အသက်၇၅နှစ်အရွယ်ထိ ရော်နယ်ဒို က ဂိုးတွေသွင်းနေမှာလို့ ပြောခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က ရော်နယ်ဒို ဟာ အသက်(၇၅)နှစ်အရွယ်ထိ ဂိုးတွေသွင်းယူနိုင်ဦးမှာလို့ ပြောလိုက်ပါတယ်။ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီး အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် အသင်းကိုသာ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီညမှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ဦးဆောင်လာမှာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ဟာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ထိပ်တန်းခြေစွမ်းတွေကို ပြသထားပြီး အရေးပါတဲ့ ဂိုးတွေသွင်းယူနေတာပါ။

ဂွာဒီယိုလာ က “ရော်နယ်ဒို ဟာ သူ့ဘဝတလျှောက်လုံးဂိုးတွေသွင်းယူသွားမှာပါ။သူအသက်(၇၅)နှစ်ရှိမယ် အနားယူပြီးဖြစ်ပေမယ့် သူဟာ သူ့ရဲ့ကိုယ်ပိုင်အသားကင်ဆိုင်မှာ ပွဲတွေကစားရင်း ဂိုးတွေသွင်းနေပါလိမ့်မယ်”

“မက်ဆီတို့လို သူတို့လို သူတွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဂိုးတွေအများအပြားသွင်းယူခဲ့ကြပြီး ဒီလိုဂိုးတွေနဲ့ပဲ အသင်းကို နိုင်ပွဲရအောင်ကူညီကြပါတယ်။သူပြန်လာတာဟာ ပရီးမီးယားလိဂ်အတွက် အလွန်ကောင်းပါတယ်”

“ယူနိုက်တက်က ခရစ်စတီယာနို၊ ခရစ်စတီယာနို က ယူနိုက်တက်ပါပဲ။ဒါဟာ အလွန်ကောင်းမွန်တဲ့ အံဝင်ခွင်ကျမှုပါပဲ။ဒါဟာ အရင်တုန်းကပါ။ပစ္စုပ္ပန်နဲ့ အနာဂတ်လည်းဖြစ်ချင်ရင်ဖြစ်မှာပါ။ဒါကို ကျွန်တော်တို့ ကြည့်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဂျုဗီ ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ပြီးချိန်မှာ အသင်းအများအပြားရဲ့ကမ်းလှမ်းမှုကို ရခဲ့ပြီး မန်စီးတီး ကို ပြောင်းဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်စီးတီး ကို ရောက်မယ့် အချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းက ပြန်လည်ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၁)ပွဲပါဝင်ကစားထားပြီး (၉)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဒီထဲမှာ ရော်နယ်ဒို ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းနည္းၿပ ဂြာဒီယိုလာ က ေရာ္နယ္ဒို ဟာ အသက္(၇၅)ႏွစ္အရြယ္ထိ ဂိုးေတြသြင္းယူနိုင္ဦးမွာလို႔ ေျပာလိုက္ပါတယ္။ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က မန္စီးတီး အသင္းကို ေရာက္ရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ အသင္းေဟာင္း မန္ခ်က္စတာယူနိုက္တက္ အသင္းကိုသာ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီညမွာ ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ဦးေဆာင္လာမွာလည္းျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ထိပ္တန္းေျခစြမ္းေတြကို ျပသထားၿပီး အေရးပါတဲ့ ဂိုးေတြသြင္းယူေနတာပါ။

ဂြာဒီယိုလာ က “ေရာ္နယ္ဒို ဟာ သူ႔ဘဝတေလၽွာက္လုံးဂိုးေတြသြင္းယူသြားမွာပါ။သူအသက္(၇၅)ႏွစ္ရွိမယ္ အနားယူၿပီးျဖစ္ေပမယ့္ သူဟာ သူ႔ရဲ့ကိုယ္ပိုင္အသားကင္ဆိုင္မွာ ပြဲေတြကစားရင္း ဂိုးေတြသြင္းေနပါလိမ့္မယ္”

“မက္ဆီတို႔လို သူတို႔လို သူေတြဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ကမၻာ့ေဘာလုံးသမိုင္းမွာ ဂိုးေတြအမ်ားအျပားသြင္းယူခဲ့ၾကၿပီး ဒီလိုဂိုးေတြနဲ႔ပဲ အသင္းကို နိုင္ပြဲရေအာင္ကူညီၾကပါတယ္။သူျပန္လာတာဟာ ပရီးမီးယားလိဂ္အတြက္ အလြန္ေကာင္းပါတယ္”

“ယူနိုက္တက္က ခရစ္စတီယာနို၊ ခရစ္စတီယာနို က ယူနိုက္တက္ပါပဲ။ဒါဟာ အလြန္ေကာင္းမြန္တဲ့ အံဝင္ခြင္က်မႈပါပဲ။ဒါဟာ အရင္တုန္းကပါ။ပစၥဳပၸန္နဲ႔ အနာဂတ္လည္းျဖစ္ခ်င္ရင္ျဖစ္မွာပါ။ဒါကို ကၽြန္ေတာ္တို႔ ၾကည့္ရမွာပါ”လို႔ ဆိုခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ ဂ်ဳဗီ ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ၿပီးခ်ိန္မွာ အသင္းအမ်ားအျပားရဲ့ကမ္းလွမ္းမႈကို ရခဲ့ၿပီး မန္စီးတီး ကို ေျပာင္းဖို႔ နီးစပ္ခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒို ဟာ မန္စီးတီး ကို ေရာက္မယ့္ အခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက ျပန္လည္ေခၚယူသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ (၁၁)ပြဲပါဝင္ကစားထားၿပီး (၉)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။ဒီထဲမွာ ေရာ္နယ္ဒို ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၅)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။