ဆိုးလ်ရှား က ယူနိုက်တက်အတွက် မှန်ကန်တဲ့နည်းပြမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန် က အသင်းဟာ အတွေ့အကြုံအများအပြားရှိတဲ့ နည်းပြကင်းမဲ့နေတယ်လို့ ပြောလိုက်ပါတယ်။ဒါဟာ ဆိုးလ်ရှား အနေနဲ့ ယူနိုက်တက် ရှေ့ဆက်သွားဖို့ အတွက် မှန်ကန်တဲ့နည်းပြမဟုတ်ဘူးဆိုတာကို ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး-ဂိုးမရှိနဲ့ စိတ်ပျက်ဖွယ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမတိုင်ခင်ကလည်း အိမ်ကွင်းမှာ လီဗာပူးလ် အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် အိုးထရက်ဖိုဒ့်မှာ ပရီးမီးယားလိဂ်(၂)ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ဒီိလိုရလဒ်ဆိုးတွေကြောင့် မန်ချက်စတာယူနိုက်တက် အသင်းကနေ ထုတ်ပယ်ခံရဖို့ ဖိအားတွေ ပိုတိုးလာခဲ့တာပါ။ရီယိုဖာဒီနန် က ကလပ်အသင်းရဲ့လက်ရှိအခြေအနေအရ အသင်းရဲ့အ၀တ်လဲခန်းမှာ အတွေ့အကြုံရင့် နည်းပြမရှိဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။ဖာဒီနန် က လက်ထောက်နည်းပြဖြစ်တဲ့ မိုက်ဖီလန် ရဲ့အရည်အသွေးကို သိပေမယ့် လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးလို့ ထောက်ပြခဲ့တာပါ။

ဖာဒီနန် က “အ၀တ်လဲခန်းမှာ အသင်းအတွက် လိုအပ်နေတဲ့ အရာက အတွေ့အကြုံရှိတဲ့ နည်းပြပါပဲ။ဒီမှာရှိတဲ့ နည်းပြတွေက ကောင်းပါတယ်။ဒါပေမယ့် အသက်အရွယ်က ငယ်နေသေးတာကြောင့် အတွေ့အကြုံမရှိကြပါဘူး။မိုက်ဖီလန်ရဲ့အဓိက အလုပ်က နေ့စဉ်လေ့ကျင့်ရတာမဟုတ်ပါဘူး။သူဟာ ကျွန်တော်တို့ ကို အကြိမ်အရေအတွက်အနည်းငယ်လောက်ပဲနည်းပြပေးခဲ့တာပါ”

သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေရှိပါတယ်။ဆာအဲလက်စ် က မိုက်ဖီလန် ကို အမြဲတမ်းချန်ပီယံဖြစ်စေခဲ့ပါတယ်။သူဟာ အလွန်ကောင်းမွန်တဲ့ အသံထွက်တဲ့ ဘုတ်အဖွဲ့ ပါ”လို့ The Athletic နဲ့အင်တာဗျုးမှာ ပြောခဲ့ပါတယ်။ဖာဒီနန် ဟာ ဆိုးလ်ရှားနဲ့ဆက်ဆံရေးကောင်းတွေရှိပေမယ့် နော်ဝေးလူမျိုးနည်းပြဟာ အသင်းအတွက် မှန်ကန်တဲ့ နည်းပြမဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

ဖာဒီနန် က “အိုလီကို တွေ့ရင် ပွေ့ဖက်လိုက်ပါမယ် ဒါပေမယ့် မတွေ့သေးပါဘူး။ကျွန်တော်နဲ့ အိုလီ က အမြဲတမ်းကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ကျွန်တော်ပြောတဲ့အရာအချို့ကို သူကြိုက်မှာမဟုတ်ပေမယ့် ဒါက ကျွန်တော့်အလုပ်ပဲဆိုတာသူသိပါတယ်။ပြီးတော့ ကျွန်တော်က ရန်လိုတဲ့သူမဟုတ်ဘူးဆိုတာကိုလည်း သူသိပါတယ်။မီးမောင်းထိုးပြတဲ့ အချိန်မှာ အနည်းငယ်ပေါက်ထွက်တာ ဒါမှမဟုတ် ပူလာတက်တယ်ဆိုတာ ကို နားလည်ပါတယ်”

“ဒါပေမယ့် ရီယို က သူမြင်တာကိုပဲ ပြောနေတယ်ဆိုတာကို ချမ်းအေးတဲ့ နေ့ရဲ့အလင်းရောင်မှာ သူပြောပါစေလို့ မျှော်လင့်ကြောင်း”ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၆)ပွဲမှာ (၄)ပွဲအထိ ရှံးနိမ့်ထားတာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္ က အသင္းဟာ အေတြ႕အၾကဳံအမ်ားအျပားရွိတဲ့ နည္းျပကင္းမဲ့ေနတယ္လို႔ ေျပာလိုက္ပါတယ္။ဒါဟာ ဆိုးလ္ရွား အေနနဲ႔ ယူနိုက္တက္ ေရွ႕ဆက္သြားဖို႔ အတြက္ မွန္ကန္တဲ့နည္းျပမဟုတ္ဘူးဆိုတာကို ရည္ရြယ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းကို အိမ္ကြင္းမွာ (၂)ဂိုး-ဂိုးမရွိနဲ႔ စိတ္ပ်က္ဖြယ္အေရးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမတိုင္ခင္ကလည္း အိမ္ကြင္းမွာ လီဗာပူးလ္ အသင္းကို ဂိုးျပတ္အေရးနိမ့္ခဲ့တာေၾကာင့္ အိုးထရက္ဖိုဒ့္မွာ ပရီးမီးယားလိဂ္(၂)ပြဲဆက္ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာ ဒီိလိုရလဒ္ဆိုးေတြေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းကေန ထုတ္ပယ္ခံရဖို႔ ဖိအားေတြ ပိုတိုးလာခဲ့တာပါ။ရီယိုဖာဒီနန္ က ကလပ္အသင္းရဲ့လက္ရွိအေျခအေနအရ အသင္းရဲ့အ၀တ္လဲခန္းမွာ အေတြ႕အၾကဳံရင့္ နည္းျပမရွိဘူးလို႔ ေျပာခဲ့တာျဖစ္ပါတယ္။ဖာဒီနန္ က လက္ေထာက္နည္းျပျဖစ္တဲ့ မိုက္ဖီလန္ ရဲ့အရည္အေသြးကို သိေပမယ့္ လုံေလာက္တဲ့ အေတြ႕အၾကဳံမရွိဘူးလို႔ ေထာက္ျပခဲ့တာပါ။

ဖာဒီနန္ က “အ၀တ္လဲခန္းမွာ အသင္းအတြက္ လိုအပ္ေနတဲ့ အရာက အေတြ႕အၾကဳံရွိတဲ့ နည္းျပပါပဲ။ဒီမွာရွိတဲ့ နည္းျပေတြက ေကာင္းပါတယ္။ဒါေပမယ့္ အသက္အရြယ္က ငယ္ေနေသးတာေၾကာင့္ အေတြ႕အၾကဳံမရွိၾကပါဘူး။မိုက္ဖီလန္ရဲ့အဓိက အလုပ္က ေန႔စဥ္ေလ့က်င့္ရတာမဟုတ္ပါဘူး။သူဟာ ကၽြန္ေတာ္တို႔ ကို အႀကိမ္အေရအတြက္အနည္းငယ္ေလာက္ပဲနည္းျပေပးခဲ့တာပါ”

သူ႔မွာ ထူးျခားတဲ့ အရည္အေသြးေတြရွိပါတယ္။ဆာအဲလက္စ္ က မိုက္ဖီလန္ ကို အျမဲတမ္းခ်န္ပီယံျဖစ္ေစခဲ့ပါတယ္။သူဟာ အလြန္ေကာင္းမြန္တဲ့ အသံထြက္တဲ့ ဘုတ္အဖြဲ႕ ပါ”လို႔ The Athletic နဲ႔အင္တာဗ်ဳးမွာ ေျပာခဲ့ပါတယ္။ဖာဒီနန္ ဟာ ဆိုးလ္ရွားနဲ႔ဆက္ဆံေရးေကာင္းေတြရွိေပမယ့္ ေနာ္ေဝးလူမ်ိဳးနည္းျပဟာ အသင္းအတြက္ မွန္ကန္တဲ့ နည္းျပမဟုတ္ဘူးလို႔လည္း ေျပာခဲ့ပါေသးတယ္။

ဖာဒီနန္ က “အိုလီကို ေတြ႕ရင္ ေပြ႕ဖက္လိုက္ပါမယ္ ဒါေပမယ့္ မေတြ႕ေသးပါဘူး။ကၽြန္ေတာ္နဲ႔ အိုလီ က အျမဲတမ္းေကာင္းမြန္တဲ့ဆက္ဆံေရးေတြရွိပါတယ္။ကၽြန္ေတာ္ေျပာတဲ့အရာအခ်ိဳ႕ကို သူႀကိဳက္မွာမဟုတ္ေပမယ့္ ဒါက ကၽြန္ေတာ့္အလုပ္ပဲဆိုတာသူသိပါတယ္။ၿပီးေတာ့ ကၽြန္ေတာ္က ရန္လိုတဲ့သူမဟုတ္ဘူးဆိုတာကိုလည္း သူသိပါတယ္။မီးေမာင္းထိုးျပတဲ့ အခ်ိန္မွာ အနည္းငယ္ေပါက္ထြက္တာ ဒါမွမဟုတ္ ပူလာတက္တယ္ဆိုတာ ကို နားလည္ပါတယ္”

“ဒါေပမယ့္ ရီယို က သူျမင္တာကိုပဲ ေျပာေနတယ္ဆိုတာကို ခ်မ္းေအးတဲ့ ေန႔ရဲ့အလင္းေရာင္မွာ သူေျပာပါေစလို႔ ေမၽွာ္လင့္ေၾကာင္း”ေျပာခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၆)ပြဲမွာ (၄)ပြဲအထိ ရွံးနိမ့္ထားတာလည္းျဖစ္ပါတယ္။