မန်စီးတီး ဂိုးပေါက်ထက် ဒီဂီယာရဲ့ဂိုးပေါက်ထဲကို ဂိုးပေါက်ထိရောက်မှုပိုများခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းကတော့ မနေ့က ကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်မှာ ဆိုးရွားတဲ့ ခြေစွမ်းတွေနဲ့ အတူ အိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြိုင်ဘက် ဂိုးသမား အီဒါဆန် ရဲ့ဂိုးပေါက်ထက် အသင်းဂိုးသမား ဒီဂီယာ ရဲ့ဂိုးပေါက်ထဲကို ဂိုးပေါက်ထိရောက်မှုပိုမိုများပြားခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ရဲ့ကန်ချက်(၁)ကြိမ်တည်းသာ အီဒါဆန်ရဲ့ဂိုးပေါက်ကို ထိထိရောက်ရောက်နဲ့ ခြိမ်းခြောက်နိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့နောက်ခံလူတွေကတော့ အသင်းဂိုးသမား ဒီဂီယာရဲ့ဂိုးပေါက်ထဲကို ဂိုးပေါက်ထိရောက်မှု(၂)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပွဲချိန်(၇)မိနစ်တည်းက ဘိုင်းလီ က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ခံလူ လင်ဒီလော့ဖ် ရဲ့ဖျက်ထုတ်မှုကလည်း နောက်ထပ်ကိုယ်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပါသေးတယ်။ဒါကို ဒီဂီယာ က အကောင်းဆုံး ကာကွယ်နိုင်ခဲ့လို့ မန်ချက်စတာယူနိုက်တက် အသင်း နောက်ထပ်ဂိုးပေးရမယ့် အခြေအနေက လွတ်မြောက်ခဲ့တာပါ။

ဒါပေမယ့် ပထမအပိုင်းပြီးခါနီးမှာ ဘာနာဒိုဆေးလ်ဗား ရဲ့သွင်းဂိုးကိုတော့ ဒီဂီယာ မကာကွယ်နိုင်ခဲ့ပဲ ဂိုးအဖြစ်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်မှာ ဒီဂီယာ ဟာ မန်စီးတီး အသင်းရဲ့အပိုင်ကန်ချက်အများအပြားကို ကာကွယ်နိုင်ခဲ့လို့သာ လီဗာပူးလ်နဲ့ ပွဲကလို ဂိုးအများကြီး ပြတ်ပြီး အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မန်စီးတီး နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဂိုးပေါက်ထိရောက်မှု(၁)ကြိမ်နဲ့ ဘောလုံးပိုင်ဆိုင်မှု(၃၂)ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။ဒီပွဲအရှုံးကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ထိပ်ဆုံးက ချယ်လ်ဆီး အသင်းနဲ့ (၉)မှတ်အထိ ကွာဟသွားပြီလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှား လက်အောက် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေမှာ ရှုံးပွဲ(၂၁)ရာခိုင်နှုန်းအထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ မေန႔က ကစားခဲ့တဲ့ မန္စီးတီး အသင္းနဲ႔ မန္ခ်က္စတာဒါဘီ ပြဲစဥ္မွာ ဆိုးရြားတဲ့ ေျခစြမ္းေတြနဲ႔ အတူ အိမ္ကြင္း ပရိသတ္ေရွ႕ေမွာက္မွာ (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပိဳင္ဘက္ ဂိုးသမား အီဒါဆန္ ရဲ့ဂိုးေပါက္ထက္ အသင္းဂိုးသမား ဒီဂီယာ ရဲ့ဂိုးေပါက္ထဲကို ဂိုးေပါက္ထိေရာက္မႈပိုမိုမ်ားျပားခဲ့တာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ဒီပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေရာ္နယ္ဒို ရဲ့ကန္ခ်က္(၁)ႀကိမ္တည္းသာ အီဒါဆန္ရဲ့ဂိုးေပါက္ကို ထိထိေရာက္ေရာက္နဲ႔ ၿခိမ္းေျခာက္နိုင္ခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ေနာက္ခံလူေတြကေတာ့ အသင္းဂိုးသမား ဒီဂီယာရဲ့ဂိုးေပါက္ထဲကို ဂိုးေပါက္ထိေရာက္မႈ(၂)ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒီပြဲစဥ္ရဲ့ပြဲခ်ိန္(၇)မိနစ္တည္းက ဘိုင္းလီ က ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာက္ခံလူ လင္ဒီေလာ့ဖ္ ရဲ့ဖ်က္ထုတ္မႈကလည္း ေနာက္ထပ္ကိုယ္ဂိုးကိုယ္သြင္းယူတဲ့ ဂိုးျဖစ္ဖို႔ နီးစပ္ခဲ့ပါေသးတယ္။ဒါကို ဒီဂီယာ က အေကာင္းဆုံး ကာကြယ္နိုင္ခဲ့လို႔ မန္ခ်က္စတာယူနိုက္တက္ အသင္း ေနာက္ထပ္ဂိုးေပးရမယ့္ အေျခအေနက လြတ္ေျမာက္ခဲ့တာပါ။

ဒါေပမယ့္ ပထမအပိုင္းၿပီးခါနီးမွာ ဘာနာဒိုေဆးလ္ဗား ရဲ့သြင္းဂိုးကိုေတာ့ ဒီဂီယာ မကာကြယ္နိုင္ခဲ့ပဲ ဂိုးအျဖစ္ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ဒီပြဲစဥ္မွာ ဒီဂီယာ ဟာ မန္စီးတီး အသင္းရဲ့အပိုင္ကန္ခ်က္အမ်ားအျပားကို ကာကြယ္နိုင္ခဲ့လို႔သာ လီဗာပူးလ္နဲ႔ ပြဲကလို ဂိုးအမ်ားႀကီး ျပတ္ၿပီး အေရးမနိမ့္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ မန္စီးတီး နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ဂိုးေပါက္ထိေရာက္မႈ(၁)ႀကိမ္နဲ႔ ေဘာလုံးပိုင္ဆိုင္မႈ(၃၂)ရာခိုင္ႏႈန္းသာ ရွိခဲ့တာပါ။ဒီပြဲအရႈံးေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ထိပ္ဆုံးက ခ်ယ္လ္ဆီး အသင္းနဲ႔ (၉)မွတ္အထိ ကြာဟသြားၿပီလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နည္းၿပ ဆိုးလ္ရွား လက္ေအာက္ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္ေတြမွာ ရႈံးပြဲ(၂၁)ရာခိုင္ႏႈန္းအထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။