ဘာစီလိုနာမှာ ဇာဗီ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ ထောက်ခံလိုက်တဲ့ နည်းပြဟောင်း ဂွာဒီယိုလာ

မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က ဇာဗီ ဟာ ဘာစီလိုနာ အသင်းမှာ အလုပ်ကို ကောင်းမွန်စွာ လုပ်နိုင်မှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဒီမနက်က တရား၀င်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဂွာဒီယိုလာ ဘာစီလိုနာ အသင်းကို ကိုင်တွယ်ချိန်ကလည်း ဇာဗီဟာ အသင်းမှာ ကြယ်ပွင့်ကစားသမား အဖြစ်ခြေစွမ်းပြ သနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂွာဒီယိုလာ က “ဇာဗီ အလုပ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်ဆိုတာ ကျွန်တော်သေချာပေါက် ယုံကြည်ပါတယ်။ဇာဗီ အနေနဲ့အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်တော်သံသယလုံး၀မရှိပါဘူး။ပတ်၀န်းကျင်က အလွန်အရေးကြီးတယ်ဆိုတာ သူသိပါတယ်”

“သူဟာ ပွဲအကြောင်းကိုနားလည်ပြီး စိတ်အားထက်သန်မှုလည်းရှိပါတယ်။အခုဆိုရင် သူ့မှာ အတွေ့အကြုံတွေ အများကြီးရှိနေပါပြီ။ဇာဗီ အနေနဲ့ ဘာစီလိုနာ အသင်းနည်းပြဖြစ်လာတဲ့ အတွက် ကျွန်တော် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ဇာဗီ အနေနဲ့ ဘာစီလိုနာ အသင်းကို တဆင့်ပြီးတဆင့်မြှင့်တက်အောင် ပြန်လုပ်နိုင်ဖို့မျှော်လင့်တယ်လို့”လည်း ပြောခဲ့ပါတယ်။

ဇာဗီ ကိုင်တွယ်ခဲ့တဲ့ အယ်လ်ဆတ် နဲ့ဘာစီလိုနာ အသင်းတို့ဟာ ကြီးမားတဲ့ ကွာဟချက်တွေရှိနေတာဖြစ်ပါတယ်။ဂွာဒီယိုလာ လက်အောက်မှာ ကစားခဲ့တုန်းက ဇာဗီ ဟာ ဘာစီလိုနာ အသင်းရဲ့ကွင်းလယ်ကို သူ့ရဲ့နည်းဗျုဟာ ပိုင်းထက်မြတ်မှုနဲ့အတူ နည်းပြဘ၀ကို မျှော်မှန်းထားသလောက်ရှိခဲ့တာဖြစ်ပါတယ်။

ဇာဗီ ဟာ ဘာစီိလိုနာ အသင်းကို (၂)နှစ်ကြာကိုင်တွယ်အပြီးမှာ ဆုဖလား(၇)လုံးရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဇာဗီ ဟာ ဘာစီလိုနာ အသင်းမှာ (၁၇)ရာသီကြာ ပွဲပေါင်း (၇၆၇)ပွဲကစားခဲ့ပြီး အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေကလည်း ဇာဗီ အသင်းကို နည်းပြအဖြစ် ပြန်ရောက်လာလို့ ပျော်ရွှင်နေကြပြီး ဇာဗီ အနေနဲ့ အသင်းကို လမ်းကြောင်းတည့်မတ်အောင် ဆောင်ရွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းနည္းၿပ ဂြာဒီယိုလာ က ဇာဗီ ဟာ ဘာစီလိုနာ အသင္းမွာ အလုပ္ကို ေကာင္းမြန္စြာ လုပ္နိုင္မွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဇာဗီ ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ေၾကာင္း ဒီမနက္က တရား၀င္ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။

ဂြာဒီယိုလာ ဘာစီလိုနာ အသင္းကို ကိုင္တြယ္ခ်ိန္ကလည္း ဇာဗီဟာ အသင္းမွာ ၾကယ္ပြင့္ကစားသမား အျဖစ္ေျခစြမ္းၿပ သနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂြာဒီယိုလာ က “ဇာဗီ အလုပ္ကို ေကာင္းမြန္စြာလုပ္ေဆာင္နိုင္မယ္ဆိုတာ ကၽြန္ေတာ္ေသခ်ာေပါက္ ယုံၾကည္ပါတယ္။ဇာဗီ အေနနဲ႔အလုပ္လုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီဆိုတာ ကၽြန္ေတာ္သံသယလုံး၀မရွိပါဘူး။ပတ္၀န္းက်င္က အလြန္အေရးႀကီးတယ္ဆိုတာ သူသိပါတယ္”

“သူဟာ ပြဲအေၾကာင္းကိုနားလည္ၿပီး စိတ္အားထက္သန္မႈလည္းရွိပါတယ္။အခုဆိုရင္ သူ႔မွာ အေတြ႕အၾကဳံေတြ အမ်ားႀကီးရွိေနပါၿပီ။ဇာဗီ အေနနဲ႔ ဘာစီလိုနာ အသင္းနည္းျပျဖစ္လာတဲ့ အတြက္ ကၽြန္ေတာ္ အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္။ဇာဗီ အေနနဲ႔ ဘာစီလိုနာ အသင္းကို တဆင့္ၿပီးတဆင့္ျမႇင့္တက္ေအာင္ ျပန္လုပ္နိုင္ဖို႔ေမၽွာ္လင့္တယ္လို႔”လည္း ေျပာခဲ့ပါတယ္။

ဇာဗီ ကိုင္တြယ္ခဲ့တဲ့ အယ္လ္ဆတ္ နဲ႔ဘာစီလိုနာ အသင္းတို႔ဟာ ႀကီးမားတဲ့ ကြာဟခ်က္ေတြရွိေနတာျဖစ္ပါတယ္။ဂြာဒီယိုလာ လက္ေအာက္မွာ ကစားခဲ့တုန္းက ဇာဗီ ဟာ ဘာစီလိုနာ အသင္းရဲ့ကြင္းလယ္ကို သူ႔ရဲ့နည္းဗ်ဳဟာ ပိုင္းထက္ျမတ္မႈနဲ႔အတူ နည္းျပဘ၀ကို ေမၽွာ္မွန္းထားသေလာက္ရွိခဲ့တာျဖစ္ပါတယ္။

ဇာဗီ ဟာ ဘာစီိလိုနာ အသင္းကို (၂)ႏွစ္ၾကာကိုင္တြယ္အၿပီးမွာ ဆုဖလား(၇)လုံးရရွိေအာင္ ကိုင္တြယ္နိုင္ခဲ့တာျဖစ္ပါတယ္။ဇာဗီ ဟာ ဘာစီလိုနာ အသင္းမွာ (၁၇)ရာသီၾကာ ပြဲေပါင္း (၇၆၇)ပြဲကစားခဲ့ၿပီး ေအာင္ျမင္မႈအမ်ားအျပားရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာ ပရိသတ္ေတြကလည္း ဇာဗီ အသင္းကို နည္းျပအျဖစ္ ျပန္ေရာက္လာလို႔ ေပ်ာ္ရႊင္ေနၾကၿပီး ဇာဗီ အေနနဲ႔ အသင္းကို လမ္းေၾကာင္းတည့္မတ္ေအာင္ ေဆာင္ရြက္နိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာလည္းျဖစ္ပါတယ္။