လာမယ့်ရာသီ ချန်ပီယံလိဂ်ကစားမယ်လို့ လီဗာပူးလ်ကို အနိုင်ရအပြီး ပြောလိုက်တဲ့ ဒေးဗစ်မိုယက်စ်

၀က်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ် ဟာ လီဗာပူးလ် အသင်းကို အနိုင်ရပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်ဖြစ်တဲ့ အဆင့်(၄)အတွင်း ၀င်ရောက်ခွင့်ရဖို့ ပစ်မှတ်ထားတယ်လို့ ပြောလိုက်ပါတယ်။၀က်စ်ဟမ်း အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၀က်စ်ဟမ်းအတွက် ဂိုးတွေကို ပါဘလိုဖော်နယ်လ်၊ဇူးမားနဲ့ လီဗာပူးလ် ဂိုးသမား အလီဆွန် တို့က ကိုယ်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ် အတွက် ချေပဂိုးတွေကို အာနိုးလ်နဲ့ အိုရီဂီ တို့က သွင်းယူခဲ့တာပါ။

၀က်စ်ဟမ်းအသင်းဟာ ဒီနိုင်ပွဲကြောင့် လီဗာပူးလ် အသင်းရဲ့အထက်အဆင့်(၃)နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အဆင့်(၂)နေရာက မန်စီးတီးနဲ့ ရမှတ်တူသွားခဲ့တာလည်းဖြစ်ပါတယ်။၀က်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် ကတော့ လီဗာပူးလ် အသင်းကို ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်ရှံးပွဲကြုံတွေ့စေခဲ့ပြီးနောက် သူတို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မှာမဟုတ်ပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ ကို ပစ်မှတ်ထားတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဒေးဗစ်မိုယက်စ် ကို ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မလားဆိုပြီး မေးမြန်းခဲ့ရာမှာ “ကျွန်တောကတော့ ကျွန်တော်လုပ်နိုင်တာကိုပဲ ပြောချင်ပါတယ်။လောလောဆယ်တော့ အသင်းမှာ အဲ့လိုအခြေအနေမျိုးမတွေ့သေးပါဘူး။ကျွန်တော်တို့ က ထိပ်ဆုံး(၄)သင်းအတွက် စိန်ခေါ်နိုင်ပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပါ ဒီလိုအခွင့်အရေးပေးမလားဆိုတာ စောင့်ကြည့်ရပါမယ်”

“ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်၀င်ခွင့်နဲ့(၂)မှတ်ကွာဟပြီး လွဲချော်ခဲ့တာကြောင့် ဘာလို့ အဲဒီနေရာကို မရောက်နိုင်ရမှာလဲ။အခုအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာရှိနေပါတယ်”

“ကျွန်တော်ဟာ အဲဗာတန်မှာလိုပဲ တူညီတဲ့ မန်နေဂျာတယောက်လို့ထင်မြင်မိပြီး ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ ကိုယ့်ကိုကိုယ်ပဲ အားထုတ်ရမှာပါ။ကျွန်တော်တို့ အားလုံးတိုးတက်အောင် ဆက်ကြိုးစားနေရမှာပါ။အကောင်းဆုံးအချိန်တွေ လာဖို့ ရှိသေးတယ်လို့လည်း မျှော်လင့်ပြီး ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

၀က်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်မှာလည်း နောက်တဆင့်တက်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း (၄)ပွဲဆက်တိုက် အနိုင်ရကာ ပုံစံကောင်းတွေရရှိနေတာဖြစ်ပါတယ်။

Zawgyi

၀က္စ္ဟမ္းအသင္းနည္းၿပ ေဒးဗစ္မိုယက္စ္ ဟာ လီဗာပူးလ္ အသင္းကို အနိုင္ရၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ျဖစ္တဲ့ အဆင့္(၄)အတြင္း ၀င္ေရာက္ခြင့္ရဖို႔ ပစ္မွတ္ထားတယ္လို႔ ေျပာလိုက္ပါတယ္။၀က္စ္ဟမ္း အသင္းဟာ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လီဗာပူးလ္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

၀က္စ္ဟမ္းအတြက္ ဂိုးေတြကို ပါဘလိုေဖာ္နယ္လ္၊ဇူးမားနဲ႔ လီဗာပူးလ္ ဂိုးသမား အလီဆြန္ တို႔က ကိုယ္ဂိုးကိုယ္သြင္းယူခဲ့တာျဖစ္ၿပီး လီဗာပူးလ္ အတြက္ ေခ်ပဂိုးေတြကို အာနိုးလ္နဲ႔ အိုရီဂီ တို႔က သြင္းယူခဲ့တာပါ။

၀က္စ္ဟမ္းအသင္းဟာ ဒီနိုင္ပြဲေၾကာင့္ လီဗာပူးလ္ အသင္းရဲ့အထက္အဆင့္(၃)ေနရာကို တက္လွမ္းနိုင္ခဲ့ၿပီး အဆင့္(၂)ေနရာက မန္စီးတီးနဲ႔ ရမွတ္တူသြားခဲ့တာလည္းျဖစ္ပါတယ္။
၀က္စ္ဟမ္းနည္းၿပ ေဒးဗစ္မိုယက္စ္ ကေတာ့ လီဗာပူးလ္ အသင္းကို ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ္ရွံးပြဲၾကဳံေတြ႕ေစခဲ့ၿပီးေနာက္ သူတို႔အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚမွာမဟုတ္ေပမယ့္ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ကို ပစ္မွတ္ထားတယ္လို႔ ပြဲအၿပီးမွာ ေျပာခဲ့တာပါ။

ေဒးဗစ္မိုယက္စ္ ကို ခ်န္ပီယံဆုအတြက္ စိန္ေခၚနိုင္မလားဆိုၿပီး ေမးျမန္းခဲ့ရာမွာ “ကၽြန္ေတာကေတာ့ ကၽြန္ေတာ္လုပ္နိုင္တာကိုပဲ ေျပာခ်င္ပါတယ္။ေလာေလာဆယ္ေတာ့ အသင္းမွာ အဲ့လိုအေျခအေနမ်ိဳးမေတြ႕ေသးပါဘူး။ကၽြန္ေတာ္တို႔ က ထိပ္ဆုံး(၄)သင္းအတြက္ စိန္ေခၚနိုင္ေပမယ့္ ဘယ္သူပဲျဖစ္ျဖစ္ပါ ဒီလိုအခြင့္အေရးေပးမလားဆိုတာ ေစာင့္ၾကည့္ရပါမယ္”

“ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔(၂)မွတ္ကြာဟၿပီး လြဲေခ်ာ္ခဲ့တာေၾကာင့္ ဘာလို႔ အဲဒီေနရာကို မေရာက္နိုင္ရမွာလဲ။အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ အေကာင္းဆုံးပုံစံမွာရွိေနပါတယ္”

“ကၽြန္ေတာ္ဟာ အဲဗာတန္မွာလိုပဲ တူညီတဲ့ မန္ေနဂ်ာတေယာက္လို႔ထင္ျမင္မိၿပီး ပိုေကာင္းေအာင္ဘယ္လိုလုပ္ရမလဲဆိုရင္ေတာ့ ကိုယ့္ကိုကိုယ္ပဲ အားထုတ္ရမွာပါ။ကၽြန္ေတာ္တို႔ အားလုံးတိုးတက္ေအာင္ ဆက္ႀကိဳးစားေနရမွာပါ။အေကာင္းဆုံးအခ်ိန္ေတြ လာဖို႔ ရွိေသးတယ္လို႔လည္း ေမၽွာ္လင့္ၿပီး ယုံၾကည္မႈရွိပါတယ္”လို႔ ေျပာခဲ့ပါတယ္။

၀က္စ္ဟမ္း အသင္းဟာ ယူရိုပါလိဂ္မွာလည္း ေနာက္တဆင့္တက္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္မွာလည္း (၄)ပြဲဆက္တိုက္ အနိုင္ရကာ ပုံစံေကာင္းေတြရရွိေနတာျဖစ္ပါတယ္။