ဆိုးလ်ရှားကို အပြစ်တင်ဖို့က လွယ်တယ်ဆိုပြီး နည်းပြဘက်ကရပ်တည်ခဲ့တဲ့ ဘရူနို

မန်ချက်စတာယူနိုက်တက် အသင်းရဲ့မမျှော်လင့်တဲ့ ရလဒ်ဆိုးတွေအတွက် နည်းပြ ဆိုးလ်ရှား ကို အပြစ်မတင်သင့်ဘူးလို့ ဘရူနိုဖာနန်ဒတ်စ် က ရော်နယ်ဒို နဲ့ အတူ ဒါကို သဘောတူ လက်ခံလိုက်ပါတယ်။

ဆိုးလ်ရှား ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ရလဒ်ဆိုးတွေအတွက် ဝေဖန်မှုတွေခံနေရတာဖြစ်ပြီး ဘရူနိုဖာနန်ဒတ်စ် နဲ့ ရော်နယ်ဒိုတို့က နည်းပြဘက်ကနေ ရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှား ဟာ မကြာသေးခင်က လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာအပါအ၀င် အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ရာထူးကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတ္တလန္တာ အသင်းနဲ့ တဖက်(၂)ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရော်နယ်ဒ်ို က “တခါတလေမှာ ရလဒ်တခုတည်းအတွက် တိုက်ပွဲ၀င်နေတာမဟုတ်သလို ရလဒ် သွင်းဂိုးတွေအတွက်လည်း တိုက်ပွဲ၀င်နေတာမဟုတ်ပါဘူး။ဒါက ကျွန်တော်တို့ အပေါ်မှာပဲရှိတာပါ။အခြားဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိပါဘူး။ပရိသတ်တွေရဲ့တောက်လျှောက်အားပေးမှုက အံသြစရာပါပဲ”

“သူတို့ဟာ ဒီထက်ပိုမ်ိုကောင်းမွန်တာနဲ့ပဲ ထိုက်တန်တာပါ။ဒါကို လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ အပေါ်မှာမူတည်ပါတယ်။အခုအချိန်ကျပြီ”လို့ ဆိုခဲ့တာပါ။ဘရူနိုဖာနန်ဒတ်စ် ကလည်း အသင်းရဲ့ညံဖျင်းတဲ့ စွမ်းဆောင်ရည်တွေအတွက် ကစားသမားတွေအနေနဲ့ တဦးချင်းတာ၀န်ယူဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒတ်စ် က “သူဟာ ကြီးမြတ်တဲ့ သူဖြစ်ပြီး လူတိုင်းက သူ့ရဲ့လူသားအစိတ်အပိုင်းကိုသိတယ်လို့ထင်ပါတယ်။လူတွေအနေနဲ့ သူတို့လိုချင်တဲ့ရလဒ်တွေ ထွက်ပေါ်မလာတာကို စိတ်ပျက်တာဟာ ပုံမှန်ပါပဲ”

နည်းပြ ဆိုးလ်ရှားကို အပြစ်တင်ဖို့က လွယ်ကူလွန်းပါတယ်။ကျွန်တော်တို့ ဟာ ကွင်းထဲသွားတဲ့ အချိန်မှာ ပိုကောင်းအောင်လုပ်သင့်တာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနေ့မှာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့မေမၽွာ္လင့္တဲ့ ရလဒ္ဆိုးေတြအတြက္ နည္းၿပ ဆိုးလ္ရွား ကို အျပစ္မတင္သင့္ဘူးလို႔ ဘ႐ူနိုဖာနန္ဒတ္စ္ က ေရာ္နယ္ဒို နဲ႔ အတူ ဒါကို သေဘာတူ လက္ခံလိုက္ပါတယ္။

ဆိုးလ္ရွား ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ရလဒ္ဆိုးေတြအတြက္ ေဝဖန္မႈေတြခံေနရတာျဖစ္ၿပီး ဘ႐ူနိုဖာနန္ဒတ္စ္ နဲ႔ ေရာ္နယ္ဒိုတို႔က နည္းျပဘက္ကေန ရပ္တည္ခဲ့တာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွား ဟာ မၾကာေသးခင္က လီဗာပူးလ္ အသင္းကို အိမ္ကြင္းမွာ ဂိုးျပတ္အေရးနိမ့္ခဲ့တာအပါအ၀င္ အသင္းရဲ့ရလဒ္ဆိုးေတြေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံရဖို႔ ဖိအားေတြ၀င္ေရာက္ခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ စပါးအသင္းကို ဂိုးျပတ္အနိုင္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ အတၱလႏၲာ အသင္းနဲ႔ တဖက္(၂)ဂိုးစီ သေရက်ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ အသင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ ေရာ္နယ္ဒ္ို က “တခါတေလမွာ ရလဒ္တခုတည္းအတြက္ တိုက္ပြဲ၀င္ေနတာမဟုတ္သလို ရလဒ္ သြင္းဂိုးေတြအတြက္လည္း တိုက္ပြဲ၀င္ေနတာမဟုတ္ပါဘူး။ဒါက ကၽြန္ေတာ္တို႔ အေပၚမွာပဲရွိတာပါ။အျခားဘယ္သူ႔ကိုမွ အျပစ္တင္စရာမရွိပါဘူး။ပရိသတ္ေတြရဲ့ေတာက္ေလၽွာက္အားေပးမႈက အံၾသစရာပါပဲ”

“သူတို႔ဟာ ဒီထက္ပိုမ္ိုေကာင္းမြန္တာနဲ႔ပဲ ထိုက္တန္တာပါ။ဒါကို လုပ္ေပးနိုင္ဖို႔ ကၽြန္ေတာ္တို႔ အေပၚမွာမူတည္ပါတယ္။အခုအခ်ိန္က်ၿပီ”လို႔ ဆိုခဲ့တာပါ။ဘ႐ူနိုဖာနန္ဒတ္စ္ ကလည္း အသင္းရဲ့ညံဖ်င္းတဲ့ စြမ္းေဆာင္ရည္ေတြအတြက္ ကစားသမားေတြအေနနဲ႔ တဦးခ်င္းတာ၀န္ယူဖို႔ လိုအပ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဘ႐ူနိုဖာနန္ဒတ္စ္ က “သူဟာ ႀကီးျမတ္တဲ့ သူျဖစ္ၿပီး လူတိုင္းက သူ႔ရဲ့လူသားအစိတ္အပိုင္းကိုသိတယ္လို႔ထင္ပါတယ္။လူေတြအေနနဲ႔ သူတို႔လိုခ်င္တဲ့ရလဒ္ေတြ ထြက္ေပၚမလာတာကို စိတ္ပ်က္တာဟာ ပုံမွန္ပါပဲ”

နည္းၿပ ဆိုးလ္ရွားကို အျပစ္တင္ဖို႔က လြယ္ကူလြန္းပါတယ္။ကၽြန္ေတာ္တို႔ ဟာ ကြင္းထဲသြားတဲ့ အခ်ိန္မွာ ပိုေကာင္းေအာင္လုပ္သင့္တာပါ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီေန႔မွာ မန္ခ်က္စတာဒါဘီပြဲစဥ္အျဖစ္ မန္စီးတီး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။