ဒီည (၅) ဂိုးထပ်အသွင်းခံရမယ်လို့ ယူနိုက်တက်ကို ကြိမ်းမောင်းလိုက်တဲ့ ဘာနာဒိုဆေးလ်ဗား

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအနေနဲ့ ဘယ်လိုပွဲမျိုးမှာမဆို (၄) ဂိုး ဒါမှမဟုတ် (၅) ဂိုးသွင်းနိုင်တယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ဒီည အိုးထရက်ဖို့ဒ်မှာမတွေ့ခင် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲမှာ ခါးသီးပြိုင်ဘက် လီဗာပူးကို (၅) ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့တာပါ။

ယူနိုက်တက်က နည်းပြဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘဲ နောက်ဆုံး (၂) ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် ပုံစံကောင်းပြနေတဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီလိုအချိန်မှာပဲ ဘာနာဒိုဆေးလ်ဗားက အခုလိုပြောကြားခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားက “ကျွန်တော်တို့ ဒီပွဲအတွက် အကောင်းဆုံးအာရုံစိုက်ထားပြီး သေချာပြင်ဆင်နေပါတယ်။ မန်စီးတီးက တစ်ပွဲကို (၄) ဂိုး ဒါမှမဟုတ် (၅) ဂိုးသွင်းနိုင်တဲ့ အသင်းတစ်သင်းပါ။ ပွဲတိုင်း ဒါမျိုးမဖြစ်နိုင်တာတော့ ဟုတ်တာပေါ့”

“ဒါပေမယ့် ကျွန်တော်တို့က အရမ်းကောင်းတဲ့အသင်းဖြစ်မှန်းသိပြီးတာတောင် အိုးထရက်ဖို့ဒ်မှာ ရသလောက် ဂိုးသွင်းနိုင်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ယူနိုက်တက်နဲ့ နောက်ဆုံးထိပ်တိုက်တွေ့ခဲ့တဲ့ (၇) ကြိမ်မှာ (၂) ကြိမ်သာ အနိုင်ရရှိခဲ့တာပါ။

မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲမှာလည်း (၂) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဇယားထိပ်ဆုံးက ချဲလ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ဖို့အတွက် ဒီပွဲမှာ အမှားခံလို့မရတော့ပါဘူး။