ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ကို တော်တော်လေးဒေါသပေါက်ကွဲနေတဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက် အသင်း ဂိုးသမား ဒီဂီယာ ဟာ မန်စီးတီး အသင်းနဲ့ ကစားခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို ဒေါသပေါက်ကွဲနေခဲ့တာကို ရုပ်သံတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီဂီယာ ဟာ ဒီပွဲမှာ မန်စီးတီး အသင်းရဲ့ အပိုင်ကန်သွင်းခွင့်တွေကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ခံလူ ဘိုင်းလီ ရဲ့ကိုယ်ဂိုးကိုယ်သွင်းယူမှု၊ဘာနာဒိုဆေးလ်ဗား တို့ရဲ့သွင်းဂိုးတွေကြောင့် မန်စီးတီး အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီဂီယာ ဟာ ဒီပွဲရဲ့ပထမပိုင်းအပြီး ဥမင်ထဲဝင်တဲ့ လမ်းမှာ ဒေါသပေါက်ကွဲပြီး ဝင်ပေါက်ကို ထိုးနေခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ကစားပုံဟာ အလွန်ဆိုးရွားနေသလို အသင်းရဲ့စွမ်းဆောင်မှုတွေဟာ ကောင်းမွန်မှုမရှိတဲ့ အပေါ် ဒီဂီယာ ပေါက်ကွဲနေတာလည်းဖြစ်နိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ခံစစ်ပိုင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စပါး အသင်းနဲ့ ပွဲစဉ်ကလွဲပြီး ပွဲတိုင်းလိုလို ဂိုးတွေခွင့်ပြုနေရတာဖြစ်ပါတယ်။စပါး နဲ့ ပွဲမှာ ဗာရန်းပါဝင်ခဲ့လို့ အသင်းရဲ့ခံစစ်ပိုင်းက အနည်းငယ် တည်ငြိမ်ခဲ့တာဖြစ်ပေမယ့် သူမပါဝင်တဲ့ ပွဲတွေမှာ ခံစစ်ပိုင်းဟာ တော်တော်လေးကို ဆိုးရွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်(၂)ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ ပွဲမှာ ခံစစ်က (၇)ဂိုးအထိ ပေးခဲ့ရပြီး တိုက်စစ် က (၁)ဂိုးမှ ရယူနိုင်ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ဒီဂီယာ ကတော့ ဒီပွဲအပြီးမှာ အလွန်နာကျင်ရတယ်ဆိုပြီး စိတ်ပျက်နေတဲ့ ပုံကို သူ့ရဲ့တွစ်တာမှာ တင်ထားခဲ့တာပါ။ဒီဂီယာ ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအ‌တွက် လက်စွမ်းပြကာကွယ်နေပေမယ့် အသင်းရဲ့ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် သွင်းဂိုးတွေ အများအပြား ခွင့်ပြုပေးနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရလဒ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ချယ်လ်ဆီး အသင်းနဲ့ (၉)မှတ်အကွာ အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ငံတကာပွဲတွေအပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်ဖိုဒ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ဂိုးသမား ဒီဂီယာ ဟာ မန္စီးတီး အသင္းနဲ႔ ကစားခဲ့တဲ့ အသင္းရဲ့စြမ္းေဆာင္ရည္ကို ေဒါသေပါက္ကြဲေနခဲ့တာကို ႐ုပ္သံေတြက အမိအရ ရိုက္ကူးနိုင္ခဲ့ပါတယ္။

ဒီဂီယာ ဟာ ဒီပြဲမွာ မန္စီးတီး အသင္းရဲ့ အပိုင္ကန္သြင္းခြင့္ေတြကို အေကာင္းဆုံး ကာကြယ္နိုင္ခဲ့ေပမယ့္ ေနာက္ခံလူ ဘိုင္းလီ ရဲ့ကိုယ္ဂိုးကိုယ္သြင္းယူမႈ၊ဘာနာဒိုေဆးလ္ဗား တို႔ရဲ့သြင္းဂိုးေတြေၾကာင့္ မန္စီးတီး အသင္းကို (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒီဂီယာ ဟာ ဒီပြဲရဲ့ပထမပိုင္းအၿပီး ဥမင္ထဲဝင္တဲ့ လမ္းမွာ ေဒါသေပါက္ကြဲၿပီး ဝင္ေပါက္ကို ထိုးေနခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ကစားပုံဟာ အလြန္ဆိုးရြားေနသလို အသင္းရဲ့စြမ္းေဆာင္မႈေတြဟာ ေကာင္းမြန္မႈမရွိတဲ့ အေပၚ ဒီဂီယာ ေပါက္ကြဲေနတာလည္းျဖစ္နိုင္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ခံစစ္ပိုင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ စပါး အသင္းနဲ႔ ပြဲစဥ္ကလြဲၿပီး ပြဲတိုင္းလိုလို ဂိုးေတြခြင့္ျပဳေနရတာျဖစ္ပါတယ္။စပါး နဲ႔ ပြဲမွာ ဗာရန္းပါဝင္ခဲ့လို႔ အသင္းရဲ့ခံစစ္ပိုင္းက အနည္းငယ္ တည္ၿငိမ္ခဲ့တာျဖစ္ေပမယ့္ သူမပါဝင္တဲ့ ပြဲေတြမွာ ခံစစ္ပိုင္းဟာ ေတာ္ေတာ္ေလးကို ဆိုးရြားခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲစဥ္(၂)ပြဲျဖစ္တဲ့ လီဗာပူးလ္နဲ႔ မန္စီးတီး အသင္းတို႔ ပြဲမွာ ခံစစ္က (၇)ဂိုးအထိ ေပးခဲ့ရၿပီး တိုက္စစ္ က (၁)ဂိုးမွ ရယူနိုင္ျခင္းမရွိတာလည္းျဖစ္ပါတယ္။

ဒီဂီယာ ကေတာ့ ဒီပြဲအၿပီးမွာ အလြန္နာက်င္ရတယ္ဆိုၿပီး စိတ္ပ်က္ေနတဲ့ ပုံကို သူ႔ရဲ့တြစ္တာမွာ တင္ထားခဲ့တာပါ။ဒီဂီယာ ဟာ ဒီရာသီမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအ‌တြက္ လက္စြမ္းျပကာကြယ္ေနေပမယ့္ အသင္းရဲ့ခံစစ္ပိုင္း အမွားအယြင္းေတြေၾကာင့္ သြင္းဂိုးေတြ အမ်ားအျပား ခြင့္ျပဳေပးေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ့ထိပ္ဆုံးေနရာမွာ ရပ္တည္ေနတဲ့ ခ်ယ္လ္ဆီး အသင္းနဲ႔ (၉)မွတ္အကြာ အဆင့္(၅)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နိုင္ငံတကာပြဲေတြအၿပီးမွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဝက္ဖိုဒ့္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။