို႔အတြက္ ၀မ္းနည္းမိတယ္လို႔ ေျပာလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအ‌ေရႊ႕ကေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို တေက်ာ့ျပန္ေရာက္ရွိလာၿပီးေနာက္ပိုင္း သူတို႔ (၃)ဦးရဲ့အခန္းက႑ဟာ က်ဆင္းသြားခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဆန္ခ်ိဳကို အဓိက ကစားသမားေခၚယူမႈအျဖစ္ ေဒါ့မြန္ အသင္းကေန ေပါင္(၇၃) သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ဆန္ခ်ိဳဟာ ပရီးမီးယားလိဂ္ရဲ့အရွိန္အဟုန္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး အခုဆိုရင္ ပြဲကစားခြင့္ပါ ဆုံးရႈံးေနခဲ့တာျဖစ္ပါတယ္။

ရက္ရ္ွဖိုဒ့္ နဲ႔ ဂရင္းဝုဒ္တို႔ ကလည္း ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ လူစား၀င္ကစားသမားအျဖစ္သာ ပါ၀င္ေနခဲ့ရတာျဖစ္ပါတယ္။
ဂၽြန္ဘားနတ္စ္ ကေတာ့ ေရာ္နယ္ဒို ကို ေခၚယူခဲ့တာဟာ သူတို႔(၃)ဦးရဲ့တိုးတက္မႈကို ဟန္႔တားရာေရာက္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂၽြန္ဘားနတ္စ္ က “ေရာ္နယ္ဒို၊ေပါ့ဘာနဲ႔ ဘ႐ူနို တို႔က အသင္းရဲ့ၾကယ္ပြင့္ေတြဆိုရင္ ဆန္ခ်ိဳကိုေရာ ဘယ္လိုျမင္ၾကမလဲ?ဆန္ခ်ိဳနဲ႔ ရက္ရ္ွဖို႔တို႔ေတာင္မွ ျပသနာဆိုၿပီး ဒီလိုမ်ိဳးကစားသမားေတြကို စ္ိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္”

“ဆန္ခ်ိဳဟာ သူတို႔ရဲ့အဓိက တိုက္စစ္လမ္းေၾကာင္းကို သြားတဲ့ ကစားသမားအျဖစ္ ေရာက္လာခဲ့ေပမယ့္ အခုအခ်ိန္မွာ အရန္ခုံေပၚထိုင္ေနရၿပီျဖစ္လို႔ ဒါကို ဘယ္လိုျမင္ၾကမလဲေပါ့။အဲဒါေၾကာင့္ သူ႔အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ရက္ရ္ွဖိုဒ့္နဲ႔ ဂရင္းဝုဒ္တို႔ကေတာ့ အတိုင္းအတာတခုအထိပါပဲ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ဒီရာသီ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၁၂)ပြဲပါ၀င္ကစားထားေပမယ့္ ဂိုးလည္းမသြင္းနိုင္ေသးသလို ဂိုးလည္းဖန္တီးနိုင္ျခင္းမရွိတာျဖစ္ပါတယ္။ဂရင္းဝုဒ္ ကေတာ့ (၁၃)ပြဲကစားထားၿပီး (၄)ဂိုးသြင္းယူထားပါတယ္။မၾကာေသးခင္ကမွ ဒဏ္ရာျပသနာကေန ေကာင္းမြန္လာတဲ့ ရက္ရ္ွဖိုဒ့္ ကေတာ့ (၅)ပြဲမွာ (၃)ဂိုးသြင္းယူထားတာပါ။

ေရာ္နယ္ဒို ကေတာ့ ဒီရာသီ အသင္းအတြက္ အေရးပါတဲ့ သြင္းဂိုးေတြကို သြင္းယူေပးေနတာျဖစ္ၿပီး (၁၁)ပြဲပါ၀င္ကစားထားကာ (၉)ဂိုးသြင္းယူၿပီး ေျခစြမ္းျပသေနတာလည္းျဖစ္ပါတယ္။