အခုနှစ် ဘောလွန်းဒီအောကို ရဖို့ အချိန်ကျပြီဖြစ်တဲ့ ကစားသမားကို ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန် က (၂၀၂၁) အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုကို ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှုး လီ၀န်ဒေါစကီး က ရရှိမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ပြင်သစ်ဘောလုံးက အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို နို၀င်ဘာ (၂၉)ရက်မှာ ချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။

အခုနှစ်အတွက် ပေးအပ်မယ့်ဒီဆုကို ရယူနိုင်ဖို့ အတွက် မက်ဆီ၊လီ၀န်ဒေါစကီး၊ဘန်ဇီမာနဲ့ ဂျော်ဂျင်ဟို တို့က ရေပန်းစားနေတာလည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီးဟာ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ပိုလန်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ရာသီက ဘိုင်ယန်အသင်းအတွက် (၄၈)ဂိုးသွင်းပြီး (၉)ဂိုးဖန်တီးခဲ့တာပါ။လီ၀န်ဒေါစကီး ဟာ ဒီရာသီမှာလည်း ဘိုင်ယန် အသင်းနဲ့ အတူ (၁၆)ပွဲပါ၀င်ကစားထားပြီး (၂၂)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဖာဒီနန် ကတော့ အခုနှစ်အတွက် လီ၀န်ဒေါစကီး ကို ထောက်ခံခဲ့တာလည်းဖြစ်ပါတယ်။ဖာဒီနန် က “သူဟာ စပါယ်ရှယ်ကစားသမားပါ။ရော်နယ်ဒိုနဲ့ မက်ဆီ ဟာ အမြဲတမ်းစံသတ်မှတ်ချက်တွေရှိပေမယ့် လီ၀န်ဒေါစကီး အတွက်တော့ ဒီနှစ်ဘောလွန်းဒီအောကို ဆွတ်ခူးနိုင်ဖို့ ဒါဟာ သူ့အချိန်ပါပဲ”လို့ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖာဒီနန် က ပြီးခဲ့တဲ့နှစ် က လီ၀န်ဒေါစကီးရဲ့ဂိုးသွင်းနှုန်းကို ထောက်ပြခဲ့ပြီး တ်ိုက်စစ်မှုးရဲ့ဂိုးသွင်းစွမ်းရည်ကို ပရိသတ်တဦးအနေနဲ့ ရှင်းပြခဲ့ပါတယ်။

ယူနိုက်တက် ဂန္တ၀င်နောက်ခံလူဟောင်း က “ပြက္ခဒိန်တနှစ်အတွင်းမှာ သူကစားခဲ့တဲ့ပွဲက (၃၈)ပွဲမှာ သွင်းဂိုးက (၅၀)အထိ ရှိပါတယ်။ဘယ်သူမှ ဒီလိုမျိုး သပ်သပ်မရှိပါဘူး။သူဟာ ဂိုးပုံစံအမျိုးအစားတိုင်းကို သွင်းယူတက်ပြီး ဒါက သူ့ကို သဘောကျစရာပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ဖာဒီနန် အပါအ၀င်အများအပြားကတော့ အခုနှစ်အတွက် လီ၀န်ဒေါစကီး ကို ရွေးချယ်ပေးနေကြာတာဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးကလည်း ဒီလိုမျိုးအလားတူ ယူဆနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ လည်းဖြစ်ပါတယ်။လီ၀န်ဒေါစကီး ဟာ ပြီးခဲ့တဲ့နှစ်တည်းက ဒီဆုကို ရယူနိုင်ဖို့ ရေပန်းစားနေခဲ့ပေမယ့် ပြိုင်ပွဲကျင်းပရေး က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုပေးပွဲကို ဖျက်သိမ်းခဲ့ရလို့ နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။

Zawgyi





ဒါ့အပြင် ဖာဒီနန် က ပြီးခဲ့တဲ့နှစ် က လီဝန်ဒေါစကီးရဲ့ဂိုးသွင်းနှုန်းကို ထောက်ပြခဲ့ပြီး တိုက်စစ်မှုးရဲ့ဂိုးသွင်းစွမ်းရည်ကို ပရိသတ်တဦးအနေနဲ့ ရှင်းပြခဲ့ပါတယ်။

